Friday 17 May 2013

ဆိုဒ်ပြောင်းရွေ့ခြင်း HTTP://TECHINBLOGGING.BLOGSPOT.COM သို့ပြောင်းလိုက်ပြီ

ဒီဆိုဒ်ကိုဆက်မရေးဖြစ်တော့ပါ။ လာလည်တာအထူးကျေးဇူးတင်ပါတယ်။  HTTP://TECHINBLOGGING.BLOGSPOT.COM ကိုပြောင်းလဲလိုက်ပြီလို့ကြော်ငြာအပ်ပါတယ်။ ခုလို လာဖတ်ပေးတာ အားလုံးအထူးကျေးဇူးတင်ပါတယ်။

Saturday 6 April 2013

Gmail စာတစ်ခုကို အချိန်နဲ့သတ်မှတ်ပြီးပို့စေလိုလျှင်

မင်္ဂလာပါ။ ကျွန်တော်အခု Gmail လှည့်ကွက်နဲ့ပတ်သတ်တဲ့ ခေါင်းစဉ်တစ်ခုတင်ပါမယ်။ ဥပမာ - သင့်သူငယ်ချင်းမနက်ဖြန်မွေးနေ့ကို Gmail နဲ့ မနက်အတိအကျပို့ချင်တယ် ဒါပေမယ့် သင်က မအားဘူးဆိုရင် အချိန်အလိုအလျောက်ပို့ပေးမှာပါ။


http://pyae-phyo.blogspot.com
ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။
သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။



Install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။



http://pyae-phyo.blogspot.com

အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း Send Later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။

ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ်
Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။
တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။
Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။


အဆင်ပြေပါစေ။ သူက ကန့်သတ်ချက်ရှိလို့ သတိထားသုံးစေလိုပါတယ်။ လေးစားစွာဖြင့်,YGNBlogger

Nokia N97 နှင့် iPhone 3G ကွာဟချက်

မင်္ဂလာပါ။ ကျွန်တော်အခု လတ်လတ်ဆတ်ဆတ်ရှိတဲ့ပိုစ့်တစ်ခုတင်လိုက်ပါ့မယ်။ Technological Villa ကိုလာရောက် အားပေးသော စာဖတ်ပရိသတ်အတွက် နှိုင်းစရာ ဟန်းဆက်နှစ်လုံးကို နှိုင်းပြပါမယ်။ Nokia N97 နဲ့ iPhone 3G ပါ။ ဖတ်ကြည့်ပါအုံး။ ကဲ။ အကယ်လို့ သင်ဟာ iPhone 3G နဲ့ Nokia တစ်လုံးလေး ကောက်လာရတယ်ဆိုပါတော့.... သင်အဲ့ဒါကို ဘာကွာလဲကြည့်ရအောင်...။
http://pyae-phyo.blogspot.com
Nokia N97 က Nokia ကုမ္ပဏီထုတ်ဖြစ်ပြီး iPhone 3G မှာ Apple ကုမ္ပဏီထုတ်ဖြစ်ပါတယ်။ Nokia N97 နဲ့ iPhone 3G ဆိုရင် iPhone 3G ကပိုမိုကောင်းမွန်ပြီး မြန်ဆန်လှပါတယ်။ Nokia N97 က 360 အကျယ်ရှိပြီး အရှည်မှာတော့ 640 ရှိပါတယ်။ iPhone 3G မှာတော့ 320 အကျယ်ရှိပြီး 480 pixel လောက်ရှည်ပါတယ်။ Nokia N97 ကီးဘုတ်ကတော့ QWERTY ကီးဘုတ်အမျိုးအစားဖြစ်ပြီး touch screen ပါ။ QWERTY ကီးဘုတ်ဟာ စာရိုက်ရသူအလွန်ခက်ခဲပါတယ်။ Huawei Android ဖုန်းမှာလည်း အဲ့ဒီ ကီးဘုတ်ရှိပါတယ်။ iPhone 3G လည်း touch screen နဲ့ စာရိုက်ရတာပါပဲ။

တစ်ခုထူးခြားတာကတော့ Nokia N97 က stand by ဆိုရင် 430 နာရီခံနိုင်ပါတယ်။ သို့သော် iPhone 3G မှာ 300 နာရီပဲခံသာပါတယ်ဗျာ။ talk time ဆိုရင်တော့ iPhone 3G လေးကပိုမိုခံသာပါတယ်။ talk time မှာ ၆.၆၆ နာရီလောက်ခံသာက Nokia N97 ဖြစ်ပြီး ၊ ၁၀နာရီလောက်ခံသာက iPhone 3G လေးဖြစ်နေပါတယ်။

iPhone 3G ရဲ့ Processor Speed က 624 MHz ဖြစ်ပြီး Nokia N97 မှာ 434 MHz ဖြစ်နေပါတယ်။ Nokia N97 ကိုမှာ ထူးခြားတာက External Memory မှာ SD Card လေးဆိုတာ ပါလာပါလိမ့်မယ်။ iPhone 3G မှာတော့ လုံးဝမပါဘူး။ Nokia N97 ရဲ့ camera resolution မှာလည်း 5 Megapix ဖြစ်ပြီး၊ iPhone 3G မှာ 2 Megapix ဖြစ်ပါတယ်။

iPhone 3G မှာ ဘာ flash မှမရှိပါဘူး။ Nokia N97 မှာတော့ Dual Led ဆိုတဲ့ flash light ပါတယ်ဗျ။ Nokia N97 မှာ Video ရိုက်ကူးလို့ရပါတယ်။ iPhone 3G မှာတော့ ငုတ်တုတ်လေးပါပဲ အမှန်တော့ video ရိုက်လို့မရပါဘူး။ 

Nokia N97 ရဲ့ဘက်ထရီအားက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက 1500 mAhဖြစ်ပါတယ်။ iPhone 3G မှာတော့ 1400 mAh ပဲရှိပါတယ်။ Nokia N97 က နာမည်ကြီး system Symbian v9.4 ကိုယူထားတာဖြစ်ပြီး iPhone 3G ကတော့ iOS ပါ။ iPhone မှာတော့ platform မရှိပါဘူး။ Nokia N97 ရဲ့ platform ကတော့ Series 60 5th Edition ဖြစ်ပါတယ်။

Nokia N97 နဲ့လိုင်းအမိကောင်းတဲ့ ဖုန်းလိုင်းတွေကတော့
  • HSDPA 1900
  • HSDPA 2100
  • HSDPA 900
  • GSM 1800
  • GSM 1900
  • GSM 850
  • GSM 900
တွေဖြစ်ပါတယ်။

iPhone 3G နဲ့လိုင်းအမိကောင်းတဲ့ ဖုန်းလိုင်းတွေကတော့
  • HSDPA 1900
  • HSDPA 2100
  • HSDPA 850
  • GSM 1800
  • GSM 1900
  • GSM 850
  • GSM 900

Nokia N97 ရဲ့ Edgeက ကတော့ Class 32 ဖြစ်ပြီး iPhone 3G က Class 10 ဖြစ်ပါတယ်။ Nokia N97 မှာ Radio/FM ပါတယ်။ သူတို့တော့ microphone ရှိမှသာ ဖွင့်လို့ရမှာဖြစ်ပါတယ်။ iPhone 3G မှာတော့ အဲ့ဒီ function တွေမပါဘူး။ Nokia N97 မှာ HSCSD နဲ့ PTT ပါပါတယ်။ iPhone 3G မှာတော့ မပါပါဘူး။  Nokia N97 ရဲ့ အလေးအချိန်ကတော့ ၁၅၀ ဂရမ်ရှိပြီး iPhone 3G က 133 ဂရမ်ရှိပါတယ်။


မတူတာလေးတွေပဲရှင်းပြတာပါ။ ကျွန်တော်အခုပုံနဲ့ပြမယ်ဗျာ။ ရှုစားပါဦးနော်။

ဒါက iPhone 3G နဲ့ Nokia N97 ရဲ့ခြားနားချက်ကို ပုံနဲ့ပြထားတာပါ။ အပြာရောင်က Nokia N97 ဖြစ်ပြီး အစိမ်းရောင်က Apple iPhone 3G ဖြစ်ပါတယ်။


http://pyae-phyo.blogspot.com

အပြာရောင်က Nokia N97 ပါ။ iPhone 3G က အစိမ်းရောင်ပါ။ ခု 3D စတိုင်လ်နဲ့ size ကွာဟမှုကို ပြပါလိမ့်မယ်။
http://pyae-phyo.blogspot.com

ကဲ။ ရှင်းပြတဲ့အပိုင်းတော့ပြီးပြီဗျာ။ သင်သေချာတွေးပေါ့ ... Nokia N97 နဲ့ iPhone 3G ကြားမှာ ဘယ်ဟာပိုပြီးအသုံးတည့်လည်းဆိုတာကိုပေါ့။

လေးစားစွာဖြင့် , YGNBlogger

Friday 5 April 2013

တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း

မင်္ဂလာပါ။ ကျွန်တော် YGNBlogger ပါ။ ယနေ့ Technological Villa ရဲ့ လတ်လတ်ဆတ်ဆတ် article ကိုပြောပြပါ့မယ်။ အဲ့ဒါတရုတ်ဟန်းဆက်အကြောင်းဖြစ်ပါတယ်။ တရုတ်ဟန်းဆက်နဲ့နှိုင်းပြပါမယ်ဗျာ။ အောက်ပါအတိုင်းစိတ်ရှည်လက်ရှည်ဖတ်ပါ။
http://pyae-phyo.blogspot.com

၁။ ၃ မိနစ်အားသွင်း ပြီးလျှင် အားပြည့်ကြောင်း ပြခြင်း။
၂။ ဖုန်းတွင် တီဗီ၊ Touch screen, Nail cutter, firelighter တို့ ပါရှိခြင်း။
၃။ touch screen ကိုသွားကြားထိုးတံဖြင့် အသုံးပြုနိုင်ခြင်း။
၎။ စာလုံးပေါင်း မှားနေခြင်း။ ဥပမာ - NokLa, blackderry, i-pom, samswag, j-phone
၅။ လေယာဉ်ပျံဖြတ်သွားလျှင် Miss call record လုပ်ခြင်း။
၆။ အားမသွင်းပဲ တစ်ပတ်ကြာ ပစ်ထားလျှင် ပါဝါဖွင့်မရတော့ခြင်း၊ အားသွင်း မရတော့ခြင်း။
၇။ iPhone အစစ်မှာ Radio မပါခြင်း။ တရုတ်ဖုန်းမှာတော့ Radio နှင့်နှားကျပ် ပါခြင်း။
၈။ စာလုံးတွေအရမ်းကြီးနေပြီ။ ထုံးစံ Font size ဖြင့်မတူခြင်း။
၉။ iPhone 4S အစစ်မှာ ကိုယ်ပိုင် background image ပြောင်းလို့ရပြီး  တရုတ်iPhone4Sမှာတော့ လုံးဝ ပြောင်းလို့မရခြင်း။
၁၀။ Handset ဟမ်းခြင်း(လေးခြင်း)။
၁၁။ အစစ်နဲ့အရောင်ကွာခြားခြင်း။
၁၂။ Cover အစစ်သို့ တပ်လို့မရခြင်း။
၁၃။  Manual, Regulations တွေမပါခြင်း။
၁၄။ Functions နည်းပါးခြင်း။
၁၅။ Video ဖွင့်ရင် လေးလန်ခြင်း။

Sunday 31 March 2013

Adobe Dreamweaver CS3 တွင် ဇယားကွက်ထည့်နည်း

http://pyae-phyo.blogspot.com

ကျွန်တော်လည်း ပိုစ့်ကရေးဖြစ်မရေးဖြစ်လိုက် ဖြစ်နေတယ်။ ကျွန်တော့်သူငယ်ချင်းက Adobe Dreamweaver မှာ ဇယားကွက်ထည့်နည်းတင်ပါဆိုလို့ပါ။ Site လုပ်နည်းကတော့ ဒီပိုစ့်နဲ့မဆိုင်တဲ့အတွက် မတင်တော့ပါဘူး။ Table ထည့်နည်း နှစ်မျိုးလုံးကို အခြေခံထားပြီးတင်မှာပါ။ ကျွန်တော် ဘာမှချဲ့ကားပြီးတင်မှာမဟုတ်ဘူး။ ဒါက Tutorial တစ်ခုပါ။

ပထမအဆင့်

Insert >> Table
http://pyae-phyo.blogspot.com
ဒုတိယအဆင့်

ခင်ဗျားတို့မြင်တတ်ရင် လုပ်ရပိုမြန်ပါတယ်။ Header -None ဆိုရင် ခေါင်းစဉ်က bold ကာလာမဖြစ်တော့ပါဘူး။ Left ဆိုရင် ဘယ်ဘက်မှာ ခေါင်းစဉ်ကမဲနေပါလိမ့်မ်ယ။ Top ဆိုရင် ထိပ်ဆိုးမှာ bold ဖြစ်မှာပါ။ both ဆိုရင် အပေါ်ကော၊ ဘယ်ဘက်မှာကော bold ကာလာဖြစ်ပါလိမ့်မယ်။ Rows က ဘေးတိုက် ပါ၊ Columns  က ဒေါင်လိုက်ပါ။ ကိုယ်ဥာဏ်ရှိသလို သုံးသွားလို့ရပါတယ်။  Table width ကတော့ မပြင်တာအကောင်းဆုံးပဲ။ Border thickness : 0ဆိုရင်  ဘာ border မှမရှိတော့ပါဘူး။ 3 လောက်ထားရင် border အသင့်သင့်လောက်ရပါတယ်။ စမ်းကြည့်ပါ ။ ပြီးရင် OK ကိုကလစ်ပါ။
http://pyae-phyo.blogspot.com
နောက်တစ်နည်း
http://pyae-phyo.blogspot.com

ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့ အဖြူအကွက်ကို ကလစ်ပါ။ ပြီးရင် ဒုတိယအဆင့်တိုင်းပေါ့။

အဆင်ပြေပါစေ။ YGNBlogger ။ ကျွန်တော်က ခု gamer လုပ်တော့မှာမို့ ဒီဆိုဒ်ဖျက်သိမ်းတော့မှာပါ။

Friday 29 March 2013

Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ်


ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..

ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ် .. (ပုံတွေသေးနေရင် ပုံပေါ်ကို မောက်လေးတင်လိုက်ပါဗျို့)

အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..

ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် .. အကြောင်းကြောင်းကြောင့် အောက်က ပေ့ကို မရောက်ဘူးဆိုရင် http://pinger.com/tfw/ လို့ ပြောင်းပြီးပြန်ရိုက်ထည့်ကြည့်ပါ

အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..

အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..

အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..

အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)


အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ .. (gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .
အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်

အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်

အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ

ဟိုက်ရှားစ်ပါးစ် ... gmail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..

ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..












ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..

ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ..
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦး
ကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း  ပျော်ရွှင်နိုင်ကြပါစေဗျာ .
 
credit : itmotesoeway.blogspot.com

Thursday 21 March 2013

4Shared Premium Link Generator[21/3/2013]

http://pyae-phyo.blogspot.com
ပိုစ့်မရေးတာ ၁လလောက်ရှိပါပြီ။ခုတော့ 4Shared Premium Link Generator လေးတစ်ခု ခုလေးတင် တွေ့ရှိထားတာပါ။ အားရင် တင်ပါဦးမယ်။ အားပေးပါဦးဗျာ။ ကျွန်တော်ခုမှ စာမေးပွဲပြီးတာဆိုတော့ လုပ်သင့်တာတွေ အရင်ကထက်ပိုများနေပြီလေ။ ခုလည်း ကိုယ့်အိပ်မက်တွေ အကောင်ထည်ဖော်နေတုန်းပါပဲ။ Click Here ကိုကလစ်ပါ။ Skip Ad လေးကို click ပြီးရင် ခင်ဗျားတို့ဝင်ချင်တဲ့ Premium Link Generator ရောက်လာပါပြီ။

http://pyae-phyo.blogspot.com


Click here! (4Shared only)
 
ဖြစ်ချင်တာကို လိုချင်တာထက်ဖော်နေတဲ့ YGN Blogger....

အငြင်းပွားနေသည့် မူပိုင်ခွင့် ကိစ္စ Microsoft ကုမ္မဏီ အနိုင်ရရှိ


http://pyae-phyo.blogspot.com

ကမ္ဘာကျော် Microsoft ကုမ္မဏီမှ မိုဘိုင်း ကုမ္မဏီ တစ်ခုဖြစ်သည့် Motorola အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားရာ
အမေရိကန် ဗဟို တရားရုံးမှ ယနေ့တွင် အပြီးသတ် အမိန့် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဒစ်ဂျစ်တယ် ဗွီဒီယို လျှို့ဝှက်စာဖြင့် ရေးခြင်း ၊ ၀ှက်စာဖော်ခြင်း အပါအ၀င် အမှု ၁၃မှုဖြင့် တရားစွဲဆိုခံရသည့် Motorola အနေဖြင့် သူ၏ ကွန်ပြူတာ ကုဒ်စနစ် လုပ်ဆောင်ပုံများ ၊
နည်းပညာဆိုင်ရာ လုပ်နည်းလုပ်ဟန်များကို အသေးစိတ် ကျကျနန ပြန်လည် မရှင်းလင်းနိုင်သည့် အတွက် Microsoft အား အနိုင်ပေးခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် တရားရုံးချုပ်မှ တရားသူကြီး James Robart မှ ပြောကြားခဲ့သည်။

source- AFP/xq

Saturday 23 February 2013

Windows 7 က Menu ကို Windows 8 မှာသုံးမယ်




ပိုစ့်မရေးတာ ၂ပတ်နီးနီးရှိနေပါပြီ။ ခုတော့ Windows 8 ရဲ့ဆန်းကြယ်တဲ့ လျို့ဝှက်ချက်တွေ ကိုပြောပြမှာဖြစ်ပါတယ်။ ကဲ။ Windows 7 က Menu တွေရဲ့ပုံစံကို Windows 8 မှာပုံစံကူးမယ်။ လုပ်နည်းကတော့ Registry သုံးရုံပဲ။

ပုံစံအသစ်ကတော့ လှပေမယ့် တချို့ကိုင်လို့ နေသားမကျသေးတဲ့သူတွေရှိပါသေးတယ်။ Windows 7 ပုံစံကို ထားချင်ရင် အလွယ်နည်းကတော့---

Start ကို ကလစ်ပါ။ ပြီးတော့ Search ကိုကလစ်ပါ။

Search Apps ကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ Search box ထဲမှာ regedit လို့ထည့်လိုက်ပါ။
ပြီးတော့ regedit icon လေးကို ကလစ်ပါ။

ခဏစောင့်ပါ။ ပြီးတော့ ဒီလိုပုံပေါ်လာပါလိမ့်မယ်။ စိတ်မပူပါနဲ့။ Yes လို့ပေးလိုက်ပါ။
Registry  Editor ပွင့်လာပါပြီ။ မမြင်ဖူးလို့ဆိုပြီး တရေးမော့ကြည့်မနေနဲ့။ အောက်က ပြတဲ့အတိုင်း လုပ်ဆောင်ပါ။ အနီရောင်နဲ့ပြထားတယ်နော်။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပါစေ။


အပေRPEnabled ကို ကလစ်နှစ်ချက်ပေးပါ။

Edit DWORD (32-bit) Value ကြီးပွင့်လာပါလိမ့်မယ်။ Value Data : ရဲ့အောက်မှာ 1 တွေ့မယ်။ မတွေ့လည်း အောက်ပုံတွေကို ကလစ်လိုက်။

1 ကိုဖျက်ပြီးတော့ 0 လို့ပြောင်းလိုက်ပါ။ OK ကိုကလစ်ပြီး Registry Editor ကို ပိတ်လိုက်ပါ။
အဆင်ပြေပြီထင်နေတာ။ အမှန်တော့ အောက်ကပုံကိုကြည့်လိုက်။ ကိုးရို့ကားယားကြီးပဲ။ မပူပါနဲ့။ အဲ့ဒါကို ဖြေရှင်းလို့ရတဲ့နည်းပြောမယ်။

လူပြိန်းနည်းပါပဲ။ Restart ချလိုက်ပါ။ ပြီးတာနဲ့ အောက်ကပုံကိုကြည့်ပါ။ Windows 7 start menu နဲ့ လုံးဝတူသွားပါပြီ။
Windows 7 ကဟာလို အကောင်းပတိတိုင်း ရပါလိမ့်မယ်။


အဆင်ပြေပါစေ။ ကျွန်တော်က တတ်လို့ ၊ တော်လို့မဟုတ်ပါ။ လေ့လာနေဆဲဖြစ်ပါတယ်။
YGNBlogger

Friday 22 February 2013

How to hack SEO for your blog?



SEO ကို hack လုပ်တယ်ဆိုတာ.. ( Search Engine Optimization ) ပါ..။ မိမိ blog ကို.. Google မှာရှာရင်.. ထိပ်ဆုံးမှာရအောင်.. hack တာလေးပါ..။ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး.. :)
ဘယ်လိုလုပ်ရမလဲဆိုရင်... နည်းလမ်းတွေကတော့...အများကြီးရှိပါတယ်..။ အဲ့ထဲမှာမှ.. အလွယ်ဆုံးနည်းကို..ပြောပြမှာပါ...........


အရင်ဆုံးမလုပ်ခင်.. မိမိ blog မှာရှိတဲ့ Post titile တစ်ခုကိုရှာလိုက်ပါ.။ ဥပမာ - ညီမဆိုဒ်မှာဆိုရင်.. Word Press အလွယ်ရေးနည်းဆိုတဲ့... post ရှိတယ်..။ အဲ့ဒါကို.. google search box မှာ.. ရိုက်ပြီးရှာလိုက်ပါမယ်..။ Hack မလုပ်ခင်ပေါ်လာတဲ့ Result အရဆိုရင်..ညီမဆိုဒ်က..အောက်နားမှာပဲရှိပါတယ်..။ Hack လုပ်ပြီးရင်..ခုနအတိုင်း google မှာပြန်ရှာကြည့်ပါ..။ ထိပ်ဆုံးရောက်နေတာကို..တွေ့ရပါလိမ့်မယ်.. ^_^

- ပထမဦးဆုံး.. မိမိရဲ့ blogger account ကို log in ၀င်လိုက်ပါ..။
- ပြီးရင် template ကိုသွားပါ..။
- Edit HTML ကိုနှိပ်ပြီး.. Expand Widgets ကို အမှန်ခြစ်ခြစ်ပါ..။
- ပြီးရင် Ctrl+F နှိပ်ပြီး.. ဒီစာသားလေးကိုရှာလိုက်ပါ..။

<h3 class='post-title entry-title' itemprop='name'>

- အဲ့ဒါလေးပေါ်လာရင်.. <h3 ကို <h2 လို့ပြောင်းလိုက်ပါ..။ </h3> နေရာမှာလည်း.. </h2> လို့ပြောင်းလိုက်ပါ..။
- ပြီးရင် Save နှိပ်ပြီး.. Close လုပ်ပြီးပြန်ထွက်လိုက်ပါ..။
- အားလုံးပြီးရင်တော့..အပေါ်ကအတိုင်း..မိမိ blog မှာရှိတဲ့ post title တစ်ခုကို... Google မှာရှာကြည့်လိုက်ပါ..။ ထိပ်ဆုံးရောက်နေပါလိမ့်မယ်.. ^_^

credit: technologicalvilla.blogspot.com
P.S.: ကျွန်တော်ရေးဖို့မအားတဲ့အပြင် ခုတော့သူများဆီကပဲကူးဦးမယ်။ စာမေးပွဲရှိတယ်။ :(