Saturday 6 April 2013

Gmail စာတစ်ခုကို အချိန်နဲ့သတ်မှတ်ပြီးပို့စေလိုလျှင်

မင်္ဂလာပါ။ ကျွန်တော်အခု Gmail လှည့်ကွက်နဲ့ပတ်သတ်တဲ့ ခေါင်းစဉ်တစ်ခုတင်ပါမယ်။ ဥပမာ - သင့်သူငယ်ချင်းမနက်ဖြန်မွေးနေ့ကို Gmail နဲ့ မနက်အတိအကျပို့ချင်တယ် ဒါပေမယ့် သင်က မအားဘူးဆိုရင် အချိန်အလိုအလျောက်ပို့ပေးမှာပါ။


http://pyae-phyo.blogspot.com
ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။
သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။



Install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။



http://pyae-phyo.blogspot.com

အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း Send Later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။

ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ်
Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။
တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။
Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။


အဆင်ပြေပါစေ။ သူက ကန့်သတ်ချက်ရှိလို့ သတိထားသုံးစေလိုပါတယ်။ လေးစားစွာဖြင့်,YGNBlogger

Nokia N97 နှင့် iPhone 3G ကွာဟချက်

မင်္ဂလာပါ။ ကျွန်တော်အခု လတ်လတ်ဆတ်ဆတ်ရှိတဲ့ပိုစ့်တစ်ခုတင်လိုက်ပါ့မယ်။ Technological Villa ကိုလာရောက် အားပေးသော စာဖတ်ပရိသတ်အတွက် နှိုင်းစရာ ဟန်းဆက်နှစ်လုံးကို နှိုင်းပြပါမယ်။ Nokia N97 နဲ့ iPhone 3G ပါ။ ဖတ်ကြည့်ပါအုံး။ ကဲ။ အကယ်လို့ သင်ဟာ iPhone 3G နဲ့ Nokia တစ်လုံးလေး ကောက်လာရတယ်ဆိုပါတော့.... သင်အဲ့ဒါကို ဘာကွာလဲကြည့်ရအောင်...။
http://pyae-phyo.blogspot.com
Nokia N97 က Nokia ကုမ္ပဏီထုတ်ဖြစ်ပြီး iPhone 3G မှာ Apple ကုမ္ပဏီထုတ်ဖြစ်ပါတယ်။ Nokia N97 နဲ့ iPhone 3G ဆိုရင် iPhone 3G ကပိုမိုကောင်းမွန်ပြီး မြန်ဆန်လှပါတယ်။ Nokia N97 က 360 အကျယ်ရှိပြီး အရှည်မှာတော့ 640 ရှိပါတယ်။ iPhone 3G မှာတော့ 320 အကျယ်ရှိပြီး 480 pixel လောက်ရှည်ပါတယ်။ Nokia N97 ကီးဘုတ်ကတော့ QWERTY ကီးဘုတ်အမျိုးအစားဖြစ်ပြီး touch screen ပါ။ QWERTY ကီးဘုတ်ဟာ စာရိုက်ရသူအလွန်ခက်ခဲပါတယ်။ Huawei Android ဖုန်းမှာလည်း အဲ့ဒီ ကီးဘုတ်ရှိပါတယ်။ iPhone 3G လည်း touch screen နဲ့ စာရိုက်ရတာပါပဲ။

တစ်ခုထူးခြားတာကတော့ Nokia N97 က stand by ဆိုရင် 430 နာရီခံနိုင်ပါတယ်။ သို့သော် iPhone 3G မှာ 300 နာရီပဲခံသာပါတယ်ဗျာ။ talk time ဆိုရင်တော့ iPhone 3G လေးကပိုမိုခံသာပါတယ်။ talk time မှာ ၆.၆၆ နာရီလောက်ခံသာက Nokia N97 ဖြစ်ပြီး ၊ ၁၀နာရီလောက်ခံသာက iPhone 3G လေးဖြစ်နေပါတယ်။

iPhone 3G ရဲ့ Processor Speed က 624 MHz ဖြစ်ပြီး Nokia N97 မှာ 434 MHz ဖြစ်နေပါတယ်။ Nokia N97 ကိုမှာ ထူးခြားတာက External Memory မှာ SD Card လေးဆိုတာ ပါလာပါလိမ့်မယ်။ iPhone 3G မှာတော့ လုံးဝမပါဘူး။ Nokia N97 ရဲ့ camera resolution မှာလည်း 5 Megapix ဖြစ်ပြီး၊ iPhone 3G မှာ 2 Megapix ဖြစ်ပါတယ်။

iPhone 3G မှာ ဘာ flash မှမရှိပါဘူး။ Nokia N97 မှာတော့ Dual Led ဆိုတဲ့ flash light ပါတယ်ဗျ။ Nokia N97 မှာ Video ရိုက်ကူးလို့ရပါတယ်။ iPhone 3G မှာတော့ ငုတ်တုတ်လေးပါပဲ အမှန်တော့ video ရိုက်လို့မရပါဘူး။ 

Nokia N97 ရဲ့ဘက်ထရီအားက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက 1500 mAhဖြစ်ပါတယ်။ iPhone 3G မှာတော့ 1400 mAh ပဲရှိပါတယ်။ Nokia N97 က နာမည်ကြီး system Symbian v9.4 ကိုယူထားတာဖြစ်ပြီး iPhone 3G ကတော့ iOS ပါ။ iPhone မှာတော့ platform မရှိပါဘူး။ Nokia N97 ရဲ့ platform ကတော့ Series 60 5th Edition ဖြစ်ပါတယ်။

Nokia N97 နဲ့လိုင်းအမိကောင်းတဲ့ ဖုန်းလိုင်းတွေကတော့
  • HSDPA 1900
  • HSDPA 2100
  • HSDPA 900
  • GSM 1800
  • GSM 1900
  • GSM 850
  • GSM 900
တွေဖြစ်ပါတယ်။

iPhone 3G နဲ့လိုင်းအမိကောင်းတဲ့ ဖုန်းလိုင်းတွေကတော့
  • HSDPA 1900
  • HSDPA 2100
  • HSDPA 850
  • GSM 1800
  • GSM 1900
  • GSM 850
  • GSM 900

Nokia N97 ရဲ့ Edgeက ကတော့ Class 32 ဖြစ်ပြီး iPhone 3G က Class 10 ဖြစ်ပါတယ်။ Nokia N97 မှာ Radio/FM ပါတယ်။ သူတို့တော့ microphone ရှိမှသာ ဖွင့်လို့ရမှာဖြစ်ပါတယ်။ iPhone 3G မှာတော့ အဲ့ဒီ function တွေမပါဘူး။ Nokia N97 မှာ HSCSD နဲ့ PTT ပါပါတယ်။ iPhone 3G မှာတော့ မပါပါဘူး။  Nokia N97 ရဲ့ အလေးအချိန်ကတော့ ၁၅၀ ဂရမ်ရှိပြီး iPhone 3G က 133 ဂရမ်ရှိပါတယ်။


မတူတာလေးတွေပဲရှင်းပြတာပါ။ ကျွန်တော်အခုပုံနဲ့ပြမယ်ဗျာ။ ရှုစားပါဦးနော်။

ဒါက iPhone 3G နဲ့ Nokia N97 ရဲ့ခြားနားချက်ကို ပုံနဲ့ပြထားတာပါ။ အပြာရောင်က Nokia N97 ဖြစ်ပြီး အစိမ်းရောင်က Apple iPhone 3G ဖြစ်ပါတယ်။


http://pyae-phyo.blogspot.com

အပြာရောင်က Nokia N97 ပါ။ iPhone 3G က အစိမ်းရောင်ပါ။ ခု 3D စတိုင်လ်နဲ့ size ကွာဟမှုကို ပြပါလိမ့်မယ်။
http://pyae-phyo.blogspot.com

ကဲ။ ရှင်းပြတဲ့အပိုင်းတော့ပြီးပြီဗျာ။ သင်သေချာတွေးပေါ့ ... Nokia N97 နဲ့ iPhone 3G ကြားမှာ ဘယ်ဟာပိုပြီးအသုံးတည့်လည်းဆိုတာကိုပေါ့။

လေးစားစွာဖြင့် , YGNBlogger

Friday 5 April 2013

တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း

မင်္ဂလာပါ။ ကျွန်တော် YGNBlogger ပါ။ ယနေ့ Technological Villa ရဲ့ လတ်လတ်ဆတ်ဆတ် article ကိုပြောပြပါ့မယ်။ အဲ့ဒါတရုတ်ဟန်းဆက်အကြောင်းဖြစ်ပါတယ်။ တရုတ်ဟန်းဆက်နဲ့နှိုင်းပြပါမယ်ဗျာ။ အောက်ပါအတိုင်းစိတ်ရှည်လက်ရှည်ဖတ်ပါ။
http://pyae-phyo.blogspot.com

၁။ ၃ မိနစ်အားသွင်း ပြီးလျှင် အားပြည့်ကြောင်း ပြခြင်း။
၂။ ဖုန်းတွင် တီဗီ၊ Touch screen, Nail cutter, firelighter တို့ ပါရှိခြင်း။
၃။ touch screen ကိုသွားကြားထိုးတံဖြင့် အသုံးပြုနိုင်ခြင်း။
၎။ စာလုံးပေါင်း မှားနေခြင်း။ ဥပမာ - NokLa, blackderry, i-pom, samswag, j-phone
၅။ လေယာဉ်ပျံဖြတ်သွားလျှင် Miss call record လုပ်ခြင်း။
၆။ အားမသွင်းပဲ တစ်ပတ်ကြာ ပစ်ထားလျှင် ပါဝါဖွင့်မရတော့ခြင်း၊ အားသွင်း မရတော့ခြင်း။
၇။ iPhone အစစ်မှာ Radio မပါခြင်း။ တရုတ်ဖုန်းမှာတော့ Radio နှင့်နှားကျပ် ပါခြင်း။
၈။ စာလုံးတွေအရမ်းကြီးနေပြီ။ ထုံးစံ Font size ဖြင့်မတူခြင်း။
၉။ iPhone 4S အစစ်မှာ ကိုယ်ပိုင် background image ပြောင်းလို့ရပြီး  တရုတ်iPhone4Sမှာတော့ လုံးဝ ပြောင်းလို့မရခြင်း။
၁၀။ Handset ဟမ်းခြင်း(လေးခြင်း)။
၁၁။ အစစ်နဲ့အရောင်ကွာခြားခြင်း။
၁၂။ Cover အစစ်သို့ တပ်လို့မရခြင်း။
၁၃။  Manual, Regulations တွေမပါခြင်း။
၁၄။ Functions နည်းပါးခြင်း။
၁၅။ Video ဖွင့်ရင် လေးလန်ခြင်း။