Thursday 29 November 2012

အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ် ရန်ကုန်မြို့တွင် အခမဲ့ လာရောက်ဖျော်ဖြေမည်

http://pyae-phyo.blogspot.com
 အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သူ၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
''အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ များစွာသော အသိအမှတ်ပြုမှု၊ အလေးထားမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။ ကွဲပြားမှုရှိတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်နိုင်ဖို့ မျော်လင့်ထားပါတယ်'' ဟု လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် လာရောက်ဖျော်ဖြေမည့် ဂရမ်မီဆုရှင် အဆိုတော် မရက်ဇ် ပြောကြားသည်။
လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် MTV EXIT မှစီစဉ်သည့် အဆိုပါဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ MTV EXIT Live in Myanmar ဖျော်ဖြေမှုကို USAID၊ AusAID၊ Walk Free နှင့်အာဆီယံမိတ်ဖက်အဖွဲ့များနှင့်အတူဖန်တီးခဲ့ခြင်းဖြစ်သည်ဟု MTV EXIT ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိရုပ်သံလိုင်းနှင့် MTV ရုပ်သံလိုင်းတို့တွင် ၂၀၁၃ ခုနှစ်၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
မရက်ဇ်သည် အလားတူဖျော်ဖြေပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဖျော်ဖြေခဲ့သည်။ လူသားချင်း ခေါင်းပုံဖြတ်မှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ခဲ့သူများကိုFree the Slaves အဖွဲ့က ဂုဏ်ပြုပေးအပ်ခဲ့ သည့် Freedom Awards ဂုဏ်ပြုပွဲသို့ ၂၀၀၈ ခုနှစ်တွင် တက်ရောက်ခဲ့ပြီးနောက် လူကုန်ကူးမှုတိုက်ဖျက်ရေး အကြောင်းအရာကို စိတ်ဝင်စားလာခဲ့သည်ဟု မရက်ဇ်ကဆိုသည်။
http://pyae-phyo.blogspot.com
''လွတ်မြောက်မှုကြေညာချက်မှာ အမေရိကန်သမ္မတ လင်ကင်းလက်မှတ်ထိုးခဲ့တဲ့ အချိန်ကစပြီး ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပြီးပါပြီ'' ဟု အင်တာဗျူးတစ်ခုတွင် မရက်ဇ်က ပြောကြားခဲ့သည်။ သို့သော်လည်း လတ်တလော ခန့်မှန်းချက်အရ စီးပွားရေးကျပ်တည်းမှု ကာလအတွင်း (အထူးသဖြင့် တတိယကမ္ဘာနိုင်ငံများမှ) လူ ၂၇ သန်းနီးပါးသည် ကျွန်ပြုနေရသည်ဟု သိရှိရကြောင်း ၄င်းကပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ပညာပေးရန်၊ အားပေးတိုက်တွန်းရန်နှင့် ချိတ်ဆက်ရန် အခွင့်အလမ်းတစ်ခု ကမ်းလှမ်းသွားမည်ဟု အသက် ၃၅ နှစ်အရွယ်ရှိ မရက်ဇ်ကဆိုသည်။
ဂျေဆန်မရက်ဇ်သည် ဆန်ဒီယေဂိုးရှိ ကော်ဖီဆိုင်တွင် ဖျော်ဖြေခဲ့ခြင်းဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ထင်ရှားလာခဲ့သည်။ ကော်ဖီဆိုင်တစ်ခုတွင် စီးချက်တူရိယာတီးခတ်သူToca Rivera နှင့် တွေ့ရှိခဲ့ပြီး Live at Java Joes ကို ဖြန့်ချိခဲ့သည်။ယင်းနောက်Waiting for my Rocket to Come ကို ၂၀၀၂ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ မရက်ဇ်၏ Mr A-Z နှင့် We Sing. We Dance. We Steal Thing အယ်လ်ဘမ်တို့သည် စီးပွားရေးအရ အကြီးအကျယ် အောင်မြင်မှုရရှိခဲ့သည်။The Remedy (I Won’t Worry) “၊I’m Yours၊I won’t give up စသည့်သီချင်းများမှာ အောင်မြင်သည့်သီချင်းများဖြစ်ပြီးBillboard 200 စာရင်းတွင် ဖော်ပြခံခဲ့ရသည်။  I’m Your သီချင်းသည် စီဒီချပ်ရေ ငါးသန်းကျော် ရောင်းချနိုင်ခဲ့မှုကြောင့် RIAA မှပေးအပ်သည့် 5x platinum လက်မှတ် ရရှိခဲ့သည်။

credit - news-eleven.com

Wednesday 28 November 2012

iPhone 5 ဈေး ကျပ်တစ်သိန်းဝန်းကျင် ကျဆင်း

http://pyae-phyo.blogspot.com

iPhone 5 ဟန်းဆက်ဈေးနှုန်းများမှာ ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ပြီး နှစ်လနီးပါးအကြာတွင် ကျပ်တစ်သိန်း ၀န်းကျင်စီ ကျဆင်းလာကြောင်း သတင်းရရှိသည်။
စမတ်ဖုန်းအမျိုးအစားဖြစ်သော iPhone 5 ဈေးနှုန်းများမှာ ဈေးသိသိသာသာ ကျဆင်းလာသော်လည်း ၀ယ်လိုအား တက်မလာဘဲ    အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။
အောက်တိုဘာလ ၂၄ ရက် တွင် ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်သို့ စတင်ရောက်ရှိလာခဲ့စဉ်က iPhone 5 ဈေးနှုန်းများသည် 16GB, 32GB, 64 GB တို့တွင် ကျပ်ဆယ်သိန်း၊ ဆယ့်တစ်သိန်း နှင့် ဆယ့်နှစ်သိန်းဝန်းကျင်စီ အသီးသီးရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင်မူ ကျပ်တစ်သိန်းဝန်းကျင်စီ အသီးသီး ကျဆင်းလာသည်ဟု iNora မိုဘိုင်းဖုန်းဆိုင်မှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ချိန်က ဈေးနှုန်းမှာ နိုင်ငံတကာနှင့် ကွာဟမှု ကြီးမားခဲ့သော်လည်း ၀ယ်လိုအား များပြားခဲ့သဖြင့် ယခုကဲ့သို့ ဈေးကျလာသောအချိန်တွင် ၀ယ်သူနည်းပါးသွားရခြင်းဖြစ်ကြောင်း Apple အမှတ်တံဆိပ်သီးသန့် ရောင်းချသော ဆိုင်များက ပြောသည်။
iPhone 5 ၏ အပြိုင် Samsung ၏ Glaxy စီးရီးဟန်းဆက်များမှာလည်း ဈေးကွက်တွင် ၀ယ်လိုအားများပြားနေကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင်များထံမှ သတင်းရရှိသည်။
လက်ရှိအချိန်တွင် Apple နှင့် Samsung တံဆိပ်များမှာ နည်းပညာမြင့် Application များကြောင့် လူကြိုက်များသော်လည်း တရုတ်ထုတ်      Huawei အမှတ်တံဆိပ်များ၏ ရောင်းလိုအားကိုမူ လိုက်မမီသေးကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရသည်။

credit - 7daynewsjournal.com

အိမ်တစ်လုံးတန်ဖိုးထက်ပို၍ ဈေးကြီးသော iPhone ဟန်းဆက်

http://pyae-phyo.blogspot.com
Unique London ကုမ္ပဏီက ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဟန်းဆက်ကို တီထွင်ထုတ်လုပ်ခဲ့သည်။ အဆိုပါ iPhone ဟန်းဆက်အား အီတလီနိုင်ငံ
လုပ်သားရေ၊ ၁၈ ကာရက်ရှိ ရွှေရောင်နှင်းဆီပွင့်ကြီးနှင့် ရှားပါးသည့် ပန်းရောင်နှင့် အဖြူရောင် စိန်များကို အသုံးပြု၍ အလှဆင်ဖန်တီး ထားသည်။

၎င်း iPhone ဟန်းဆက်၏ တန်ဖိုးမှာ အိမ်တစ်လုံး တန်ဖိုးထက်ပို၍ တန်ဖိုးကြီးကြောင်း၊ မြင်ရသူတိုင်းကကြိုက်နှစ်သက်၍လိုချင်ကြမည်
ဖြစ်ကြောင်း အဆိုပါဟန်းဆက်ကို တီထွင်ဖန်တီးသူ ဒီဇိုင်နာက ပြောကြားခဲ့သည်။

၎င်းဟန်းဆက်အား ဖုန်းပြပွဲတွင် မော်ဒယ်လ်မစ်ချာဘာတန်က ပြသခဲ့ပြီး တန်ဖိုးမှာ စတာလင်ပေါင် ၁၈၉ဝဝဝ ရှိ ကြောင်း သိရသည်။
credit -facebook.com

ဈေးအကြီးဆုံး ဂျီအက်စ်အမ်ဖုန်းနံပါတ်

http://pyae-phyo.blogspot.com

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းနံပါတ်အပူးများကို ယခုလ ၁၅ ရက်က မန္တလေးမြို့တွင် လေလံတင် ရောင်းချခဲ့ရာ ဂျီအက်စ်အမ် နံပါတ်တစ်ခုအား ဈေးအမြင့်ဆုံး ကျပ် ၄၇ သိန်းနှင့် ဒဗလျူစီဒီအမ်အေ နံပါတ်တစ်ခုအား ကျပ် ၂၅ သိန်းအထိ ဈေးရရှိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရန်အတွက်ဟုဆိုတာ မိုဘိုးဖုန်းလိုင်းနံပါတ် အပူးလေလံပွဲတွင် ဂျီအက်စ်အမ် ဂဏန်းအပူးနံပါတ် ၃၇ လိုင်း နှင့် ဒဗလျူစီဒီအမ်အေ အပူးနံပါတ် ၂၃ လိုင်းတို့ကို ရောင်းချခဲ့ပြီး မူလဈေးနှုန်းထက် အဆပေါင်းများစွာမြင့်သော လေလံတင်ဈေးများဖြင့် ရောင်းချနိုင်ခဲ့သည်။
လေလံတင်ရောင်းချခဲ့သည့် ဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် ၀၉ ၄၄၄၄၄၄၄ နံပါတ်မှာ ကျပ် လေးဆယ့်ခုနစ်သိန်းဖြင့် အများဆုံးရရှိခဲ့ပြီး ယင်းနံပါတ်ကို ရန်ကုန်မြို့ခံတစ်ဦးက လေလံအောင်ခဲ့ခြင်းဖြစ်သည်။ ဒဗလျူ စီဒီအမ်အေ ဖုန်းလိုင်းများတွင် ၀၉ ၄၄၃၆၆၆၆၆၆ နံပါတ်အား မိုးကုတ်ဒေသခံတစ်ဦးက ကျပ်နှစ်ဆယ့်ငါးသိန်းဖြင့် လေလံအောင်မြင်ခဲ့သည်ဟု သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျီအက်စ်အမ် အပူးနံပါတ်များကို လေလံစနစ်ဖြင့် ရောင်းချရာတွင် နံပါတ်အများစုမှာ ကျပ်သိန်းနှစ်ဆယ်နှင့် သိန်းလေးဆယ်ဝန်းကျင်များအထိ ဈေးရရှိခဲ့ပြီး အနိမ့်ဆုံးလေလံဈေးဖြင့် ရောင်းချခဲ့ရသည့် ဈေးမှာပင် တစ်ဆယ့်လေးသိန်းငါးသောင်းရှိသည်။
ဒဗလျူစီဒီအမ်အေဖုန်းလိုင်းများ၏ လေလံနှုန်းထားဖြင့်ရောင်းချခဲ့ရသည့် ပမာဏများမှာ အနည်းဆုံး ကျပ်ဆယ့်ငါးသိန်းမှနှစ်ဆယ့် လေးသိန်းအထိ ရှိပြီး ယင်းဖုန်းလိုင်းများအနက်မှ အနိမ့်ဆုံး လေလံဈေးနှုန်းသည် ကျပ်ဆယ့်ငါးသိန်းအထိ ရှိခဲ့သည်ဟု ယင်းလေလံပွဲကို တက်ရောက်ခဲ့သည့် မန္တလေး ဒေသခံတစ်ဦးထံမှ သိရသည်။
မန္တလေးမြို့တွင် စတင်ပြုလုပ်ခဲ့သည့် အပူးဂဏန်းများပါရှိ သော မိုဘိုင်းဖုန်းနံပါတ်များကို လေလံတင်ခဲ့သည့် ပွဲသည် စောင့်ကြည့်သူများ၏ ဝေဖန်မှုများကို အများအပြားခံခဲ့ရကြောင်းလည်း အင်တာနက်ပေါ်ရှိ လူမှုဝက်ဆိုက်များမှ သိရသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုကဲ့သို့ ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများအား လေလံတင်သည့်ပွဲသည် မိုဘိုင်းဖုန်းဈေးနှုန်းများကို ထပ်မံလျှော့ချရန် အချိန်နီးကပ်လာပြီ ဖြစ်၍ ကျန်ရှိနေသေးသည့် ဖုန်းလိုင်းများကို ၀င်ငွေပိုမိုရရှိစေရန်အတွက် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းလည်း ယင်းလေလံပွဲကို စောင့်ကြည့်လေ့လာသူ အချို့က ဆိုကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် မိုဘိုင်းဖုန်းနံပါတ် အပူးများ လေလံပစ်သည့်ပွဲကို ရန်ကုန်မြို့၊ အမ်အိုင်စီတီပါ့ခ်တွင် ယခုလ ၂၂ ရက်၌ ဒုတိယအကြိမ် ကျင်းပဦးမည်ဖြစ်ပြီး နောက်နှစ်များတွင်လည်း ယခုကဲ့သို့ အစီအစဉ်အတိုင်း ထပ်မံပြုလုပ်သွားဦးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

credit- 7daynewsjournal.com

Tuesday 27 November 2012

tslhost.dll

tslhost.dll , tslhost.dll fixer , tslhost

http://pyae-phyo.blogspot.com
 ကျွန်တော်ပိုစ့်ကလည်းရေးတစ်ချက်မရေးတစ်ချက်နဲ့ ခုကတော့ dll extension ဖိုင်တစ်ခုတင်ပြမယ်ဗျာ။ ထည့်နည်းကတော့ တခြား dll extension ထည့်နည်းနဲ့မတူပါဘူး။ The Sims 3 အတွက် Crack file ပါ။ စက်ထဲမှာထည့်မှ crack ဖိုင်တစ်ခုဖြစ်တာပါ။ နောက်တစ်ခုက keygen ပါ။ razor ကထုတ်ပေးတဲ့ဟာပါ။ ကျွန်တော်အားရင်တင်ပေးမယ်ဗျာ။ ခင်ဗျားတို့လောလောဆယ်ဒီဟာလေးပဲကူးလိုက်ပေါ့။ မနည်းရအောင်ရှာထားတာပါ။ midupload က  download ဆွဲမယ်ဆိုရင် ရက်၃၀အတွင်း download ယူပါ...လင့်သေနေမှာဆိုးလို့လေ။



www.pyae-phyo.blogspot.com
 ထည့်နည်းကတော့ C:\Program Files\Electronic Arts\The Sims 3\Game\Bin ထဲကနေ tslhost.dll ကို copy ဆွဲပြီးထည့်လိုက်ပါ။

အဆင်ပြေကြပါစေဗျာ။ ပြည့်ဖြိုး...

Saturday 17 November 2012

Google Chrome v18.0.1025464 [Android]

Google Chrome v18.0.1025464 [Android], Google Chrome v18.0.1025464, Google Chrome
www.pyae-phyo.blogspot.com

ကျွန်တော်လည်း ပိုစ့်မရေးတာကြာပါပြီ။ သူများဆီကကူးဖြစ်တာလွဲလို့ပေါ့။ ကျွန်တော်ခု Google Chrome ကို Android မှာထည့်ဖို့ ဆော့ဝ်လ်လေးဝေမျှပေးလိုက်ပါတယ်။ ဘယ်လောက်ထိသုံးလို့ကောင်းသလဲဆိုတာကိုသိမှာပါ။ အောက်ပါပုံလေးကိုကြည့်လိုက်ဦး။ ဘယ်လောက်ထိကောင်းသလဲဆိုတာကို...Android မှာရမှာ။ တခြားဖုန်းအမျိုးစားမှာမရဘူး။ ခင်ဗျားတို့ surf လုပ်နိုင်ပါစေ။
www.pyae-phyo.blogspot.com
www.pyae-phyo.blogspot.com

www.pyae-phyo.blogspot.com

www.pyae-phyo.blogspot.com

www.pyae-phyo.blogspot.com

www.pyae-phyo.blogspot.com

www.pyae-phyo.blogspot.com

Download button ကိုကလစ်ပါ။ အရင်လင့်က ppt98.co.cc ဖြစ်ပါတယ်။ co.cc ကအလုပ်မဖြစ်တဲ့အတွက်... tayelay.allalla.com သို့ download လင့်ပြောင်းလိုက်ပါတယ်။ အားလုံးကို တောင်းပန်ပါတယ်။
www.pyae-phyo.blogspot.com

Download button လေးကို click ရုံနဲ့...mirrors အများကြီးနဲ့ထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ။ ပြည့်ဖြိုး...


Friday 16 November 2012

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

www.pyae-phyo.blogspot.com
                                   
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိ
ုအပ်လာတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊
သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊

သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။

အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ

မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။


မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊

မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊

အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊

ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊

ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊

ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။

သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -

၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -

Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊

Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။


Mahayana and Theravada

Now, what is the difference between Mahayana and Theravada?

I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between

Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.

2- The Four Noble Truths are exactly the same in both schools.

3- The Eightfold Path is exactly the same in both schools.

4- The Paticca-samuppada or the Dependent Origination is the same in both schools.

5- Both rejected the idea of a supreme being who created and governed this world.

6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။


စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာမှာ http://www.kusala.org/မှာလေ့လာနိုင်ပါသေးတယ်။။
ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင်.သည်ထင်၍ ပြန်လည်မျှဝေခြင်းသည်ဖြစ်ပါသည်။
 

Tuesday 13 November 2012

စက်ရုပ်လေးနဲ့အပျင်းပြေစကားပြောမယ်

SmiSimi Chats, စက်ရုပ်လေးနဲ့အပျင်းပြေစကားပြောမယ်
http://pyae-phyo.blogspot.com

SimSimi က ကိုရီးယားကလုပ်တဲ့ ချက်တင်လေးပါ။ စက်ရုပ်လေးနဲ့ချက်ဖို့ပေါ့။ မြန်မာလိုကော၊ အင်္ဂလိပ်လိုကော၊ ဘာသာပေါင်းများစွာရေးလို့ရပါတယ်။ Teach ကိုသွားရင်သင်ပေးဖို့ပေါ့။ ဒါပေမယ့် ခင်ဗျားတို့ဆဲတာတွေတော့ မသင်ပေးခဲ့နဲ့ဗျာ။ ဒါလေးတော့တောင်းဆိုအပ်ပါတယ်။ အရမ်းချက်လို့ကောင်းတယ်။ ကိုယ်ရဲ့ဂျီတော့ပ်မှာလူမရှိဘူးဆိုရင် ဒါလေးကအရမ်း ကောင်းပါတယ်။

သင်တို့ကော...စမ်းကြည့်ပါလား။



http://pyae-phyo.blogspot.com


Click here [Simsmi Chat]
 

Click Here ကို ကလစ်ပြီး ပြောနိုင်ပါတယ်ခင်ဗျား။ အဆင်ပြေပါစေ။ ဒါက ပြန်လည်ဝေမျှတာပါ။ ပြည့်ဖြိုး

Free Proxy List [13/11/2012]

Free Proxy List [13/11/2012] , proxy list , free proxy list , proxy , proxy and port list , free proxy and port list
http://pyae-phyo.blogspot.com
Free Proxy List [11/11/2012] , proxy list , free proxy list , proxy , proxy and port list , free proxy and port list
ကျွန်တော်ခု proxy နဲ့port တွေအကုန် share မယ်။ ကျွန်တော်ဝင်မရတဲ့ဆိုဒ်တွေအများကြီး။ ခင်ဗျားတို့လည်း ၀င်မရတာရှိမှာပေါ့။ အဲ့ဒီတော့ နိုင်ငံခြားကလူတွေကို ခိုင်းစရာမလိုတော့ဘူး။ ပြီးတော့ ကိုယ်ယောင်အနည်းငယ်ဖျောက်ဖို့အတွက်အရမ်းကောင်းမှာပေါ့။ အလကားရတာ share မယ်။ password နဲ့ username မလိုပါ။ အရမ်းသုံးလို့ကောင်းမယ်လို့ ခင်ဗျားသတိထားမိမယ်။ ကွန်နက်ရှင်တော့ပုံမှန်ထက်နှေးသွားမယ်နော်။ စက်တော့မနှေးဘူး။ ခုဟာက HTTP ပါ။ Https အတွက်တင်ပေးဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် မသေချာသေးပါဘူး။ ခုက ကျွန်တော်ကျောင်းစာတွေနဲ့ရုန်းကန်နေရတာဆိုတော့ ပိုစ့်တောင်ဖို့အချိန်မရပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ရုန်းကန်နေဆဲပါ။

ခင်ဗျားတို့ proxy မထည့်တတ်ရင်ထည့်နည်းက [ဒီမှာ] ပါ။

မေ့လို့။ လိုချင်ရင် အောက်က Click Here လေးမှာ ကြိုက်တဲ့ တစ်ခုယူပါဗျာ။ ဟဲဟဲ။ နိုင်ငံပါပါတယ်နော်၊ ဒါမှသူများကိုခြောက်လှန့်လို့ရမှာဗျ။ အနည်းဆုံး ၁၀ခုထည့်ထားပါတယ်။



Click here [10 Proxy and Port List]

ကောင်းကောင်းမွန်မွန်ကလိနိုင်ပါစေဗျာ။ အဆင်ပြေပါစေ။ ကျွန်တော်အားရင်အားသလို proxy list အသစ်လေးတွေထပ်ဖြည့်ပေးပါ့မယ်။

Other free proxy list : Free Proxy List [1/11/2012]
                                 Free Proxy List [3/11/2012]
                                 Free Proxy List [11/11/2012]

Monday 12 November 2012

လင့်တွေအားလုံးကို ning.it လင့်အဖြစ်နဲ့တိုအောင်လုပ်မယ်

Converting long URL to short URL as ning.it

အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါလေးက ကျွန်တော်သိတာကြာပါပြီ။ အရမ်းလည်းလွယ်ပါတယ်။ Ning ဆိုဒ်ရဲ့ main(ပင်မစာမျက်နှာ) မှာလည်းလုပ်လို့ရပါတယ်။ လုပ်နည်းကတော့ နည်းနည်းနဲ့လွယ်ပါတယ်။ ခင်ဗျားတို့သိရင်ရွှေ၊ မသိရင်တော့အကျိုးမရှိဘူးပေါ့။ bit.ly လိုတော့မဟုတ်ပါဘူး။ login လုပ်စရာမလိုဘူး။ virus လင့်တောင်တိုအောင်လုပ်လို့ရတယ်၊ ဒါပေမယ့်ဆိုးချက်က ning.it အတွက်လောလောဆယ် scanner မရှိသေးပါဘူး။ စာကိုဆုံးအောင်ဖတ်ပါ။ ကဲကဲ။ပြောတော့မယ်။ [attention---နည်းလမ်းကိုကြည့်မယ်ဆိုရင်ပုံကို click လုပ်ပါ]


http://[site].ning.com/profiles ကိုသွားလိုက်ပါ။ ကျွန်တော်ကတော့ http://whitestrength.ning.com/profiles ကိုဥပမာထားပြီးတင်ထားတော့မယ်။ ဒါကသင့်ရဲ့ စာမျက်နှာ [သို့မဟုတ်] အိမ်လေးပေါ့နော်။ အဲ့မှာ သင်လိုချင်တဲ့လင့်ကိုထည့်ပါ။ ဥပမာ - http://pyae-phyo.blogspot.com/ ..လင့်အစစ်ကိုထည့်ဗျာ။ ခင်ဗျားတို့ လင့်အရှည်ကြီးတွေထိုးချင်လည်းထိုးထားလိုက်။

ပြီးတော့ Shorten URL လို့ပေါ်လာမယ်။ မပေါ်မီစောင့်ရမယ်၊ ခင်ဗျားတို့ဆီမှာရှိနေတဲ့ကွန်နက်ရှင်ပေါ်မူတည်ပြီး ကြာမယ်။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံအတိုင်းစောင့်လိုက်ပေါ့နော်။

ပြီးရင် http://ning.it/[xxxxxx] ဆိုပြီး ဘာညာတစ်လာကာပေါ်လာမယ်။ ပြီးရင် မိမိတို့ရဲ့ Address Bar မှာထည့်။
Ning.it အဖြစ်ပြောင်းထားတဲ့လင့်တွေကိုစမ်းကြည့်ပါဦး။ ကျွန်တော်မွှေထားတာ(virus မဟုတ်ပါ)
Links: http://ning.it/QD8jjH
http://ning.it/QD1VJj
http://ning.it/QD8vPV


အားလုံးဟာ redirection ဖြစ်ပါတယ်။ ဟဲဟဲ။ အရမ်းလွယ်တယ်မလား။ အဆင်မပြေက http://pyae-phyo.blogspot.com ကိုမေးပါ။ ကျွန်တော်က သူများဆိုဒ်မှာလျှောက်ရေးတယ်၊ ဒါပေမယ့် မေးချင်ရင် http://pyae-phyo.blogspot.com မေးပါ။ Facebook ပါသိချင်ရင် http://www.facebook.com/PyaePhyoTechno ပါ။ အဆင်ပြေပါစေ... ပြည့်ဖြိုး



Pictures flying as a snake around the mouse pointer

http://pyae-phyo.blogspot.com

address bar မှာထည့်လိုက်ပါ။ mozilla firefox ဆိုရင်အကောင်းဆုံးပေါ့။ အကောင်းဆုံးဥပမာ -Google Images ကိုသွားပြီးမိမိလိုချင်တဲ့ပုံကိုရှာဖွေပါ။ ပုံများရပါက ခင်ဗျားတို့ ကျွန်တော်အောက်ပါပေးတဲ့ကုဒ်ကိုထည့်ပြီး မွှေလိုက်။ စက်ကတော့ နည်းနည်းလေးသွားမယ်။ မြွေလို မိမိတို့ mouse pointer ရွေ့အတိုင်းလှုပ်နေတာဆိုတော့။ မလှုပ်စေချင်ရင် ပိတ်လိုက်ပါ။ ဟိဟိ။ ပုံရှိတဲ့ဆိုဒ်တိုင်းမှာစမ်းလို့ရပါတယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ အဆင်မပြေက www.pyae-phyo.blogspot.com ကိုမေးပါ။ ကျွန်တော်နောက်ဆိုရင် javascript လှည့်ကွက်လေးတွေကိုအားရင်အားသလိုတင်ပေးမယ်ဗျာ။


javascript:R=0; x1=.1; y1=.05; x2=.25; y2=.24; x3=1.6; y3=.24; x4=300; y4=200; x5=300; y5=200; var DI= document.getElementsByTagName("img"); DIL=DI.length; function A(){for(i=0; i<DIL; i++){DIS=DI[ i ].style; DIS.position='absolute'; DIS.left=Math.sin(R*x1+i*x2+x3)*x4+x5+"px"; DIS.top=Math.cos(R*y1+i*y2+y3)*y4+y5+"px"}R++}tag=setInterval('A()',5 );document.onmousedown=function(){clearInterval(tag);for(i=0; i<DIL; i++){DI[i].style.position="static";}}; void(0)
အမဲရောင်နဲ့လုပ်ထားတဲ့ box လေးကိုကူးပြီး ခင်ဗျားတို့ address မှာကလိကြပါနော်။ အဆင်ပြေပါစေ။ ကျွန်တော်အားလပ်ချိန်အတွင်းတင်ပေးဦးမယ်။ ပြည့်ဖြိုး....

Sunday 11 November 2012

Free Proxy List [11/11/2012]

Free Proxy List [11/11/2012] , proxy list , free proxy list , proxy , proxy and port list , free proxy and port list
www.pyae-phyo.blogspot.com
ကျွန်တော်ခု proxy နဲ့port တွေအကုန် share မယ်။ ကျွန်တော်ဝင်မရတဲ့ဆိုဒ်တွေအများကြီး။ ခင်ဗျားတို့လည်း ၀င်မရတာရှိမှာပေါ့။ အဲ့ဒီတော့ နိုင်ငံခြားကလူတွေကို ခိုင်းစရာမလိုတော့ဘူး။ ပြီးတော့ ကိုယ်ယောင်အနည်းငယ်ဖျောက်ဖို့အတွက်အရမ်းကောင်းမှာပေါ့။ အလကားရတာ share မယ်။ password နဲ့ username မလိုပါ။ အရမ်းသုံးလို့ကောင်းမယ်လို့ ခင်ဗျားသတိထားမိမယ်။ ကွန်နက်ရှင်တော့ပုံမှန်ထက်နှေးသွားမယ်နော်။ စက်တော့မနှေးဘူး။ ခုဟာက HTTP ပါ။ Https အတွက်တင်ပေးဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် မသေချာသေးပါဘူး။ ခုက ကျွန်တော်ကျောင်းစာတွေနဲ့ရုန်းကန်နေရတာဆိုတော့ ပိုစ့်တောင်ဖို့အချိန်မရပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ရုန်းကန်နေဆဲပါ။

ခင်ဗျားတို့ proxy မထည့်တတ်ရင်ထည့်နည်းက [ဒီမှာ] ပါ။

မေ့လို့။ လိုချင်ရင် အောက်က Click Here လေးမှာ ကြိုက်တဲ့ တစ်ခုယူပါဗျာ။ ဟဲဟဲ။ နိုင်ငံပါပါတယ်နော်၊ ဒါမှသူများကိုခြောက်လှန့်လို့ရမှာဗျ။ အနည်းဆုံး ၁၀ခုထည့်ထားပါတယ်။



Click here [10 Proxy and Port List]

ကောင်းကောင်းမွန်မွန်ကလိနိုင်ပါစေဗျာ။ အဆင်ပြေပါစေ။ ကျွန်တော်အားရင်အားသလို proxy list အသစ်လေးတွေထပ်ဖြည့်ပေးပါ့မယ်။

Other free proxy list : Free Proxy List [1/11/2012]
                               Free Proxy List [3/11/2012]

Saturday 10 November 2012

svchost.exe ကဘာကြောင့်အရေးပါသလဲ?

svchost.exe ကဘာကြောင့်အရေးပါသလဲ? What is svchost.exe? Is it virus or not?
www.pyae-phyo.blogspot.com

svchost.exe က Windows ရှိတဲ့စက်တိုင်းမှာအသုံးဝင်ကြတယ်လို့သိတယ်မလား။ အဲ့ဒါကိုမနေ့ကကျွန်တော်ကိုင်တဲ့ Windows XP စက်မှာ End Process လုပ်လိုက်တယ်။ အဲ့မှာ Blue Screen Error ကြီးတက်လာတယ်။ လက်ယားကြည့်တာနော်။ဘာလို့အရေးပါသလဲဆိုတာသိရမှာပါ။

svchost.exe က virus လို့ထင်တဲ့လူတွေရှိပါတယ်။ ကျွန်တော်ပြောချင်တာက svchost.exe က စက်ရဲ့အဓိကအရာလေးပါ။ svchost ရဲ့အဓိပ္ပါယ်ဟာ Service Host ပါ။ အဲ့ဒါ virus မဟုတ်ပါဘူး။ svchost.exe က virus တက်သွားရင် စက်က ကောင်းကောင်းအလုပ်မလုပ်တော့တာသိသိကြီးပါ။ အဲ့ဒီ svchost.exe ကိုရပ်မယ့်နည်းရှိပါတယ်။ ဒါပေမယ့် ဆော့ဝ်လ်သုံးရမှာပါ။ Windows Task Manager နဲ့လုပ်ရင် ဒိုင်းဒိုင်းဖြစ်ကုန်မယ်ဗျာ။ လုပ်နည်းကတော့ နောက်မကြာမီပြောမှာပါ။

အဲ့ဒီ svchost.exe က function အများကြီးကိုလုပ်ဆောင်ပေးနေတဲ့အတွက်သတ်လို့မလွယ်ပါဘူး။ Virus ၀င်သွားရင် သတ်တဲ့နည်းရှိပါတယ်။ Virus ၀င်သွားရင် Windows တင်ရင်တောင်အစဉ်မပြေပါဘူး။

သိရသလောက်တင်ထားတာပါ။ ကျွန်တော်ကပညာရှင်မဟုတ်ပါ။ ပြည့်ဖြိုး...

Saturday 3 November 2012

Free Proxy List [3/1/2012]

Free Proxy List [1/1/2012] , proxy list , free proxy list , proxy , proxy and port list , free proxy and port list
www.pyae-phyo.blogspot.com
ကျွန်တော်ခု proxy နဲ့port တွေအကုန် share မယ်။ ကျွန်တော်ဝင်မရတဲ့ဆိုဒ်တွေအများကြီး။ ခင်ဗျားတို့လည်း ၀င်မရတာရှိမှာပေါ့။ အဲ့ဒီတော့ နိုင်ငံခြားကလူတွေကို ခိုင်းစရာမလိုတော့ဘူး။ ပြီးတော့ ကိုယ်ယောင်အနည်းငယ်ဖျောက်ဖို့အတွက်အရမ်းကောင်းမှာပေါ့။ အလကားရတာ share မယ်။ password နဲ့ username မလိုပါ။ အရမ်းသုံးလို့ကောင်းမယ်လို့ ခင်ဗျားသတိထားမိမယ်။ ကွန်နက်ရှင်တော့ပုံမှန်ထက်နှေးသွားမယ်နော်။ စက်တော့မနှေးဘူး။ ခုဟာက HTTP ပါ။ Https အတွက်တင်ပေးဖို့အစီအစဉ်ရှိတယ်။

ခင်ဗျားတို့ proxy မထည့်တတ်ရင်ထည့်နည်းက [ဒီမှာ] ပါ။

မေ့လို့။ လိုချင်ရင် အောက်က Click Here လေးမှာ ကြိုက်တဲ့ တစ်ခုယူပါဗျာ။ ဟဲဟဲ။ နိုင်ငံပါပါတယ်နော်၊ ဒါမှသူများကိုခြောက်လှန့်လို့ရမှာဗျ။ အနည်းဆုံး ၁၀ခုထည့်ထားပါတယ်။


Click here [10 Proxy and Port List]

ကောင်းကောင်းမွန်မွန်ကလိနိုင်ပါစေဗျာ။ အဆင်ပြေပါစေ။ ကျွန်တော်အားရင်အားသလို proxy list အသစ်လေးတွေထပ်ဖြည့်ပေးပါ့မယ်။

Other free proxy list : Free Proxy List [1/1/2012]