Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

Monday, 21 January 2013

ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။

ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။

ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
credit: blog.teamspace.com.mm

http://pyae-phyo.blogspot.com

Saturday, 19 January 2013

မျက်မမြင်တွေအတွက် Smart Phone

မျက်မမြင်တွေအတွက် Smart Phone
http://pyae-phyo.blogspot.com

မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့် ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။


ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို Smart ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း

ဂျော်ဂျီ အသင့်ထည့်ပြီးသား Android Smart တစ်လုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျော်ဂျီ ဆော့ဖ်ဝဲ ပဲ သီးသန့် ဝယ်ယူချင်ရင်တော့ ၁၄၉ ပေါင်နဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်တွေလို တခြား အသုံးပြုနိုင်တဲ့ ပရိုဂရမ်တွေ အတွက် တစ်ခုကို ၂၄.၉၉ ပေါင် ပေးရမှာ ဖြစ်ပါတယ်။


မျက်မမြင်အနေနဲ့ အသံနဲ့ ဖုန်းနံပါတ်ကို ပြောထည့်ပြီး ဖုန်းဆက်လို့ ရမှာ ဖြစ်သလို၊ text ပို့ချင်ရင်လည်း အသံနဲ့ ပြောထည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Smart Phone ကိုဘယ်သူတီထွင်ခဲ့သလဲ??

ဒီဖုန်းကို အင်္ဂလန်က ပီတာဘရာ မြို့မှာ ရှိတဲ့ မျက်မမြင် Wilson-Hinds ဇနီးမောင်နှံ ကနေ တီထွင် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ဖုန်းနာမည်ကို မစ္စစ် Wilson-Hinds ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လမ်းပြခွေးရဲ့ နာမည် Georgie ဂျော်ဂျီ ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။


http://pyae-phyo.blogspot.com
မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်
credit : bbc.co.uk/burmese/

Monday, 24 December 2012

စာလုံးတိုတိုနဲ့ဈေးဈေးကြီးပေးပြီးရောင်းတဲ့Domainများ

စာလုံးတိုတိုနဲ့ဈေးဈေးကြီးပေးပြီးရောင်းတဲ့Domain
http://pyae-phyo.blogspot.com

ကျွန်တော်ခုတင်ပြမှာက ထူးထူးဆန်းဆန်းပါ။ လင့်မှားဝင်မိလို့ ထူးထူးဆန်းဆန်းတွေ့မိတာပါ။ ရယ်ရစရာဆိုပေမယ့်၊ ထူးထူးဆန်းဆန်းလန့်ဖို့ကောင်းတယ်။ WhOiS ကြည့်မိတာတွေကိုပြောပြမယ်ဗျာ။ ၄လုံးပဲပါတဲ့ 4-letter.com ဒိုမိန်း၊ ၃လုံးရှိတဲ့ 3-letter.com ဒိုမိန်း။ ပြီးတော့ နောက်ပြီး ဒီထက်ယုံစရာကောင်းပြီး ရှားရှားပါးပါးက 2-letter.com ပေါ့၊ ၂လုံးပဲရှိပါတယ်။ ပြောပြမယ်ဗျာ။

၂လုံးပဲပါတဲ့ဒိုမိန်းတစ်ခု

http://pyae-phyo.blogspot.com
ကျွန်တော်တို့ နေ့စဉ် နေ့တိုင်းသုံးတဲ့ အရာလေးပေါ့ဗျာ။ ဆိုရှယ်မှာအမြဲအရေးပါတဲ့ ဆိုဒ်တစ်ခုပေါ့။ http://www.FB.com တဲ့။ မယုံရင် ၀င်ကြည့်ပါ။ Facebook ကိုရောက်သွားပါတယ်။ ဖေ့ဘုတ်ထောင် တဲ့ဦးဦးကတော့ ငပျင်းအသုံးမကျတဲ့သူတွေအတွက် တမင် FB.com (FBဒေါ့ကွန်း)ကို လုပ်ပေးထားတာကိုးးးး။ ငပျင်းအတွက် အသုံးဝင်ပါပေ့။ ဒါပေမယ့် ဒီငပျင်းတွေအတွက သူဘယ်လောက် ပိုက်ပိုက်သုံးရသလဲပေါ့။ ငွေဘယ်လောက်ကုန်ကျလဲ ဆိုတာကိုပြောပြဦးမယ်ဗျာ။ ဒေါ်လာ ၈ ဒသမ ၅ မီလီယံ ဖြစ်ပါတယ်။ အဲ့ FB ကိုစတင်တည်ထောင်ခဲ့တဲ့နှစ်ကတော့ ၂၁ရက်နေ့ မေ ၁၉၉၀ ပါ။ Expire(ကုန်ဆုံးတဲ့နှစ်) ကတော့ ၂၂ရက်နေ့ မေ ၂၀၁၄ ပါ။ အဝေးကြီးပဲလိုပါသေးတယ်။ စိတ်ချ။ အများပြည်သူ သုံးစွဲနေတဲ့ ဖေ့ဘုတ်ဘယ်တော့မှ မဒေါင်းဘူးဆိုတာကို သိလိုက်ပါ။ FB.com ရဲ့ သမိုင်းကို သိချင်ရင် နောက်ပိုစ့်မှာဖော်ပြမှာဖြစ်ပါတယ်။ ရှုပ်ထွေးလွန်းလို့ ဒီမှာမပြတော့ပါဘူး။

၃လုံးပဲပါတဲ့ဒိုမိန်းနှစ်ခု

http://pyae-phyo.blogspot.com
IPO ကတော့ ဘာမှန်းလည်း ကျွန်တော်မသိပါဘူး။ ဈေးကိုကြည့်ပြီး လှန်ဖြန့်သွားတယ်။ ဒေါ်လာ ၅သိန်းရှိပါတယ်။ ကျွန်တော်တောင် ဒေါ်လာ၁၀၀တောင်မနည်းရအောင်ရှာနေရတာ။ FB.com ထက်စာရင် ဈေးပေါပါ၏။ http://www.IPO.com တဲ့။ ဇယားတော့ရှုပ်တယ်ဗျာ။ နောက်မှတစ်ခုချင်းအတိအကျရှင်းပြတော့မယ်။ ခုထိလည်း ကျွန်တော်မသိသေးပါ။ မျောက်ကို အုန်းသီးပေးထား သလိုဖြစ်ပါနေသည်။ သိတာကတော့ Godaddy.com ဆိုတဲ့ နာမည်ကြီးဆိုဒ်က ၀ယ်ယူတယ်ဆိုတာပဲသိပါတယ်ဗျာ။ ၂၀၀၆ ကနေ ထောင်ထားတာကိုပဲသိပါတယ်။


http://pyae-phyo.blogspot.com
Box.com (boxဒေါ့ကွန်း) သေတ္တာကြီးလားပဲပေါ့။ ဟဲဟဲ။ လုပ်ထားတဲ့ခုနှစ်ကိုအရင်ဦးဆုံးပြောပြပါမယ်။ တိတိကျကျ ပဲ။ ၁၆ရက်နေ့ ဖေဖော်ဝါရီလ ၁၉၉၉ခုနှစ်။ ကုန်ဆုံးမယ့် Expire ခုနှစ်ကတော့ ၁၆ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၅ခုနှစ်ပါ ခင်ဗျား။ ဇာတ်ကြောင်းက မရှုပ်ရှုပ်အောင် ရှုပ်ပါတယ်ဗျာ။ ဟိုအရင်က ပိုင်တဲ့သူကဘယ်သူမှန်းမသိပါဘူး။ ခုပိုင်တာကတော့ ဖိုင်တွေကို Storage လုပ်တဲ့ဆိုဒ်တစ်ခုဖြစ်ပါတယ်။ http://www.BOX.com တဲ့။ သိချင်ရင်တော့ဝင်ပေါ့နော်။ နာမည်ကြီးဆိုဒ်လို့ဆိုရပါမယ်။ ဒေါ်လာ ၁မီလီယံလို့ ဆိုရပါမယ်

၎လုံးပါတဲ့ဒိုမိန်းကိုတော့မပြောတောပါဘူး။ အိုင်ပီကိုမဖော်တော့ပါဘူး။ တော်တော်သနားလို့ပါ။

ဒီမှာပဲရပ်တော့မယ်။ အဆင်ပြေပါစေ။ Pyae Phyo

Friday, 7 December 2012

မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်

http://pyae-phyo.blogspot.com


ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကို
အစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဓာတုဗေဒအခေါ်ကတော့ Borateဖြစ်ပါတယ်။

ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ်ပါဝင်တယ်လို့ သိရပါတယ်။

ယင်းကျောက် Painite ရဲ့ထူးခြားချက်ကတော့ သူ့သဘာဝကို က ခြောက်မြောင့်သဏ္ဍန် အဖြစ် တည်ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းကာလအတော်ကြာသည့်တိုင် Painite ဟာ တစ်ကမ္ဘာလုံးမှာမှ သုံးခုသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၅ နှစ်မတိုင်မီကာလမှာတော့ ၂၅ခု ထက်နည်းတဲ့အရေအတွက်ထိရှိလာပါတယ်။ ယင်းနောက်ပိုင်း တူးဖော်မှုမှာ Painite တွေ့ရှိမှု ရှိမရှိကတော့ စစ်တမ်းကောက်မထားပါဘူး။

သို့ပေမယ့် ယင်းကျောက်အမျိုးအစားဟာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာ ပဲ တွေ့ရှိသေးတဲ့ ကျောက်အမျိုးအစား ဖြစ်ပြီး ထိပ်တန်းရှားပါးဈေးကြီး ကျာက်ဖြစ်တယ်လို့ ကမ္ဘာက အသိမှတ်ပြုထားပါတယ်။

၁ကာရက်ကို အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင်တန်ဖိုးရှိ တဲ့ ကျောက်ဖြစ်တယ်လို့ သိရပါတယ်။ Painite အနည်းငယ်ကို သူဌေးသူကြွယ်အချို့က ပိုင်ဆိုင်ပါတယ်။ Painite အချို့ကိုတော့ ဗြိတိန် သဘာဝသမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံနဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသနဓာတ်ခွဲခန်း တို့မှာ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။