Friday 28 December 2012

ဆေးခန်းပြရမှာ ဝန်လေးနေလျှင်

http://pyae-phyo.blogspot.com
သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ်နေပြီး ပိုက်ဆံ ကုန်မှာ ဒါမှမဟုတ် ဆေးသောက်ရမှာ ကြောက် နေလို့ ဆရာဝန်နဲ့ ပြရ မှာ ဝန်လေးနေရင် ငွေကုန် ကြေးကျ သက်သာနိုင် တဲ့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင် ပါတယ်။ ဈေးသိပ်မကြီးလှတဲ့၊ အိမ်တွင်း မှာပဲ ကုသနိုင်တဲ့ နည်းလမ်းတွေဟာ ဆေးဝါးမှီဝဲသလို မျိုး ရောဂါတွေ ပျောက်ကင်းတယ်လို့ ကျွမ်းကျင်သူ တွေက သဘောတူထားကြပါတယ်။


၁။ မလိုင်အပြည့်ပါဝင်သော နို့ထွက်ပစ္စည်း အသုံးပြုပြီး ဆီးချိုရောဂါကို ကာကွယ်ပါ
မလိုင်အပြည့် ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတွေဟာ သွေးတွင်း သကြားဓာတ် မတည်ငြိမ်မှု ဖြစ်နိုင်ခြေကို လျှော့ချနိုင် တယ်လို့ ဟားဗတ်မှ သုတေသီတွေက တွေ့ရှိထားပါ တယ်။ သူတို့ရဲ့ နှစ်ပေါင်း ၂၀ ကျော် လေ့လာမှုအရ မလိုင်အပြည့် ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင် တဲ့ ဒီဒြပ်ပေါင်း Trans-Plamitoleic Acid ကို အမြင့်မားဆုံးရရှိထားသူတွေဟာ သွေးတွင်းသကြား ဓာတ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ဆီးချို ရောဂါဖြစ်နိုင်ခြေကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင် တယ်လို့ သိရပါတယ်။Trans-Plamitoleic Acid ဟာ ကြွက်သားတွေမှ သွေးတွင်းသကြားဓာတ်ကို ထိ ထိရောက်ရောက်လောင်ကျွမ်းနိုင်စွမ်းရှိတာကြောင့် လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ နေ့စဉ် မလိုင်အပြည့်ပါဝင်တဲ့ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်တစ်ခွက်၊ ဒါမှမဟုတ် မလိုင်အပြည့်ပါတဲ့ ဒိန်ခဲ တစ်အောင်စ စားပေးပါ။
၂။ ပဲဟင်းစားပြီး သွေးဖိအားကျဆင်းအောင် ပြုလုပ်ပါ
UCLA မှ သုတေသီတွေရဲ့ အဆိုအရ ခွက်တစ် ဝက်စာ ပဲဟင်းကို နေ့စဉ် စားသုံးတဲ့ အမျိုးသမီးတွေရဲ့ ၇၇ ရာခိုင်နှုန်းဟာ တစ်လအတွင်းမှာပဲ သွေးဖိအား ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်သွားနိုင်တယ်လို့ သိရပါ တယ်။ ပဲဟင်းတစ်ခွက်စာမှာ ပိုတက်စီယမ် ၅၉၄ မီလီဂရမ် ပါဝင်တယ်လို့ သုတေသီတွေက ပြောကြ ပြီး ဒီပိုတက်စီယမ်ဟာ နှလုံးသွေးကြောတွေကို Relax ဖြစ်တာကြောင့် သွေးဖိအားမြင့်တက်မှုမရှိအောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ပိုတက်ဆီယမ်များ စွာပါဝင်တဲ့ တခြားအစားအစာတွေကတော့ အခွံမာ သီး၊ သစ်သီးခြောက်၊ ဟင်းနုနယ်နဲ့ အာလူးတို့ဖြစ်ပါ တယ်။
၃။ အနီရောင်ဂရိတ်ဖရုသီးစားပြီး ကိုလက်စထရောအဆင့် ကို လျှော့ချပါ
အနီရောင်ဂရိတ်ဖရုတ်သီးကို နေ့စဉ်စားသုံးရင် မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဂျေရုဆလင် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ဒီအဖြစ်မျိုး ဟာ ကိုလက်စထရောအဆင့်တွေ အရမ်းမြင့်မားနေ ပြီးStatin ဆေးဝါးကို မတိုးသူတွေအတွက်ပါ အကျိုး ရှိပါတယ်လို့ ဆိုပါတယ်။ အနီရောင်ဂရိတ်ဖရုသီးမှာ များစွာပါဝင်တဲ့Limonin ခေါ်တဲ့ အပင်ဒြပ်ပေါင်း တွေဟာ အသည်းမှ မကောင်းတဲ့ ကိုလက်စထရော (LDL) ထုတ်လုပ်မှုကို ထိန်းချုပ်ထားနိုင်လို့ပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေ့စဉ် ဂရိတ်ဖရုသီး စားတဲ့အမျိုးသမီးတွေဟာ အပိုဆုအနေနဲ့ သုံးလအတွင်း ပေါင် ၂၀ အထိ လျော့ ကျနိုင်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေ သီတွေက ဆိုပါတယ်။
၎။ ညပိုင်းမှာ ငါးအဆီကို စားသုံးပြီး နာကျင်မှုဝေဒနာကို လျှော့ချပါ
ငါးအဆီကို နေ့စဉ် ၂၀ဝ၀ မီလီဂရမ်မှ ၃၀ဝ၀ မီလီဂရမ်အထိ သုံးရင် အဆစ်နဲ့ ကြွက်သားနာကျင်မှု ဝေဒနာ ၅၀ ရာခိုင်နှုန်းအထိ သက်သာနိုင်တာကြောင့် လေ့လာမှုပေါင်း တစ်ဒါဇင်ကျော်အရ သိရပါတယ်။ ငါးအဆီဟာ နာကျင်မှုဝေဒနာဖြစ်အောင် လှုံ့ဆော် နိုင်တဲ့ ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်နှုန်း မြန်ဆန်စေကာ နာကျင်မှုဝေဒနာခံစားမှုရအောင်၊ အလွန်အလုပ်လုပ်တဲ့ အာရုံကြောတွေကို နှစ်သိမ့်ပေး နိုင်ပါတယ်လို့ မန်ဆာချူးဆက်ရောင်ရမ်းမှု သုတေ သနအဖွဲ့မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ Barry က ပြောပါတယ်။ ငါးအဆီကို ညပိုင်းမှာ မှီဝဲရင် ပိုမိုကောင်းမွန်နိုင်ပါတယ်။ အိပ်နေစဉ်မှာ ငါးအဆီကို စုပ်ယူနိုင်စွမ်း အမြင့်မားဆုံးဖြစ်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
၅။ အအိပ်လျှော့ပြီး ဓမ္မတာအကြိုဝေဒနာပြင်းထန်မှုကို လျှော့ချပါ
ဓမ္မတာအကြိုဝေဒနာကို စတင်ခံစားရတာနဲ့ တစ်ပြိုင်နက် အောက်ဖော်ပြပါအတိုင်း လစဉ်တစ်ည လောက် စမ်းသပ်ကြည့်ပါ။ သင်ရဲ့ အိပ်ချိန်ဇယားကို ခဏတာပြောင်းလဲမှု ပြုလုပ်ရပါမယ်။ ည ၉ နာရီမှာ အိပ်ရာဝင်ပြီး မနက် ၁ နာရီမှာ အိပ်ရာမှထပါ။ သင် ရဲ့ နေ့စဉ် ပုံမှန် အချိန်ရောက်တဲ့အထိ ပြန်မအိပ်ဘဲ နေပါ။ San Diego တက္ကသိုလ်မှ သုတေသီတွေက ဒီလိုပြုလုပ် တာကြောင့် ဓမ္မတာအကြိုဝေဒနာခံစားရ သူ အမျိုးသမီး ၁၀ ယောက်မှာ ရှစ်ယောက်နှုန်း သက်သာ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဓမ္မတာ အကြို ဝေဒနာခံစားရတာဟာ ပုံမှန် အိပ်/ထမှု စက်ဝန်း အ နှောင့်အယှက်ဖြစ်တဲ့အတွက် လှုံ့ဆော်ခံရတာကြောင့် ပါလို့ The Body Clock Guide to Better Health စာအုပ်ရေးသားသူMichael က ရှင်းပြပါ တယ်။ သင်ရဲ့အိပ်စက်မှုစက်ဝန်းကို တစ်လတစ်ကြိမ် ပြောင်းလဲပေးလိုက်တာနဲ့ သင်ရဲ့ ဇီဝနာရီဟာ ပြန် လည်ပြန်လည်မြှင့်တင်နိုင်ပြီး ဒီပြဿနာကို ဖြေရှင်း နိုင်တယ်လို့ ဆိုပါတယ်။
၆။ မီးဖိုချောင်မှ အောက်ပါအစားအစာတွေ စားပြီး ကျန်းမာရေးကောင်းအောင် ပြုလုပ်ပါ
(က) မုန်လာဥနီ - သူတို့မှာ ခုခံအားစနစ် ကောင်း မွန်စေနိုင်တဲ့ ဘီတာကယ်ရိုတင်းတွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ် မုန်လာဥနီခွက် တစ်ဝက်စာ စားသုံးရုံနဲ့ အအေးမိဝေဒနာဖြစ်နိုင်ခြေ ၃၃ ရာခိုင် နှုန်း လျော့ကျနိုင်ပါတယ်။
(ခ) ကြက်သွန်နီ - ခွက်တစ်ဝက်စာကို နေ့စဉ် စားသုံးတာကြောင့် အရိုးသိပ်သည်းဆ လေးရာခိုင် နှုန်းမြင့်တက် လာနိုင်ပါတယ်။ ကြက်သွန်နီမှာ အရိုး သန်မာစေတဲ့ ဆာလဖာတွေ များစွာပါဝင်ပါတယ်။
(ဂ) ဂေါ်ဖီထုပ် - တစ်ပတ်ကို သုံးခွက်စာ စားသုံး ရုံနဲ့ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်ခန့် ကျ ဆင်းနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ သားမြတ်တစ်သျှူး တွေကို ဖျက်ဆီးမယ့် အီစထရိုဂျင်ကို ရပ်တန့်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်လို့ပါ။

credit : eainlwannaythu.blogspot.com

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။