Saturday 8 December 2012

Burn CD/ DVD IN WINDOWS 7 WITHOUT ANY THIRD PARTY SOFTWARE

Burn CD/ DVD IN WINDOWS 7 WITHOUT ANY THIRD PARTY SOFTWARE
http://pyae-phyo.blogspot.com

ကျွန်တော်အခုလေးတင်ကလိပြီးတွေ့ရှိထားတဲ့နည်းပညာအဟောင်းလေးပါ။ လုပ်နည်းကတော့ ဘာ software မှမလိုပါဘူး။(Nero ဆော့ဝ်လ်တောင်မလိုပါဘူး) Windows 7 စက်တိုင်းမှာ လုပ်နည်းကိုရှာတွေ့ထားပါတယ်။ လုပ်နည်းကတော့အရှင်းလေးပါပဲ။ ခင်ဗျားတို့ဆီမှာ အခွေအလွတ်(ဘာဖိုင်မှမထည့်ရသေးတဲ့အခွေ) တစ်ချပ်ပဲလိုအပ်တာပါ။ Compact Disc RW Drive ဆိုတာက အခွေထည့်လို့ရသလို၊ ထုတ်လို့ရတဲ့စက်လိုပါတယ်။ တစ်ချို့စက်တွေကဖြုတ်ထားတဲ့အတွက် ခင်ဗျားတို့ အခွေ burn လို့မရတာ စိတ်မကောင်းပါဘူးဗျာ။

Requirements (လိုအပ်တာတွေလေးတွေပါ)
  • Windows 7 (64 bits or 32 bits)
  • CD [or] DVD
  • Compact Disc RW Drive
လွယ်လည်းမလွယ်သလို၊ ခက်လည်းမခက်ပါ။ အခွေရှိလျှင် အသုံးဝင်တဲ့အခွေဖြစ်ဖို့နည်းရှိပါတယ်။

သတိ ။   ။ ပုံများရှင်းရှင်းလင်းလင်းမမြင်ရပါက ပုံကို click ပြီးကြည့်ပါ။

အခွေထည့်တဲ့နေရာမှာ မိမိတို့ရဲ့ အခွေအလွတ် တစ်ချပ်ကိုထည့်လိုက်ပါ။ ခဏစောင့်ပါ။ ဒီ Autoplay တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Burn files to disc ကို click လိုက်ပါ။

http://pyae-phyo.blogspot.com
ဒီ box လေးပေါ်လာပါမယ်။ Disc title: က မိမိနှစ်သက်ရာခေါင်းစဉ်လေးပေးပါ။ With a CD/DVD player ကိုရွေးပါ။ တခြား ဘာမှမရွေးပါနဲ့။ ပြီးရင် Next ကို click ပါ။
http://pyae-phyo.blogspot.com
 အဲ့အခွေချပ်လေးနဲ့ စာတစ်ခုတွေ့ပါလိမ့်မယ်၊ ကျွန်တော်အနီရောင်ပြထားတာပါ။ Drag files to this folder to add them to the disc. လို့ပေါ်လာရင်မိမိထည့်လိုရာ ဖိုင်တွေကို အခွေရဲ့ GB ဆန့်သည်အထိထည့်လို့ရပါတယ်။
http://pyae-phyo.blogspot.com
မိမိကူးလိုသောဖိုင်ရဲ့ folder ကိုဖွင့်ပြီး အခွေရှိရာ folder သို့ထည့်ပါ။ ကြိုက်သလောက်ထည့်ပါ။ အခွေဆန့်တဲ့အထိပဲနော်။
 http://pyae-phyo.blogspot.com
ဖိုင်တွေအကုန်ထည့်ပြီးတော့ Burn to disc ကို click လိုက်ပါ။
http://pyae-phyo.blogspot.com
Disc title: မှာမိမိနှစ်သက်ရာခေါင်းစဉ်ပေးပါ။ Recording speed: ကတော့ မိမိအဆင်ပြေသလိုပြင်ပါ။ 8x ကတော့ နဂိုဟာပါ။ ကျွန်တော်အကြံကတော့ မပြင်တာအကောင်းဆုံးလို့ထင်ပါတယ်။ Next ကို click ပေးပါ။
http://pyae-phyo.blogspot.com
 ပြီးရင်စိတ်ရှည်ရှည်နဲ့စောင့်ပေါ့နော်။
http://pyae-phyo.blogspot.com

ခင်ဗျားတို့ရဲ့အခွေburnနည်းသိသွားပါပြီ။ ကျွန်တော် Nero နဲ့ burn နည်းကို နောက်စနေ၊ တနင်္ဂနွေများမှာတင်ပေးမှာဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ ခရီးသွားမှာမို့လို့ပါ။

အဆင်ပြေပါစေ။ ပြည့်ဖြိုး.....

2 comments:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျ ကျနော့်အပျော်ဆိုဒ်လေးလဲ လာလည်ပါဦးခင်ဗျ ဖိတ်ပါတယ်နော်

    ReplyDelete

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။