Monday 3 December 2012

ကွန်ပျူတာအသုံးပြူခြင်း နှင့် ကျန်းမာရေး

ကွန်ပျူတာအသုံးပြူခြင်း နှင့် ကျန်းမာရေး
http://pyae-phyo.blogspot.com

ခေတ်မှီတိုးတက်နေတယ့်ခေတ်ကြီးမှာ လူကြီး လူငယ်မရွေး နေ့စဉ် ကွန်ပျူတာနယ့်
ထိတွေ့ကိုင်တွယ် လုပ်ကိုင်နေရပါတယ်။
အဲ့ဒါကြောင့်မျက်စိထိခိုက်မှူတွေဖြစ်ပွားမှုများလာတယ်ဆိုတာမစမ်းပါဘူး။

[ မျက်စိထိခိုက်မှုများမဖြစ်စေရန်နည်းလမ်းကောင်းလေးများ ]

(၁) သင်ကွန်ပျူတာသုံးချိန်မှာ သင့်၏မျက်စိနယ့် ကွန်ပျူတာကို လက်တစ်ပြန်အကွာမှာ ထားပြီး ကွန်ပျူတာကို သုံးနိုင်ပါတယ်။
(၂) သင်ကွန်ပျူတာကိုင်တွယ်အသုံးပြူနေတယ့် အခန်းတွင် အလင်းရောင်ပြန့်နေအောင် မီးများ ဖွင့်ပေးထားရမှာပါ။

ဖွင့်ပေးမထားပဲ မှောင်နေတယ့်အခန်းထဲမှာ ကွန်ပျူတာသုံးနေမယ်ဆိုရင်တော့ ကွန်ပျူတာမှ လာတယ့်အလင်းရောင်က သင့်မျက်လုံးကို စူးရှတယ့်အလင်းတွေဝင်ပြီး မျက်စိထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

(၃) ကွန်ပျုတာသုံးပြီးလို့ပဲဖြစ်ဖြစ် အလုပ်ပင်ပန်းချိန်တွေဆိုရင် သင့် မျက်စိ ညောင်းညာခြင်း မရှိစေရန် မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် အကြိမ်နှစ်ဆယ်လောက် လုပ်ပေးခြင်းဖြင့် မျက်စိညောင်းသက်သာစေပါတယ်။

(၄) စိတ်ညစ်နေတယ့်အချိန်ဆို ဘာဆိုဘာမှမလုပ်ချင်တော့ပဲ မျက်စိများ ညောင်းညာနေတာမျိုး ဖြစ်တတ်ပါတယ်။

အယ့်လို မဖြစ်စေရန် ရေအေးနှင့် ခနခန မျက်နှာသစ်ပေးခြင်းဖြင့် မျက်စိအေးစေပြီး စိတ်ညစ်မှုများကို ပြေပျောက်စေနိုင်ပါတယ်။

(၅) ကွန်ပျူတာအသုံးပြုတယ့်အခါ အလင်းရောင်ကို မစူးစေတယ့် မျက်မှန် အမျိုးအစားမျိုးကိုတပ်ဆင်အသုံးပြုခြင်းဖြင့် သင့်မျက်စိကို အလင်းရောင်ထိုခိုက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

(၆) မျက်စိထိခိုက်မှုများဖြစ်မှာ ကြောက်သူများအတွက် အလုပ်ပင်ပန်းချိန် ၊ မျက်လုံးညောင်းချိန် ၊ အလုပ်ထဲမှာ အိပ်ငိုက်တယ့်အချိန်တွေမှာဆို မျက်စိကို မျက်စင်းခပ်ပေးခြင်းဖြင့် မျက်လုံးကိုအေးစေပြီး မျက်စိညောင်းညာခြင်း အလုပ်ထဲမှာ အိပ်ငိုက်တာတွေကို ပြေပျောက်စေနိုင်ပါတယ်။

(၇) ကွန်ပျူတာနယ့် သင့်မျက်လုံးကို အတည့်မထားပါနှင့်။ ကွန်ပျူတာတင်ထားတယ့် စားပွဲကမြင့်နေပြီး သင်ထိုင်နေတယ့် ခုံကနိမ့်နေမယ်ဆို သင့်မျက်နှာဟာ ကွန်ပျူတာနှင့်မမှီပဲနိမ့်နေခြင်းဖြင့် မျက်လုံးကိုထိခိုက်နိုင်ပါတယ်

ဒါကြောင့် ကွန်ပျူတာတင်တယ့်စားပွဲကို အနည်းငယ်နိမ့်ပေးပြီး ထိုင်ခုံကိုတော့ အနည်းငယ်မြင့်တယ့် ခုံနယ့်ထိုင်ပြီး ကွန်ပျူတာကို အသုံးပြုသင့်ပါတယ်။

(၈) အလုပ်မှာပဲဖြစ်ဖြစ် ကွန်ပျူတာအသုံးပြူချိန်ကြာမြင့်သွားရင် မျက်လုံးတွေလေးလာတက်ပါတယ်။ အယ့်လိုဖြစ်လာပြီဆိုရင် မျက်လုံးအတွက်လည်းမကောင်းဘူး ၊ သွေးလည်ပတ်မှူနှုန်းကနှေးကွေးလာစေတယ်။

ဒါကြောင့်ထိုင်နေရာမှ ထပြီး ခြေလှမ်း ၂၀လောက်ထပြီးလျှောက်ပေးသင့်ပါတယ်။

credit - mm-flashsongs.com

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။