Saturday 29 September 2012

HyperSnap 2.70 Portable

Hypersnap , HyperSnap 2.70 , Hypersnap old version , Hypersnap portable



www.pyae-phyo.blogspot.com
HyperSnap 2.70 က အင်တာနက်မှာရှာလို့မတွေ့တာခက်တယ်ဗျ။ ခုတော့ Portable လေးပေးထားပါတယ်။ Serial က အဲ့ဒီ Download ဖိုင်မှာပါပါတယ်။ 1995 ထုတ်လုပ်တာပေါ့။ Win1995 ရတယ်ဆိုပဲ။ ဒါပေမယ့် ကျွန်တော့်စက် Windows 7 နဲ့ Windows XP မှာစမ်းတော့အလုပ်ဖြစ်တယ်ဗျ။

Download Now ကို click ပါ။ virus မရှိပါ။ အခက်အခဲမရှိပါ။


www.pyae-phyo.blogspot.com
HyperSnap 2.70 Portable.exe ကိုဖွင့်လိုက်ပါ။ Help >> Register ပြီးတော့ အောက်ပါအတိုင်း box လာပါလိမ့်မယ်။ SERIALNO. ကိုဖွင့်ပြီး Enter License မှာထည့်လျှင် full version ဖြစ်သွားပါမည်။ မည်သို့မျှ Unregistered HyperSnap မပြတော့ပါ။


မေ့တော့မလို့ အောက်က Password နော်။ အဆင်ပြေပါစေ။
Password ကတော့ 

Saturday 22 September 2012

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို



http://pyae-phyo.blogspot.com/
 
GSM ဖုန်းများ ကိုနှစ်သိန်းကျပ်သို့ ပြောင်းလဲရောင်းချစဉ် စောင့်ဆိုင်းဝယ်ယူနေကြသူများကို ဧပြီလအတွင်းက တွေ့ရစဉ်
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမနှစ်စီမံကိန်းအတွက် မိုဘိုင်း ဖုန်းအလုံးရေ လေးသန်းကို၂၀၁၂ခုနှစ်၊ မတ်လမှစတင်ပြီး GSM ဖုန်း Sim  Card တစ်ကဒ်ကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ WCDMA  ဖုန်းတစ်လုံးလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါသည်။
ထိုသို့ ရောင်းချပေးခဲ့ပြီးနောက်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ငွေကျပ်နှစ်သိန်းတန် GSM ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်၊ ငွေကျပ်နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင်ခန့်ကို အများပြည်သူထံသို့ ရောင်း ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရွှေဂုံတိုင်)မှ သိရှိရပါသည်။
ထို့ကြောင့် ငွေကျပ်နှစ်သိန်းတန် ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၁၆၀၊ နှစ်သိန်းငါးသောင်းတန် WCDMA  ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင် ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ငွေဘီလျံပေါင်း ၂၁၀ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးအတူပူးပေါင်း လုပ်ဆောင်သည့် ကုမ္ပဏီများမှ ရရှိကြမည်ဖြစ်သည်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း၏ ပထမနှစ် စီမံကိန်း မိုဘိုင်းဖုန်းအလုံး ရေလေးသန်းအတွက် အခြေခံအဆောက် အအုံများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုင်းတပ်ဆင်ခြင်းများနှင့် ပြည်ပမှ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ၀ယ်ယူတင်သွင်းခြင်း စသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ငွေကျပ်ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းလုံးရေ လေးသန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှုငွေကျပ် ဘီလျံ ၅၀၀ ရှိချိန်တွင် မိုဘိုင်းဖုန်း  အလုံးရေတစ်သန်းအတွက် ရင်းနှီးမြှုပ်နှံစရိတ်မှာ ငွေကျပ် ၁၂၅ ဘီလျံ ခန့် ပျမ်းမျှကုန်ကျမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် ရရှိငွေမှာ ကျပ်ငွေဘီလျံ ၂၁၀ ရှိသည့်အတွက် အမြတ်ငွေ ကျပ် ၈၅ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ရရှိထားပြီး ဖြစ်ပါသည်။ အဆိုပါ အသားတင် အမြတ်ငွေ ၈၅ ဘီလျံ သည် ၂၀၁၂ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း ရရှိခဲ့သော ငွေပမာဏမျှသာ ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းဖုန်း အလုံးရေ ခုနစ်သိန်းခုနစ်သောင်းအတွက် အင်တာနက် တပ်ဆင်ပေးခဲ့ခြင်းအတွက် စုစုပေါင်း ငွေကျပ် ၇ ဒသမ ၇ ဘီလီယံကိုလည်း ယခုနှစ်ကာလအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ရရှိထားခဲ့ပါသည်။

Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ် ၃၀၀၀မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ်အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း အတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများမှာ ရတနာပုံတယ်လီပို့နှင့် Elite နှင့် Asia Mega Link(Asia World ကုမ္ပဏီ၏လုပ်ငန်းခွဲ) အစရှိသော ကုမ္ပဏီများမှ အဓိကလုပ်ဆောင် နေပြီး Global တယ်လီဖုန်းကုမ္ပဏီ၊ Zaw & Zaw ကုမ္ပဏီ၊ မြန်မာပိတောက်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီ၊ IGE  ကုမ္ပဏီ၊ အောင်ချမ်းသာ ရောင်းဝယ်ရေးကုမ္ပဏီ၊ တာမိုးညဲချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်၊ Fortune ကုမ္ပဏီ၊ Active Business Consol-idation Service ကုမ္ပဏီလီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သြဂုတ်လအတွင်းက ရရှိခဲ့သော စာရင်းများအရ သိရှိရသည်။
အဆိုပါ ကုမ္ပဏီများတွင် ရတနာပုံတယ်လီပို့သည် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်ပါသည်။ Elite Tech ကုမ္ပဏီမှာ ထူးကုမ္ပဏီပိုင်လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။
''Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ့် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ်  ၃၀၀၀ မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ် ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ် အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။ ပြည်သူ့မျက်နှာကို မထောက်ဘဲ ဆက်သွယ်ရေးလုပ်ငန်း၊ သူတို့နဲ့ နီးစပ်ရာ crony ကုမ္ပဏီအချို့ပဲ ကြီးပွားအောင်လုပ်ပေးနေတဲ့သဘော ဖြစ်နေပါတယ်''ဟု ပြည်တွင်းရှိ အိုင်တီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိသွားနေသည့် ပုံစံမှာမူ ယခင်အစိုးရလက်ထက် ပုံစံများအတိုင်း ဆက်သွယ်ရေးလုပ်ငန်းကို လည်ပတ်နေသည့် အခြေအနေတွင်သာရှိနေပြီး သိသာသောပြောင်းလဲမှု ပုံစံသစ်များ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ အထူးသဖြင့် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် အမြတ်ငွေများ ရရှိနေသည့်တိုင် ဖုန်းဈေးနှုန်း လျော့ချမပေးနိုင်သေးသည့် အခြေအနေက သာဓက တစ်ခုဖြစ်နေကြောင်း သိရသည်။
''ဖုန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လွှတ်တော်မှာ တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါက ဆက်သွယ်ရေးမှာ ချုပ်ကိုင်မှုတွေများနေတဲ့ကိစ္စ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဖို့ကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍမှာ Puplic ကုမ္ပဏီတွေထူထောင်ပြီး ဆောင်ရွက်ဖို့ကိစ္စ တွေကို မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့တာပါ။ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Sim Card ပေါ်မှာ အရင်းကြေပြီး အမြတ်ရတဲ့အထိ စဉ်းစားပြီးဆောင်ရွက်နေလို့ အခုလို ဖြစ်နေတာပါ။ ဆက်သွယ်ရေးကဏ္ဍအတွက် တာဝါတိုင်တွေ Network တွေဆောက်ရတယ်။ ဒီအတွက် ရင်းနှီးမြှပ်နှံရတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပဲ အစမှာတော့ ရင်းနှီးမြှုပ်နှံကြရတာပဲ။ နောက်ပိုင်း တဖြည်းဖြည်း အရင်းကျော်ပြီး အမြတ်ရလာကြတာပဲ။ ဒီမှာက အစကတည်းက အရင်းကြေပြီး အမြတ်လို ချင်နေကြတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
နိုင်ငံတော်သမ္မတကိုယ်တိုင်က အပြောင်းအလဲများ တိုးမြှင့်ဆောင်ရွက်ရန် ပြောထားသည့်အချိန်တွင်  ဖုန်းဈေးနှုန်းများကို လျော့ကိုလျော့ချပေးရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားသည်။
''နိုင်ငံတော်သမ္မတကြီးကလည်း အပြောင်းအလဲတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြောနေတဲ့အချိန်မှာ ဖုန်းဈေးနှုန်းတွေက လျော့ကိုလျော့ချပေးရမယ့် အချိန်ပါ။ ဆက်သွယ်ရေး ဒုဝန်ကြီးဦးသောင်းတင် ပြောထားတဲ့စကား ရှိပါတယ်။ ဘတ်စ်ကားစီးတာ ဘတ်စကားစီးခပဲ ပေးဖို့လိုတယ်။ ဘတ်စ်ကားဝယ်စီးဖို့ မလိုဘူး။ အဲလိုပါပဲ ဖုန်းပြောတဲ့နေရာမှာ ဖုန်းကတ်ကိုဝယ်သုံးရတယ်ဆိုတာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ဆက်သွယ်ရေး network ဆိုတာ တစ်ခါလုပ်ထားပြီးရင် အကြာကြီး သုံးလိုရပါတယ်။ အခုခေတ်ပြောင်း စနစ်ပြောင်း ဖြစ်နေပါပြီ။ အခုရောင်းနေတဲ့ နှစ်သိန်းဆိုတာ ၁၅သိန်းနဲ့စာရင် နည်းလာပေမယ့် ဈေးနှုန်းတွေ ထပ်လျော့ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားလိုပါတယ်''ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ပါသည်။
''မိုဘိုင်းဖုန်း Sim Card များတွေကို နိုင်ငံတကာမှာ အလကားပေးနေတဲ့အချိန်မှာ ဒီမှာဈေးကြီးပေးပြီး မနည်းကိုမျော်ပြီး ၀ယ်နေရတဲ့ အပြင်ကို အခုပဲ တစ်သိန်းတန် ထွက်တော့မလိုလို ၅ ထောင်တန်ပဲ ထွက်တော့မလိုလိုနဲ့ ၀ယ်မဲ့သူတွေက ဟိုဟာစောင့်ရနိုးနိုး ဒီဟာပဲဝယ်ရ နိုးနိုးနဲ့ နောက်ဆုံးမစောင့်နိုင်တဲ့သူက နောက်ဆုံးတော့ အရစ်ကျနဲ့ရောင်းတာကို ၀ယ်တဲ့သူက၀ယ်နဲ့။ တစ်ဖက်ကလည်း အရစ်ကျနဲ့ ၀ယ်နေတုန်းရှိသေး ဒီထက်ဈေးနည်းတာက ထွက်လာ။ အခု နှစ်သိန်းတန်၊ ငါးသိန်းတန်ဖုန်းတွေ ၀ယ်ကိုင်ရတာလဲ အလုပ်လုပ်နေရတဲ့အတွက် မတတ်သာလို့ ၀ယ်သုံးရတာ။ မဟုတ်ရင် ဒီဖုန်းတွေက အားပေးချင်စရာတောင် မရှိဘူး''ဟု  နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးဖြစ်သူ ကိုထက်လင်းစိုးက ပြောသည်။
''ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင်တော့ (မြန်မာ့ဆက်သွယ်ရေး) တစ်ခုတည်းဖြစ်နေသေးသရွေ့ အထူးသဖြင့် သူကလွဲလို့ ရွေးချယ်စရာ မရှိသေးသရွေ့ကတော့ သူလုပ်ချင်တိုင်း လုပ်တဲ့ဒဏ်တော့ ကျွန်တော်တို့ ခံနေရဦးမှာပဲ။ ဖြစ်သင့်တဲ့ အနေအထားတစ်ခုက Competitive Market   ဖြစ်လာဖို့က လိုကို လိုအပ်တယ်။ အဲဒါမရှိပဲကျတော့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ သူတို့က Competitive  Force ဖြစ်မလာခင်အချိန်လေးမှာ တတ်နိုင်သမျှ ကြိုသယ်ထားမှဆိုတဲ့ပုံစံမျိုးနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်''ဟု Myanmar Link ကုမ္ပဏီ မှ CEO ကိုသီဟက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကော်ပိုရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အစရှိသည်တို့မှာ ငွေကျပ်တစ်သိန်းသုံးသောင်းနှင့် ငွေကျပ်ရှစ်သောင်းတန် မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုသော သတင်းများ လူထုအကြားတွင် ပျံ့နှံ့နေ သော်လည်း အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေး ၀န်ဆောင်မပေးသည့် Operator အဖြစ် ဆောင်ရွက်ရန် ၀န်ဆောင်မှုလိုင်စင် ရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ၀န်ကြီးဌာနတို့တွင် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားပါသည်။
ဆက်သွယ်ရေးဏ္ဍတွင် ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ၂၀၁၂ ခုနှစ်စက် တင်ဘာလ ၇ရက်နေ့၊ နေပြည်တော်ရှိ  မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှုသည်များစွာ နောက်ကျကျန်ရစ်ခဲ့ရာ လက်ရှိပုံစံအတိုင်း မပြောင်းလဲဘဲ ဆက်သွားပါက ပို၍သာ နောက်ကျဖွယ်ရာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူတစ်ရာလျှင် တယ်လီဖုန်း ၆လုံး ၇လုံး သုံးစွဲနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ယခုထက် ပိုမိုသုံးစွဲနေကြောင်း၊ ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမှီ လိုက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
''ဆင်းကတ်တန်ဖိုးဆိုရင်လည်း ကျပ် ၅၀၀၀ တောင် မဟုတ်ဘူး။ ဆင်းကတ် အလကားဖြစ်ရမယ့်အပြင် ၀ယ်ယူသူတွေကို မိနစ် ၂၀၀ အလကား ဆက်ခွင့်ပြုတာမျိုး၊ ဟန်းဆက်တစ်လုံး လက်ဆောင်ပေးတာမျိုးထိ ဖြစ်သင့်တာပါ။ အဲဒီအတွက် လည်း Business Model ကို ပြောင်းပစ်ဖို့ လိုပါမယ်။ ဘတ်စ်ကားစီးတဲ့ သူတစ်ယောက်ဟာ ကားစီးခကိုပဲ ပေးရတာပါ။ ဘတ်စ်ကားဖိုးပေးစရာ မလိုပါဘူး။ ဒီလိုပဲ ကွန်ပျူတာပစ္စည်းရောင်းတာနဲ့ ကွန်ပျူတာသင်တန်းကျောင်းတို့ရဲ့ ပုံစံချင်း မတူပါဘူး။ ကွန်ပျူတာပစ္စည်း ရောင်းရင်းဝယ်ရင်းထားရတဲ့ ပစ္စည်းတစ်ခု အတွက်ချက်ချင်း အမြတ်လိုချင်ပေမယ့် ကွန်ပျူတာသင်တန်းကျောင်းမှာတော့ ရင်းထားရတဲ့ ပစ္စည်းဖိုးကို ချက်ချင်း ကျေချင်လို့ မရပါဘူး။ ဒီသဘောပါပဲ။ မိုဘိုင်းဖုန်း ကုမ္ပဏီ အနေနဲ့လည်း ကာလတစ်ခုထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ရေရှည်ဝန်ဆောင်မှု ပေးသွားရမယ့် ကိစ္စမျိုးပါ''ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဒုတိယ၀န်ကြီး မဖြစ်မီ သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြောကြားထားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်သည့်အနေဖြင့် ဆက်သွယ်ရေးကဏ္ဍကို Operator လေးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့မှ Operator နှစ်ခု ရယူမည်ဖြစ်ကာ ကျန်နှစ်ခုကို Tender စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားပါသည်။ မိုဘိုင်းဖုန်းဈေးလျော့မှုတွင် အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခု လုပ်ငန်းလည်ပတ်ချိန်တွင် ဖြစ်လာနိုင်သည်ဟူသော သုံးသပ်မှုများရှိ နေသော်လည်း အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခုသည် ခရိုနီ (Croney) များကြီးစိုးသော ကုမ္ပဏီများသာ ရရှိခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာနိုင်မည်နည်းဆိုသော မေးခွန်းများ ထွက်ပေါ်နေပါသည်။

အရှေ့တောင်အာရှ နိုင်ငံအချို့၏ ပြည်တွင်းဖုန်းခေါ်ဆိုခ
နှုန်းထားများ
နိုင်ငံ ကုမ္ပဏီ တစ်မိနစ်နှုန်းထား(US) အသုံးပြုသူ
စင်္ကာပူ Singtel ၀ .၀၇ ၃ .၁၆ သန်း
ဗီယက်နမ် Vinaphone ၀ .၀၆ ၄ .၉၆ သန်း
မလေးရှား Telestial ၀ .၁၁ ၃ .၅၆ သန်း
အင်ဒိုနီးရှား T-Mobile ၀ .၀၄ ၇ .၆၈ သန်း
ထိုင်း D-Tac ၀ .၀၆ ၂၃ .၂ သန်း
(မှတ်ချက် - ပျမ်းမျအမြင့်ဆုံး ခေါ်ဆိုခနှုန်းထားများဖြစ်ပြီး Service Plan ပေါ်မူတည်ကာ သက်သာသည့် နှုန်းထားများဖြင့်လည်း
ခေါ်ဆိုနိုင်မည်ဖြစ်သည်။)

 credit : news-eleven.com

ပြည်တွင်းစစ် ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို တရားစွဲပြီ

ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ချီတက် ဆန္ဒပြသူတွေ ထဲက ခေါင်းဆောင် တချို့ကို သက်ဆိုင်ရာက ခွင့်ပြုချက် မရဘဲ စီတန်း လှည့်လည်တယ် ဆိုတဲ့ ပုဒ်မ ၁၈ နဲ့ စနေနေ့မှာ တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။

သောကြာနေ့ ညနေကတည်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကနေ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ ခွင့်ပြုချက် မရဘဲ စီတန်းလှည့်လည် သူတွေကို ဖြတ်သန်းသွားတဲ့ မြို့နယ် ၁၀ မြို့နယ် စလုံးမှာ တရားစွဲမယ် ဆိုတဲ့ အတိုင်း စီတန်းလှည့်လည်တဲ့ ထဲက ခေါင်းဆောင် ၄ ယောက်ကို လှိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်မှာ တရားစွဲလိုက်တာ ဖြစ်ပါ တယ်။

ဆန္ဒပြသူတွေဟာ ပြည်တွင်းစစ် ရပ်စဲရေး ပိုစတာတွေ ကိုင်ဆောင်ပြီး သောကြာနေ့က ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ဆူးလေဘုရား ကနေ အင်လျား ကန်စောင်းကို ချီတက် လမ်းလျှောက် ခဲ့ကြတာ ဖြစ်ပါတယ်။

တရားစွဲခံရသူတွေ ကတော့ မျိုးဆက်သစ် လူငယ်များ အစည်း အရုံးက ကိုမိုးသွေး၊ ကိုကျော်ဘိုဘို၊ မထွေးယုမွန်၊ မခင်စန္ဒာညွန့်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြခွင့် တင်ခဲ့ ပေမယ့် သက်ဆိုင်ရာက ခွင့်ပြုမပေးလို့ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ စီတန်း လှည့်လည် ကြတာ ဖြစ်တဲ့ အကြောင်း ကိုမိုးသွေးက ပြောပါတယ်။

နောက်ပြီး စီတန်း လှည့်လည် ရာမှာ ဘာ ပြဿနာမှ မတက် ခဲ့တဲ့ အတွက် ဥပဒေကြောင်း အရ ရင်ဆိုင် သွားမယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း လူငယ် ၃၀ လောက်က ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်နားထိ ငြိမ်းချမ်းရေး ပိုစတာတွေ ကိုင်ပြီး စီတန်း လမ်းလျှောက် ခဲ့လို့၊ အဲဒီ အထဲက ဦးဆောင်သူ ကိုနေမျိုး၊ ကိုဘိုဘိုဟန်နဲ့ ကိုအောင်သူ တို့ ၃ ယောက်ကို တောင်ကြီး ရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲ လိုက်ပါတယ်။

တရားစွဲခံရသူ အားလုံးကို အာမခံနဲ့ နေထိုင်ခွင့် ပေးထားပြီး တရားရုံးမှာ အမှု ရင်ဆိုင် ရမယ်လို့ ကိုနေမျိုးက ပြောပါတယ်။

ပဲခူးတိုင်း ပြည်မြို့မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပ ဖို့ စီစဉ် ခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူ တောင်ပေါ် ကျောင်းက ဆရာတော် ဦးဝိမလကိုလည်း တိုင်း သာသနာရေး ဦးစီးမှူးနဲ့ အဖွဲ့က ဆင့်ခေါ်ပြီး နောက်နောင် နိုင်ငံရေး အဖွဲ့ အစည်းတွေနဲ့ မပတ်သက် ပါဘူး ဆိုတဲ့ ခံဝန် ကတိမှာ လက်မှတ် ထိုးခိုင်း ခဲ့တယ်လို့ သိရပါတယ်။

www.pyae-phyo.blogspot.com
ဆူးလေဘုရား ကနေ အင်လျား ကန်စောင်း အထိ ချီတက် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်

credit : bbc.co.uk

ရွန်နီစကား အမှားကို အိုဘားမား တုံ့ပြန်

သမ္မတ ဘားရက် အိုဘားမားက ရီပတ် ဘလစ်ကန် ပြိုင်ဘက် မစ်ထ် ရွန်နီဟာ အမေရိကန် ပြည်သူ တချို့ကို တန်ဖိုး မထားဘူးလို့ စွပ်စွဲ လိုက်ပါတယ်။

အမေရိကန် မဲဆန္ဒရှင် အတော်များများကို ထိပါး ပုတ်ခတ် လိုက်သလို ဖြစ်တဲ့ စကားကို ရီပတ် ဘလစ်ကန် သမ္မတ လောင်း မစ်ထ် ရွန်နီက သီးသန့် ရန်ပုံငွေ ရှာပွဲ တခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတ တယောက် အနေနဲ့ အမေရိကန် တနိုင်ငံလုံးကို ကိုယ်စား ပြု ရမှာ ဖြစ်တယ်လို့ သမ္မတ ဖြစ်စမှာပဲ သူသိရှိ ခဲ့ကြောင်း ရုပ်သံ ဆွေးနွေးခန်း အစီအစဉ် တရပ်မှာ မစ္စတာ အိုဘားမား ပြောကြား ပါတယ်။

သူ့ကို မဲမပေး တဲ့ သူတွေ အတွက် ပိုပြီး ဖိဖိစီးစီး ဆောင်ရွက် ပေးမယ်လို့ ရွေးကောက်ပွဲ ပြီးပြီးချင်း ကတိပေး ခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။

http://pyae-phyo.blogspot.com/
မစ်ထ်ရွန်နီ ပြည်သူကို တန်ဖိုး မထားလို့ စွပ်စွဲ

credit : bbc.co.uk

ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်ဆု လက်ခံ

၂၀ဝ၈ ခုနှစ်မှာ အမေရိကန် ကွန်ဂရက် က ဂုဏ်ပြုခဲ့တဲ့ Congressional Gold Medal တံဆိပ် ကို ဒေါ်အောင်ဆန်းစုကြည် ဗုဒ္ဓဟူး နေ့က လက်ခံ ခဲ့ပါတယ်။

ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနား ကို အမေရိကန် Capitol Hill ကွန်ဂရက် လွှတ်တော် မှာ ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အပါအဝင် လွှတ်တော် ၂ ရပ်လုံး က အမတ်တွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က အခုပွဲ ကိုတက်ရောက် ရ တဲ့ အခါ စိတ်လှုပ်ရှား စရာ အကောင်းဆုံး အဖြစ် တွေ ထဲ က တခု ကို ကြုံရ သလို ပါပဲ လို့ ဆိုရင်း သူ့ရဲ့ မိန့်ခွန်း ကို စတင်ခဲ့ပါတယ်။

မြန်မာပြည်ဒီမိုကရေစီရေး ကို နှစ်ရှည်လများ တစိုက်မတ်မတ် ထောက်ခံခဲ့တဲ့ အမေရိကန် လွှတ်တော် အမတ် တွေ ကို ကျေးဇူး အထူးတင်ကြောင်း ပြောကြားခဲ့သလို မြန်မာ့ ဒီမိုကရေစီ ရေး ကို ထူးထူးကဲကဲ အားပေးခဲ့ပြီး ကွယ်လွန် သွားရှာပြီ ဖြစ်တဲ့ အောက် လွှတ်တော် အမတ် တွန် လန်းတော့စ် ကို တွေ့ဆုံခွင့် မရတော့လို့ ဝမ်းနည်းရကြောင်း ပြောခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ရေး ပြုပြင်ပြောင်းလဲ မှု နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အခက်အခဲတွေ ရှိပေမယ့် အားလုံး ဝိုင်းဝန်း ကြရင် အောင်မြင်မှာ မလွဲဘူး လို့ ယုံကြည်ကြောင်း လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အိုဘားမား က လည်း အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံ ခဲ့ပါတယ်။

http://pyae-phyo.blogspot.com/
 ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ မိန့်ခွန်း ပေးစဉ်
http://pyae-phyo.blogspot.com/
အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်

credit : bbc.co.uk

Saturday 15 September 2012

ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပြဿနာတွေ ကြုံနေရတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်အတွက် လက်ဘနွန် နိုင်ငံဟာ စံနမူနာ တခုအဖြစ် ပြသဖို့ ပုပ်ရဟန်းမင်းကြီး ဘန်းနဲဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး စနေနေ့က ကြွလာတဲ့ Beirut မြို့မှာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး သမ္မတ နန်းတော်မှာ လက်ဘနွန် အစိုးရ တာဝန်ရှိသူတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

လက်ဘနွန်မှာ ရှိကြတဲ့ ခရစ်ယာန်နဲ့ မူစလင်တွေဟာ ရာစုနှစ်တွေနဲ့ချီပြီး အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြသလို၊ တချို့မိသားစုတွေမှာ ဆိုရင်လည်း ဘာသာ ၂ မျိုးစလုံးကို ကိုးကွယ်ကြသူတွေတောင် ရှိတယ်လို့ ရဟန်းမင်းကြီးက မိန့်ခဲ့ပါတယ်။ ဒီလိုမျိုး မိသားစု တစုမှာတောင် ဖြစ်နိုင်တယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း တခုလုံးမှာရော ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

တွေ့ဆုံမှုမှာ ပါဝင်သူ လက်ဘနွန် ခေါင်းဆောင် တယောက်ဖြစ်တဲ့ Sheikh Mohammad Rachid Qabbani ကတော့ ရဟန်းမင်းကြီးကို စာတစောင် ပေးအပ်ခဲ့ပြီး ဒီအထဲမှာတော့ ခရစ်ယာန် တယောက်ကို တိုက်ခိုက်တယ်ဆိုရင် မူစလင် တယောက်ကို တိုက်ခိုက်သလို သဘောထားမှာ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

စနေနေ့နှောင်းပိုင်း လူငယ်တွေကို တရားဟောရာမှာတော့ ဆီးရီးယား လူငယ်တွေအပေါ် ဂရုဏာ ဖြစ်မိတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့သလို၊ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လေးစားသလို၊ အခုအခါ ခရစ်ယာန်နဲ့ မူစလင် အတူလက်တွဲပြီး အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေကို အဆုံးသတ်ရမယ့် အချိန် တန်နေပြီလို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။
http://pyae-phyo.blogspot.com 
ပုပ်ရဟန်းမင်းကြီး ဘန်းနဲနစ် (Pope Benedict)

4Shared Premium Link Generator (15/9/2012)

4Shared Premium Link Generator , Premium Link , Premium Link Generator , 4Shared free premium link generator , Link Generator , Free Link Generator,  generator , 4share , 4Share premium generator site, 4Shared premium generator 2012,4S premium link generator, 4Shared premium link generator free
http://pyae-phyo.blogspot.com


4Shared Premium Link Generator ကိုနေ့စွဲလိုက်ကြော်ငြာမည်ဖြစ်ပါတယ်။ (Check more on pyae-phyo.blogspot.com) . အဲ့ဒါတင်မကပါဘူး၊ တခြား Premium Link Generator တွေပါအားရင်အားသလို share သွားမှာဖြစ်ပါတယ်။ ဒီတစ်လ၊နှစ်လတော့သိပ်မအားပါဘူး။ ခွင့်လွတ်ပေးဖို့တောင်းဆိုပါတယ်။ ကျွန်ုပ်ဆိုဒ်ကိုလာသောဧည့်သည်တော်များကျေးဇူးတင်ပါတယ်။

http://pyae-phyo.blogspot.com
Click here! (4Shared only)

http://pyae-phyo.blogspot.com

Click here! (4Shared only)


Click Here! (4Shared with other supports)

Click here! (4Shared with other supports)



Click here! (4Shared only)

Click here! (4Shared with other supports)

 Click here! (4Shared with other supports)



Rapidshare Premium Link Generator: Click here!
Other Premium Link Generator(s): Click here!

 7 Premium Accounts Generator (*All Available)

The Best keyword to find :

Friday 14 September 2012

အခက်ကြုံတွေ့သော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်သံရုံးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက် ခက်ခဲတဲ့ ရက်တွေကို ရင်ဆိုင်နေရပေမဲ့ ကမ္ဘာကြီးအတွက်နဲ့ တခြားသူတွေရဲ့ လွတ်မြောက်ရေးအတွက် အမေရိကန်ရဲ့ ဆောင်ရွက်မှုတွေ ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ပြောခဲ့ပါတယ်။

လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ်ကြီး Christopher Stevens  နဲ့ သံဝန်ထမ်း ၃ ယောက် တို့ရဲ့ အလောင်းတွေ Washington မြို့တော်နားမှာရှိတဲ့ လေတပ် အခြေစိုက်စခန်းဆီ သောကြာနေ့က ပြန်ရောက်လာတဲ့ အခမ်းအနားကို ဒုတိယသမ္မတ Joe Biden, နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့လဲ တက်ရောက်ခဲ့ကြပါတယ်၊ တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ရုပ်ရှင်အပေါ် မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေက Benghazi မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြကြရင်း အမေရိကန် သံတမန် ၄ ယောက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်သံရုံးဥပစာကို အကြမ်းဖက်တာဟာ ဘယ်လိုမှကို လက်မခံနိုင်ဘူးလို့  သေဆုံးသွား ၄ ယောက်ကို ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး Clinton က ပြောကြားခဲ့ပါတယ်၊ Egypt, Libya, Yemen, နဲ့ Tunisia ပြည်သူတွေဟာ လူအုပ်စု အကြမ်းဖက်မှုဝါဒကို လိုချင်လို့ အာဏာရှင် အစိုးရတွေကို ဖြုတ်ချခဲ့ကြတာမဟုတ်ဘူးလို့ ဝန်ကြီး Clinton ကပြောပါတယ်၊ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ ရုပ်ရှင်ဟာ အင်မတန်မှ ဆိုးဝါးလှတယ်၊ ဒါဟာ အမေရိကန်နဲ့ ဘာမှ မပတ်သက်ဘူးလို့လဲ ပြောကြားခဲ့ပါတယ်။

http://www.pyae-phyo.blogspot.com
 လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်

credit -burmese.voanews.com

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများပျံ့နှံ့

အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ကားကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ လေးရက်မြောက်အဖြစ် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် အဖွဲ့အစည်းတွေ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာတော့ အမေရိကန်သံရုံးအနီးမှာ ၄ ရက်ကြာ ဆက်လက်ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံး အသုံးပြုပြီးတော့ လူစုခွဲခဲ့ ရပါတယ်။

အခုသတင်းပတ်စောစောပိုင်း အီဂျစ် နဲ့ လစ်ဗျား နိုင်ငံတွေမှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ယီမင် အီရန် အီရတ် ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေကို ပြန့်နှံ့ခဲ့ပါတယ်။

ဒီအတောအတွင်း လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့က အမေရိကန်သံရုံးကို အကြမ်းဖက် စီးနင်းခဲ့မှုမှာ ပါဝင်ပတ်သက် ခဲ့သူတွေလို့ သံသယရှိသူ ၄ ဦးကို လစ်ဗျားအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ လစ်ဗျားအာဏာပိုင်တွေက အသေးစိတ် အချက်လက်တွေကိုတော့ မကြေညာပါဘူး။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ်စတိုဘာ စတီဗင်နဲ့ သံရုံး ၀န်ထမ်း ၃ ဦး အသတ်ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်ဟာ အလယ်လ်ခိုက်ဒါး အကြမ်းဖက် အဖွဲ့အပေါ် ထောက်ခံသူတွေရဲ့ လက်ချက်လား ဆိုတာကိုတော့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက စုံစမ်းနေဆဲဖြစ်ပါတယ်။ သူတို့မှာ တိကျတဲ့ အထောက်အထား တွေတော့ မရှိသေးပါဘူးလို့ ပြောပါတယ်။

http://pyae-phyo.blogspot.com
 အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြသူများ
credit -burmese.voanews.com

ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြဿနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ

ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု ပြသနာများမှာ နယ်စပ်ဒေသများတွင်သာ အများဆုံးဖြစ်ပွားနေပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနည်းပါး နေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။
“ငွေစက္ကူအတုတွေ အများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကို အကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်း အရ ညွှန်ကြားထားတာတွေ ရှိ ပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိတွေ့နေရတာက သာမန်တွေ့ ရှိမှုပါ။ သာမန်ထက်ပိုလာလို့ အလုံးအရင်းတွေ့လာပြီဆိုရင် လက်ရှိ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း ထက်ပိုပြီး စုံစမ်းစစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုး ရိမ်စရာမဟုတ်သေးတဲ့ အတွက် ဗဟိုဘဏ်အနေနဲ့ အထူးတလည် စီစဉ်မှု မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်။
လက်တလောကာလတွင် ပြည် တွင်း ငွေစက္ကူ လည်ပတ်သုံးစွဲမှုများ၌ ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေသဖြင့် ငွေကျပ်၅၀၀၀ တန် များအား ပြည်သူများ သုံးစွဲရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေပြီး အချို့ သော နေရာများတွင် ငွေစက္ကူ ကျပ် ၅၀၀၀ တန်အား အထူးတလည် စစ်ဆေးမှုများနှင့်  ကျပ် ၅၀၀၀ တန်အစား ကျပ်၁၀၀၀ တန်ကိုသာ အထူးပြုတောင်းခံလေ့ ရှိနေကြောင်း ပြည်သူများထံမှ သိရှိရပါသည်။
“ငွေစက္ကူအတုပြသနာက အခုမှ မဟုတ်ပါဘူး ဟိုတုန်းကလည်း ရှိခဲ့ပါတယ်။ ၅၀၀၀ ကျပ်တန်တွေ မှာ အတုတွေ တွေ့နေတဲ့ ပြသနာ ကလည်း အခုမှ မဟုတ်ပါဘူး။ ၅၀၀၀ ကျပ်တန်စထုတ်ကတည်းက တွေ့နေတာပါ။ ဘာပဲပြောပြော ဒီလို ငွေတုပြသနာတွေမှာ အထိအနာဆုံး က နွမ်းပါးတဲ့ ပြည်သူတွေပါ။ လုပ်အားခ ရလာတဲ့ငွေ ၅၀၀၀ ကျပ်တန်ကို အတုအစစ်မခွဲနိုင်လို့ ယူလာပြီးမှ ရဲလက်အပ်ရမယ်ဆိုရင် သူ့စားဝတ်နေရေး ဘယ်လိုဖြေရှင်း မလည်း။ ကြပ်မတ်စစ်ဆေးနိုင်ရင် တော့ အကောင်းဆုံးပေါ့”ဟု ပုဂ္ဂလ ကဘဏ်အကြံပေးတစ်ဦးက ပြောကြားခဲ့ပါသည်။
မည်သူမဆို ငွေစက္ကူုကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကို ဖြစ်စေ လိမ်လည်အတုပြုလျင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက် နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉(က)အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ကိုဖြစ်စေ တစ်မျိုးမျိုး ကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်
အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင်ငွေစက္ကူုကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉(ခ)အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေ ဒဏ်လည်းချမှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်း သိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင် သည်ဟု ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပြခဲ့သည်။
ငွေစက္ကူအတုပြသနာများ ကြောင့် ပြည်သူများအကြား ငွေသုံးစွဲမှု အခက်တွေ့နေခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ် သူ ဒေါ်ညိုညိုသင်းက” ငွေစက္ကူ အတုပေါ်တယ်ဆိုကတည်းက နိုင်ငံ တော်မှာ တာဝန်ရှိနေပြီ။ ဒီလိုငွေတု ပြသနာဟာ အခြေခံလူတန်းစား အပေါ် အဓိကရိုက်ခတ်နေမယ်၊ နစ် နာနေမယ်ဆိုရင် ငွေတုမပေါ်အောင် လုပ်ရမယ်။ မသိနားမလည်တဲ့ ပြည်သူ့ဆီက ငွေတုကို တန်ဖိုးတူ ပြန်လဲပေးတာမျိုးတွေ လုပ်ရမယ်။ နောက်ပြီး ငွေတုပြသနာကို ဖြေရှင်းဖို့အတွက် အဆင့်မြင့်နည်းပညာတွေ သုံးပြီး ငွေစက္ကူသစ် ထုတ်တာမျိုး၊ နိုင်ငံခြားကုမ္ပဏီကို မြန်မာနိုင်ငံသုံး ငွေစက္ကူအဆင့်မှ ထုတ်ဖို့အတွက် အပ်တာမျိုးတွေ လုပ်ရပါမယ်” ဟု သူမ၏ ယူဆချက်အား ပြောကြားခဲ့ ပါသည်။
မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုး အမြင့်ဆုံးငွေစက္ကူဖြစ်သည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူအား ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် စတင်သုံးစွဲခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည့် ကျပ် ၁၀၀၀၀တန် ငွေ စက္ကူမှာ ပြည်သူများအကြားတွင် လည်ပတ်သုံးစွဲနိုင်မှု မရှိသေးသဖြင့် ပြည်သူများလက်ရှိ သုံးစွဲနေသည့် တန်ဖိုးမြင့် ငွေစက္ကူမှာ ကျပ် ၅၀၀၀ တန်သာ ဖြစ်နေသဖြင့် ငွေတုပြသ နာများ မကြာခဏ ဖြစ်ပွားနေပြီး နောက် သုံးစွဲရပိုမိုခက်ခဲနေခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဟွာမိုင်းကျေးရွာတွင် ကျပ် ၅၀၀၀ တန် ငွေတု ကျပ်သိန်း ၁၅၀ ကျော်အား အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးမိကြောင်းနှင့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ဈေးဝယ်လာသူ အမျိုးသမီးငယ်တစ်ဦးထံမှ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများ ဖမ်းဆီးခဲ့မိကြောင်းကို ပြည်ပမီဒီယာအချို့မှ ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

credit - news-eleven.com

မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် အခမဲ့အင်တာနက် အသုံးပြုနိုင်ပြီ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် တွင်နိုင်ငံခြားသား ဧည့်သည် များနှင့် ပြည်တွင်း ဘုရားဖူးပြည်သူများသည် ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာ နက် အခမဲ့အသုံးပြုနိုင်ပြီဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ကပြော ကြားသည်။
အဆိုပါ အခမဲ့အင်တာနက်စနစ်ကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိက လုပ်ငန်းရှင် များ ကလာရောက် လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှ စ၍ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ မှ တာဝန် ရှိသူ ဦးစိုးစိုးက ပြောသည်။
"လှူဒါန်းတဲ့အဖွဲ့က အရင်ကလည်း ရွှေတိဂုံစေတီတော်ကြီးမှာ ဒီလို အခမဲ့ အင်တာနက်စနစ်မျိုး လှူဒါန်းထားတာပါ။ မဟာမုနိ ဘုရားကြီး မှာလည်း ဒီလိုမျိုး လှူဒါန်းဖို့ကို မျှော်လင့်နေတာပါ၊ ဒီလိုမျိုး လာလှူတဲ့ အတွက် ၀မ်းသာပါတယ်" ဟု ၎င်းက ပြောသည်။
အင်တာနက်စနစ်ကို အသုံးပြုရာတွင် ကတ်စနစ်ဖြင့် အသုံးပြုနိုင် မည်ဖြစ်ပြီး လတ်တလောတွင် အင်တာနက်အသုံး ပြုနိုင်မည့် ကတ်အရေအတွက်အရ နိုင်ငံခြားသား ဧည့်သည်များအတွက် ပထမ အဆင့်အဖြစ် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး တစ်ကတ်လျှင် မိနစ် ၃၀ အသုံးပြုနိုင်မည်ဖြစ်ကာ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ အသုံးပြုနိုင်မည်ဖြစ် ကြောင်း ဦးစိုးစိုးက ပြောသည်။
"ကတ်မှာပါတဲ့ နံပါတ်တွေကိုမိမိရဲ့ ဖုန်းမှာရိုက်ထည့်ပြီးတော့ သုံးရမှာပါ၊ အသုံးပြုလိုတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ကတ်တွေကိုဂေါပက ရုံးခန်း မှာ လာရောက်ထုတ်ယူဖို့ ကြေညာသွားပါမယ်၊ နောက်ပြီးတော့ ဘုရားဇောင်းတန်း လေးခုမှာ စာတန်း ချိတ်ပြီး ကြေညာမယ်၊ ပြည်ပဧည့်သည်တွေကို ဦးစားပေး မည်ဆိုပေမယ့် ပြည်တွင်းဘုရားဖူးတွေ လိုအပ်လာပြီဆိုရင်လည်း ဆောင်ရွက် ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ public area များတွင် အင်တာနက်အသုံးပြုနိုင်ခြင်း ဖြင့် နိုင်ငံခြားသားဧည့်သည်များ အတွက် ဆက်သွယ် မှု ပိုမိုလွယ်ကူသွားစေနိုင်ပြီး လာမည့် ၂၀၁၃ ဆီးဂိမ်းအတွက်လည်း ရည်ရွယ် လှူဒါန်းခြင်းဖြစ်ကြောင်း အင်တာနက်လှူဒါန်းရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် vakok online game မှ တာဝန်ရှိသူ ကိုထက်နိုင်က၊ပြောသည်။
"ပြည်ပကဧည့်သည်တွေက ဒီနိုင်ငံ လာရင် ဖုန်းတွေကိုင်ဖို့မလွယ်တဲ့အပြင် ဖုန်းမှာ အင်တာနက်လိုင်းရဖို့ကလည်း မလွယ်ဘူး၊ ပြီးတော့ public area တွေ မှာ အင်တာနက်လိုင်းတွေရရင် သူတို့ အတွက် အဆင်ပြေသွားမယ်။ ပြီးတော့ ဆီးဂိမ်းကျရင်လည်း ပြည်ပ ဧည့်သည် တွေ အများကြီးလာကြမှာဆိုတော့ မန္တလေးကသိန်းမေတ္တာ အလှကုန်နဲ့ စာရေးကိရိယာ ရောင်းဝယ်ရေးက ကိုမင်းမင်းနဲ့ ချိတ်ဆက်ပြီးတော့ မန္တလေးမှာ လာလှူဖြစ်တယ၊် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ တတ်စွမ်းတာ လေးနဲ့ကူညီပေးတဲ့ သဘောပါ" ဟု ၎င်းက ပြောသည်။
တပ်ဆင်လှူဒါန်းထားသည့် အင်တာနက် နည်းစနစ်မှာ Myanmar wifi Hotspot နည်းပညာဖြင့် တပ်ဆင် ပေးထားခြင်းဖြစ်ပြီး အမြန်ဆုံးနှင့် အလွယ်ဆုံးအသုံး ပြုနိုင်မည်ဖြစ်ကာ ကုတ် နံပါတ် ပါဝင်သည့် အင်တာနက် အသုံးပြု နိုင်သည့် ကတ်များကို ၀ိုင်ဖိုင်လှူဒါန်း ထားသော နေရာတိုင်း၌ အသုံးပြုနိုင်မည် ဖြစ်ကြောင်း အင်တာနက်လှူဒါန်းသူ တစ်ဦးဖြစ်သည့် Crystal Shine Company မှ တာဝန်ရှိသူ ကိုသန်းညီထွေးက ပြောသည်။
"၀ိုင်ဖိုင်ဆိုရင် အများအားဖြင့်သိကြ တာက ကီးမပါဘဲ ဒီအတိုင်းအသုံးပြု လို့ရသလို ကီးထည့်ပြီးတော့သုံးလို့ရ တယ်လို့ အများအား ဖြင့် သိကြပါတယ်၊ ကျွန်တော်တို့ရဲ့ နည်းပညာကတော့ ၀ိုင်ဖိုင်အကောင့်ထဲကို ၀င်လိုက်တာနဲ့ ကီးမလိုဘူး တိုက်ရိုက်ချိတ်ဆက်လို့ ရတယ် ဒီလိုချိတ်ဆက်ပြီးတော့ ပေါ်လာတဲ့ welcome page ပေါ်မှာဝိုင်ဖိုင် ကတ်ထဲက ကုတ်နံပါတ်တွေကိုခဲခြစ်ပြီး တော့ရိုက်ထည့် အသုံးပြုလို့ရတယ်။
ပြီးတော့ ရွှေတိဂုံစေတီတော်မှာအခမဲ့ ဖြန့် ပေးထားတဲ့ ကတ်တွေကို မန္တလေး မဟာမုနိဘုရားရောက်လို့ အင်တာနက် အသုံးပြု ချင်တယ်ဆိုရင်လည်း သုံးလို့ရ သလို မန္တလေးကကတ်ကိုလည်း ရန်ကုန် ရောက်ရင် သုံးနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ ရှေ့ဆက်ပြီးရန်ကုန်၊ မန္တလေးမြို့ကြီး များအပြင် နိုင်ငံခြားသားအ၀င်အထွက် များသော public area များတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် ဆက်လက်လှူဒါန်းသွားမည့် အစီအစဉ် ရှိကြောင်း ကိုသန်းညီထွေးက ပြောသည်။
"နောက်ထပ်လည်း ရန်ကုန်ကလူ စည်ကားတဲ့နေရာတွေနဲ့ နိုင်ငံခြားသား အ၀င်အထွက်များတဲ့ မန္တလေးဈေးချို တော်ကြီးမှာလည်း လှူဒါန်းသွားမှာပါ၊ နေပြည်တော်နဲ့ ပုဂံမှာလည်း ဆက်လက် လှူဒါန်းသွားဖို့ လုပ်ဆောင် နေပါတယ်။ ဒီလို လှူဒါန်းသွားဖို့ ကျွန်တော် တို့အဖွဲ့ အနေနဲ့က အများကြီးတတ်နိုင်မှာ မဟုတ်ပါဘူး၊ ပါဝင်လှူဒါန်းချင်တဲ့ သူတွေ ရှိရင်လည်း အတူတူလက်တွဲပြီး ဆက်လက် လုပ်ဆောင်သွားမယ်"ဟု ၎င်းက ဆိုသည်။
http://pyae-phyo.blogspot.com/
မဟာမုနီရုပ်ရှင်တော်မြတ်ဘုရားကြီးဝင်းအတွင်း အခမဲ့ ၀ိုင်ဖိုင်သုံးနိုင်သည့် ကတ်ကိုတွေ့ရစဉ်။
ဓာတ်ပုံ - အောင်ရဲသွင်

 credit - myanmar.mmtimes.com

ရတနာ့ဂူဘုရားပွဲတော် ယမန်နှစ်ထက် ပိုမိုစည်ကားစွာကျင်းပ


အမရပူရမြို့ ရှိနှစ်ပေါင်း၆၀၀ ကျော် ပြီဖြစ်သော ရှေးဟောင်း ရတနာ့ ဂူဘုရားပွဲတော်သည် ယမန်နှစ်ကထက် ဘုရားဖူး ဧည့်သည်များ ပိုမို လာရောက်ပြီး အထူး စည်ကားလျက်ရှိကြောင်း ဘုရားဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီနှစ်ဘုရားပွဲကဥပုသ်ရက်နဲ့ တနင်္ဂနွေရုံး ပိတ်ရက်တိုက် နေတာ ကြောင့်လည်း လာရောက်ဖူးမျှော်သူ အတော်များတယ်၊ နိုင်ငံခြားသား ဧည့်သည်တွေလည်း တစ်နေ့ကို လေးယောက်၊ ငါးယောက်လောက် လာတာ တွေ့ရတယ်၊ တချို့လည်း သမ္ဗာန်နဲ့ လာကြတယ်"ဟု ဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

ဘုရားပွဲတော်အတွင်းပေ(၇x၁၅)ရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ် ၁၅,၀၀၀ ဖြင့် ငှားရမ်းထားပြီး ယခုနှစ်တွင်လာရောက် ရောင်းချသည့် ဆိုင်ခန်း ပေါင်း ၁၅၅ ခန်း ရှိကာ ပွဲတော်ရက်အတွင်း နတ်ချော့ မည့် နတ်ကတော်များသည် တစ်နာရီလျှင် တစ်ယောက် ကျပ် ၁၃,၀၀၀ နှုန်း ဖြင့် ပေးချေကပြကြရရာ ပွဲတော်ပြီးဆုံးသည်အထိ နတ်က သည့် နတ်ကတော်ပေါင်း ၆၇ ဦးရှိကြောင်း ၎င်းက ပြောသည်။

"ဒီကရတဲ့ အလှူငွေတွေကိုဘုရား ရန်ပုံငွေအဖြစ် ထိန်းသိမ်းပြီး ဘုရား အတွက် လိုအပ်တဲ့နေရာတွေဖြစ်တဲ့ ပြသာဒ်တွေ၊ ပုပ္ပား မယ်တော်နန်းရဲ့ အမိုးတွေကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်သွားမှာပါ" ဟု ဦးခင်မောင်စိုးက ပြောသည်။ အဆိုပါ ဘုရားပွဲတော်မှာ ပုပ္ပားမယ် တော်ချိုးရေသုံးသည့် ၀ါခေါင်လပြည့်ကျော် ၁၀ ရက်နှင့် ၁၄ ရက်များတွင် အစည်ကားဆုံးဖြစ်ပြီး တော်သလင်း လပြည့် ကျော် ၁၄ ရက်တွင် သံဃာအပါး ၂၀၀ကျော်အား ဆွမ်းလောင်းလှူမည် ဖြစ်သည်။

ပွဲတော်သို့ မြန်မာပြည် အောက်ပိုင်း မြို့များဖြစ်သော ပဲခူး၊ ရန်ကုန် စသည့် မြို့ကြီးများမှဘုရားဖူး ဧည့်သည်များ အများဆုံး လာရောက်ကြပြီး ၀ါခေါင် လပြည့်ကျော် ၉ ရက်မှ တော်သလင်း လဆန်း ၁ ရက်နေ့အထိ ဘုရားပွဲ ကျင်းပ ကြောင်း ၎င်းက ပြောသည်။

"ဘုရားပွဲကို မြန်မာပြည်အရပ်ရပ်က အများဆုံးလာကြပေမယ့် အောက်ပိုင်း ကဧည့်သည်တွေလာတာ ပိုများတယ်၊ အရင်က အောက်နန်း တစ်ခုပဲရှိခဲ့တာ၊ နောက်ပိုင်း ရေကြီးတော့ ရေလွတ်တဲ့ နေရာတွေကို ရွှေ့ပြောင်းရင်းနဲ့ အထက်နန်းနဲ့ အလယ်နန်းဆို ပြီးပေါ် လာပြီးတော့ ဧည့်သည်တွေလာတာပို များသွားတယ်" ဟု ဦးခင်မောင်စိုးက၊ပြောသည်။

ရတနာ့ဂူဘုရား၏ ထူးခြားချက်မှာ အမျိုးသားများသာမက အမျိုးသမီးများ ကိုယ်တိုင်ဘုရား ရွှေသင်္ကန်း ကပ်ခွင့်ရှိပြီး၊ ပွဲတော်သို့ လှေဖြင့်လာရောက် ကြရာတွင်လည်း လှေမှောက်မှုများ ရှိသည့်တိုင် လူအသေအပျောက် မရှိခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

ရတနာ့ဂူဘုရားကို မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲက ရခိုင် ဆရာတော်ကြီး၏ ဆုံးမ ညွှန်ကြားမှုဖြင့် တည်ထားကိုးကွယ်ခဲ့ သဖြင့် အင်းဝ ပြည်ကြီးပျက်စီးမည့်ဘေးမှ ကင်းဝေးသာယာခဲ့ကြောင်းဆိုသည်။


မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်စတင်၍ ဘုရားပွဲကိုနှစ်စဉ် ကျင်းပခဲ့ပြီး၊ မြန်မာ သက္ကရာဇ် ၁၁၈၁ ခုနှစ်တွင်ပုပ္ပားမယ် တော်အားပူဇော်ပွဲ နှင့်အတူ ကျင်းပခဲ့ရာ ရတနာ့ဂူနတ်ပွဲဟု လူသိများလာကြောင်း ဦးခင်မောင်စိုးက ပြောသည်။

http://pyae-phyo.blogspot.com/


ရတနာ့ဂူဘုရားပွဲတော်လာ ပရိသတ်များကို တွေ့ရစဉ်။
ဓာတ်ပုံ - ရွှေဝါလွင်

credit - thithtoolwin.com

ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားဖြင့် စက်ရုံအများစု လုပ်ဆောင်နေသော်လည်း စက်ရုံအချို့ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေး၍ ဆန္ဒပြမှုများထပ်မံဖြစ်ပွားလျက်ရ

http://pyae-phyo.blogspot.com/
လှိုင်သာယာစက်မှုဇုံအတွင်းရှိ စက်ရုံတစ်ခုတွင် လုပ်ခလစာတိုးမြှင့်ရရှိရန်အတွက် အလုပ်သမားများ စုရုံးဆန္ဒထုတ်ဖော်နေကြသည်ကို မေလအတွင်းက တွေ့ရစဉ် ဓာတ်ပုံ - ၀င်းမြင့်ကျော်
ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားဖြင့် စက်ရုံအများစု လုပ်ဆောင်နေသော်လည်း စက်ရုံအချို့ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေး၍ ဆန္ဒပြမှုများထပ်မံဖြစ်ပွားလျက်ရှိ၊ ခေတ်နှင့်လျော်ညီသော အနိမ့်ဆုံး အခြေခံလစာဥပဒေ အမြန်ဆုံး ပေါ်ပေါက်ရန် လိုနေကြောင်း အလုပ်သမားကိုယ်စားလှယ်များ ပြောကြား
အလုပ်သမားဝန်ကြီးဌာနမှ ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားအား စက်ရုံအများစုမှ လုပ်ဆောင်လျက်ရှိနေသော်လည်း၊ စက်ရုံအချို့မှာ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေးသဖြင့် ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားလျက်ရှိပြီး အနိမ့်ဆုံး အခြေခံလစာဥပဒေကို အမြန်ဆုံး ပေါ်ပေါက်ရန်လိုနေကြောင်း အလုပ်သမားကိုယ်စားလှယ်များက ဝေဖန်ပြောကြားလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလမှစ၍ ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ စက်မှုဇုန်များရှိ စက်ရုံများတွင် အခြေခံလစာနှင့် ပတ်သက်၍ ဆန္ဒပြသည့် စက်ရုံပေါင်း ၈၀ ကျော်နှင့် လုပ်ခလစာနှင့်ပတ်သက်၍ ဆန္ဒပြသည့် အဖွဲ့အစည်းပေါင်း ၂၀ ကျော်ရှိခဲ့သော်ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ စက်မှုဇုန်များအတွက် ယာယီလစာ ၅၆၇၀၀ ကို သတ်မှတ်ပေးခဲ့ပြီး အခြားဆန္ဒပြမှုများမှာလည်း ဇွန်လကုန်အတွင်း ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း သိရှိရသည်။
သို့သော် ဇူလိုင်လအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားရာတွင်  ၀န်ကြီးဌာနမှ သတ်မှတ်ပေးခဲ့သော ယာယီအခြေခံလစာအား အပြည့်အ၀ ပေးဆောင်မှုမရှိခြင်းတို့ကြောင့် အများဆုံး ဖြစ်ပွားခဲ့ပြီး လုပ်ငန်းရှင်များဘက်မှ သတ်မှတ်သဘောတူထားသော အခြေခံလစာနှင့် အခြားအခွင့်အရေး ချိုးဖောက်မှုတို့လည်း ပါဝင်ကြောင်း သိရသည်။
ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဆန္ဒပြန်လည်ထုတ်ဖော်ခဲ့သော စက်ရုံများထဲတွင် ငွေကံကော် အထည်ချုပ်စက်ရုံ၊ Espuare ဖိနပ်စက်ရုံ၊ Hi-Mo ဆံပင်တုစက်ရုံ၊ TEFEL Packing ပီနံအိတ်စက်ရုံ၊  စန္ဒာ ကားပစ္စည်းစက်ရုံ၊ အာရှနဂါး အထည်ချုပ်စက်ရုံ၊ မြူးနှင့် ဇူးအထည်ချုပ်စက်ရုံတို့မှာ အလုပ်သမားများမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံများဖြစ်ကြောင်း သိရှိရ သည်။
ဝန်ကြီးဌာနမှ ယာယီအခြေခံလစာနှင့်ပတ်သက်၍ စက်မှုဇုန်များရှိ စက်ရုံများသို့ ညွှန်ကြားအသိပေးထားကြောင်း လိုက်နာမှုမရှိသေးသည့် စက်ရုံများအား သတိပေးကာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရှိရသည်။
လုပ်ခလစာနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆောင်ရွက်ပေးလျက်ရှိသော မသက်သက်အောင်က''အခု နောက်ဆုံးဆန္ဒပြတဲ့ မြူးနှင့်ဇူး အထည်ချုပ်စက်ရုံမှာ အခြေခံလစာက နှစ်သောင်းကျော်ရုံတင်ရှိတယ်။ ဒါတွေကို ၀န်ကြီးဌာန အနေနဲ့ လွှတ်တော်မှာ အနိမ့်ဆုံးအခြေခံ လစာဥပဒေ မထွက်သေးသရွေ့ စစ်ဆေးသင့်တယ်ထင်ပါတယ်။ နောက်တစ်ချက်က လွှတ်တော်မှာ ကဏ္ဍအသီးသီရဲ့ အခြေခံလစာကို ခေတ်နဲ့လျော်ညီတဲ့ အခြေခံလစာဖြစ်ဖို့ လိုပါတယ်။ နောက်ပြီး ၀န်ကြီး ဌာနက ယာယီသတ်မှတ်ပေးထားတဲ့ နှုန်းထားကလည်း သေချာစိစစ်ကြည့်ရင် အလုပ်သမားတွေအတွက် ထူးထူးခြားခြား တိုးသွားတယ်ဆိုတာ မရှိပါဘူး။ ဖြစ်စေချင်တာကတော့ ခေတ်နဲ့ လျော်ညီတဲ့ အနိမ့်ဆုံးအခြေခံလစာ ဥပဒေကို အမြန်ဆုံး ပေါ်ပေါက်လာစေချင်ပါတယ်''ဟု ပြောခဲ့သည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မမာမာအောင်ကလည်း ''ဖေဖော်ဝါရီလထဲကနေ အခုချိန်ထိ ဆန္ဒထုတ်ဖော်နေတုန်းပါပဲ။ အဓိကအကြောင်းအရင်းကလည်း နှစ်ချက်ပဲရှိတယ်။ တစ်ချက်က အခုယာယီသတ်မှတ်ထားတဲ့ အခြေခံလစာကို စက်ရုံတိုင်းမှာ ပေးနိုင်ဖို့ လိုတယ်။ နောက်တစ်ချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းထား၊ နေထိုင်စားရိတ်နဲ့ သင့်တင့်တဲ့ အနိမ့်ဆုံး အခြေခံလစာဥပဒေ အမြန်ဆုံး ပေါ်ပေါက်ဖို့ ဖြစ်တယ်''ဟု ပြောခဲ့သည်။

ယာယီသတ်မှတ်ပေးထားတဲ့ နှုန်းထားကလည်း သေချာစိစစ်ကြည့်ရင် အလုပ်သမားတွေအတွက် ထူးထူးခြားခြား တိုးသွားတယ်ဆိုတာ မရှိပါဘူး။ ဖြစ်စေချင်တာကတော့ ခေတ်နဲ့လျော်ညီတဲ့ အနိမ့်ဆုံး အခြေခံလစာဥပဒေကို အမြန်ဆုံး ပေါ်ပေါက်လာစေချင်ပါတယ်

''အခုဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ အလုပ်ရှင်ဘက်က ဖောက်ဖျက်ရင် မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားရမယ်။ အဲဒီကမှတစ်ဆင့် တိုင်းအလုပ်သမားရုံး၊ နောက်ဆုံးအဆင့် နေပြည်တော်ကို အဆင့်ဆင့်တိုင် ကြားရမယ်။ ပြီးမှ မရရင် ဆန္ဒထုတ်ဖော်ခွင့်တောင်းဆိုပြီး ကိုယ်လိုချင်တဲ့အချက်ကို ဦးတည်ပြီး ဆန္ဒပြရမယ်။ နောက်တစ်ချက်က အခြေခံလစာကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့ လည်းမျှော်လင့်ပါတယ်''ဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေးက  ပြောကြားခဲ့သည်။
''ကျွန်မတို့ကို ယာယီအခြေခံလစာအနေနဲ့ သတ်မှတ်ပေးလို့ အခြေခံလစာ အရင်ကထက်တော့ တစ်သောင်းခွဲ၊ နှစ်သောင်းနီးပါးလောက် ပိုရတယ်။ ဒါပေမယ့် ကျွန်မတို့နေတဲ့ အဆောင်တွေလည်း တစ်သောင်းခွဲ၊ နှစ်သောင်း ဈေးလိုက်တက်တော့ ကျွန်မတို့အတွက် ဘာမှမကျန်တော့ပါဘူး''ဟု လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးမှ ပြောခဲ့သည်။
အနိမ့်ဆုံး အခြေခံလစာဥပဒေမူကြမ်းအား ဇူလိုင်လ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ ဥပဒေအား ပြဋ္ဌာန်းနိုင်ခြင်းမရှိခဲ့သဖြင့် လာမည့် အောက်တိုဘာလ တတိယပတ်အတွင်းပြုလုပ်မည့် ပထမအကြိမ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အဆိုပါ ဥပဒေမူကြမ်းအား ဆက်လက်ဆွေးနွေး၍ အတည်ပြုသွားရန်ရှိကြောင်းလည်း သိရသည်။

credit - news-eleven.com

Saturday 8 September 2012

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားခဲ့သော မန္တလေး-မြစ်ကြီးနားရထားလမ်း၌ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ


www.pyae-phyo.blogspot.com
(Image - Google Images)
မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့  ရပ်နားခဲ့ရာ၌ လက်ရှိတွင် ပုံမှန် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ကာလူနှင့်မော်ဟန်အကြား မိုင်တိုင်အမှတ် ၆၂၂/၈၉ အကြားတွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်းနှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့်အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်းအသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
မြန်မာ့မီးရထား (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက''မြစ်ကြီးနားကနေ စက်တင်ဘာလ ၆ ရက်နေ့ အစောဆုံးထွက်လာတဲ့ ၃၄ အစုန်ရထားခရီးစဉ်ကို မိုးညှင်းဘူတာမှာ ရပ်နားထားခဲ့ရတယ်။ ရှေ့ပြေးမိုင်းရှင်းရထားအသုံးပြုပြီး ဆောင်ရွက်တဲ့ မနက် ၂ နာရီဝန်းကျင်ခန့်အချိန်မှာ မိုင်တိုင်အမှတ် ၆၂၁/၈၉မှာရှိတဲ့ တံတားအမှတ် ၅၅၅ မှာ ရေလယ် အုတ်ခုံကွဲနေပြီး သံလမ်းပိုင်းမှာလည်း လေးပေလောက် ပျက်စီးနေတာ သိရတယ်''ဟု ပြောကြားခဲ့သည်။
ယင်းသို့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးရထားသံလမ်းနှင့် တံတားပျက်စီးမှု ရှိခဲ့သော်လည်း စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ၃၇ အဆန်ခရီးစဉ်မှာ ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။
''မန္တလေးဘူတာကြီးကနေ ထွက်ခွာမယ့် ခရီးစဉ်တွေကိုတော့ ဖျက်သိမ်းခြင်းရှိပါဘူး''ဟု  မြန်မာ့မီးရထား(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အတူ ၂ နာရီ ၁၀ မိနစ်တွင် ထွက်ခွာသည့် ၅၅ အဆန်မီးရထားခရီးစဉ်ကို ပုံမှန်တွဲဆိုင်းဖြင့် ထွက်ခွာခဲ့ကြောင်း မန္တလေးဘူတာကြီးမှ သိရသည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့သည်။ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်၊ ဖားကန့် မြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့ကြောင်း သိရှိရသည်။
နေရပ်မှ တိမ်းရှောင်ကာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသသော ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသားဦးရေစုစုပေါင်းမှာ တစ်သိန်းဝန်းကျင် ရှိနေသည်ဟုလည်း သိရှိရသည်။
စိုက်ပျိုးရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ အဓိကလုပ်ကိုင်ရာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားသည့် တစ်နှစ်ကျော်ကာလတွင် စီးပွားရေးပိုင်းနှောင့်နှေးမှုများ ရှိခဲ့သည်။

 credit -news-eleven.com

နာမည်ကျော်Heineken Beer မြန်မာဘရူဝါရီ လီမိတက် နှင့် ပြန်လည်ချိတ်ဆက်



www.pyae-phyo.blogspot.com
မြန်မာဘရူဝါရီ စက်ရုံကိုတွေ့ရစဉ်
နယ်သာလန်နိုင်ငံ အခြေစိုက် နာမည်ကျော် Heineken ဘီယာသည် မြန်မာကုမ္ပဏီ မြန်မာဘရူဝါရီ လီမိတက်နှင့် ပြန်လည်ချိတ်ဆက်ပြီး မြန်မာဈေးကွက် အတွင်းဝင် ရောက်ရန်ပြင်ဆင်နေကြောင်း မြန်မာ ဘရူဝါရီ လီမိတက်နှင့် နီးစပ်သည့် စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
“Tiger တို့လိုမျိုးHeineken ဘီယာက မြန်မာဘီယာဈေးကွက်ထဲ ကိုဝင်လာဖို့ ပြင်ဆင်နေပါတယ်”ဟု မြန်မာဘရူဝါရီလီမိတက်နှင့် နီးစပ်သူတစ်ဦးက ပြောကြားပါသည်။
မြန်မာဘရူဝါရီလီ မိတက်ကို စင်ကာပူ အခြေစိုက် Fraser & Neave Ltd နှင့် မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်တို့က ၁၉၉၅ ခုနှစ် မတ်လတွင် အကျိုးတူပူးပေါင်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Double Strong ဘီယာ၊ မြန်မာဘီယာ၊ ABC Stout ဘီယာ၊ Baron's Strong Brew ဘီယာ၊ Andaman Gold ဘီယာ၊ Baron's Strong Brew ဘီယာတို့ကို မြန်မာနိုင်ငံတစ်ဝန်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။
Asia Pacific Breweries ကို Heineken International နှင့် Fraser and Neave ကုမ္ပဏီတို့က အဓိက ပိုင်ဆိုင်ပြီး လက်ရှိအချိန်တွင် Heineken က Fraser and Neave ၏ အစုရှယ်ယာများကို ၀ယ်ယူရန် သဘောတူညီမှု ရရှိထားသည်။
မြန်မာဘရူဝါရီ လီမိတက်သည် မြန်မာနိုင်ငံ ဘီယာဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက်နှင့် Fraser & Neave Ltd တို့အကြား ရှယ်ယာပိုင် ဆိုင်မှုအနေအထားတို့ကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း စတင်တည်ထောင်ချိန်တွင် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိ ကြောင်း သိရပါသည်။
ထို့အတူ မြန်မာအဖျော်ယမကာ ကုမ္ပဏီအချို့ကလည်း နိုင်ငံခြားဘီယာ ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန် ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရပါသည်။
Heineken ဘီယာသည် ယခင် အစိုးရလက်ထက် ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးချိန်တွင် မြန်မာ ဘရူဝါရီလီမိတက်နှင့် ချိတ်ဆက်ဝင်ရောက်ခဲ့ဖူးပြီး ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကြောင့် ပြန်လည်ထွက်ခွာခဲ့ပါသည်။ လက်ရှိ မြန်မာဘီယာဈေးကွက် အတွင်း အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လာသည့် အခြားဘီယာ အမှတ်တံဆိပ်များနည်းတူ Heineken ဘီယာ သံဘူးများလည်း ဈေးကွက်ဝေစု အချို့ ရရှိထားပါသည်။

credit -news-eleven.com

Rapidshare Premium Link Generator(8/9/2012)

Rapidshare Premium Link Generator , Premium Link , Premium Link Generator , Rapidshare free premium link generator , Link Generator , Free Link Generator,  generator , Rapidshare , Rapidshare premium generator site, rapidshare premium generator 2012,RS premium link generator

www.pyae-phyo.blogspot.com

Rapidshare Premium Link Generator ကိုနေ့စွဲလိုက်ကြော်ငြာမည်ဖြစ်ပါတယ်။ (Check more on pyae-phyo.blogspot.com) .
www.pyae-phyo.blogspot.com
Click here! (include other file support)
www.pyae-phyo.blogspot.com

Click here! (Only Rapidshare support)

www.pyae-phyo.blogspot.com
Click here! (Support Rapidshare , Hotfile and Fileserve only)

www.pyae-phyo.blogspot.com

Click here! (include other file support)
www.pyae-phyo.blogspot.com
Click here! (include other file support)
www.pyae-phyo.blogspot.com



Click here! (include other file support)

www.pyae-phyo.blogspot.com
Click here!  (include other file support)

 7 Premium Accounts Generator (*All Available)

The Best keyword to find :


Rapidshare Premium Link Generator , Premium Link , Premium Link Generator , Rapidshare free premium link generator , Link Generator , Free Link Generator,  generator , Rapidshare , Rapidshare premium generator site, rapidshare premium generator 2012,RS premium link generator

Friday 7 September 2012

သမ္မတရုံးဝန်ကြီးဌာန ခြောက်ခု တိုးချဲ့ဖွဲ့စည်းခြင်း

www.pyae-phyo.blogspot.com

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဆွေးနွေးနေစဉ်   ဓာတ်ပုံ - ဇင်ဘိုလွင်
သမ္မတရုံးဝန်ကြီးဌာနခြောက်ခု တိုးချဲ့ဖွဲ့စည်းခြင်းသည် ဗဟိုချုပ် ကိုင်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သကဲ့သို့ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် သို့ပေးပို့ခဲ့သည့် ပြည်ထောင်စုအစိုး ရ၀န်ကြီးဌာနအရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို တိုး/လျော့ခြင်းတို့နှင့် စပ်လျဉ်းသည့်သ၀ဏ်လွှာ အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
အဆိုပါသ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကိုးဦးက ဆွေးနွေးခဲ့ပြီး အချို့က ကန့်ကွက် ဆွေးနွေးခဲ့ကြသည်။

ဗဟိုအစိုးရအဖွဲ့မှာ ၀န်ကြီးတွေများနေတယ်ဆိုရင် ကျွန်တော်တို့ဟာ centralization ဗဟိုချုပ်ကိုင်မှုများတဲ့သဘော ဖြစ်နေပါတယ်။ အခု ကျွန်တော်တို့ခေတ် အခြေအနေဟာ ဗဟိုချုပ်ကိုင်မှုကို လျော့ချရမယ်။ decentralize လုပ်ဖို့အချိန် ဖြစ်နေပါတယ်။ ၀န်ကြီးဌာနတွေဆိုတာဟာ အချုပ်အခြာကို ပြည်သူက ပိုင်တယ်။ ပြည်သူ့ကိုယ်စား ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကိုယ်စား ၀န်ကြီးဌာနတွေက service ကို ပေးရမှာပါ  .  .

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးရာတွင် ''ပြည်ထောင်စု အစိုးရ၀န်ကြီးဌာန ပြင်ဆင်ခြင်းနဲ့ ပြည်ထောင်စုဝန်ကြီး တိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်မှာဆွေးနွေးတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေကို ကျစ်လျစ်စွာ ဖွဲ့စည်းပြီး တာဝန်ယူ ဆောင်ရွက်စေဖို့ ရည်ရွယ်ပါတယ်။ အဲဒီတုန်းက ၀န်ကြီးဌာန ၃၄ ခုတုန်းကလည်း ၀န်ကြီးဌာန ၂၅ ခုသာ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ၀န်ကြီးဌာနတစ်ခုမှာ ၀န်ကြီးတစ်ဦးကပဲ တာဝန်ယူပြီးဆောင်ရွက်ဖို့ စတာတွေကိုတင် ပြခဲ့တယ်။ အဲဒီချိန်တင်ပြတုန်းကလည်း စက်မှုဝန်ကြီးဌာနတွေကို ပေါင်းစည်းပြီးတော့ တစ်ခုတည်းသော စက်မှု ၀န်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီး ဌာနတွေအဖြစ် ဖော်ဆောင်ပေးဖို့ တင်ပြခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်အပ်ထားပေမယ့် ဗဟိုအစိုးရမှာ ချိတ်ဆက်ဆောင်ရွက်စရာ မရှိတဲ့အတွက်ကြောင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းပေးဖို့ကိုလည်း တင်ပြခဲ့ဖူးပါတယ်။ ၀န်ကြီးတစ်ဦးဟာ ဌာနတစ်ခုတည်းကိုပဲ ဦးစီး စီမံသင့်ပါတယ်ဆိုတဲ့ တင်ပြချက်ကို ရှင်းပြချင်ပါတယ်။ ပူးတွဲထမ်းဆောင်စေတာနဲ့ ပူးပေါင်းဖွဲ့စည်းတာ မတူပါဘူး။ ပူးတွဲတာဝန်ထမ်းဆောင်စေတယ်ဆိုတာကတော့ ၀န်ကြီးတစ်ယောက်ရဲ့လုပ်ဆောင်နိုင်မှု အတိုင်းအတာနဲ့ပတ်သက်ပြီး တွဲဖက်တာဝန်ယူဖို့ ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေကို ပူးပေါင်းဖွဲ့စည်းတာကျတော့ ကျစ်လျစ်သွားမယ်။ နောက်ပြီးတော့ အရင့်အရင်အစိုးရတွေတုန်းကလည်း ဖွဲ့စည်းဖူးတဲ့ သာဓကတွေ ရှိဖူးပါတယ်။ ဒါကြောင့်မို့ တချို့သော ၀န်ကြီးဌာန တွေ လုပ်ငန်းသဘာဝချင်းလည်း နီးစပ်တယ်ဆိုရင် ကျစ်လစ်စွာ ဖွဲ့စည်းသွားနိုင်ဖို့လည်း တင်ပြတာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတုန်းကလည်း ပုလဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ၀န်ကြီးဌာနအရေအတွက် များတာဟာ တချို့သော အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဘယ်လောက်ရှိပါတယ်ဆိုပြီးတော့ ပြခဲ့ပါတယ်။ ၀န်ကြီးဌာန အများကြီး ဖွဲ့စည်းခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ အစိုးရအဖွဲ့က စွမ်းဆောင်ရည်က  အဓိကဆိုတာတော့ တင်ပြလိုပါတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ အစိုးရတွေလည်း ပေါ်ပေါက်နေပြီလည်း ဖြစ်ပါတယ်။ အဲဒီမှာလည်း ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရတွေမှာလည်း သက်ဆိုင်ရာဝန်ကြီး ကိုးဦးစီနဲ့ တာဝန်ယူပြီး ၀န်ကြီးချုပ်တွေက ဦးဆောင်ကာ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီအခါကျတော့ ဗဟိုအစိုးရအဖွဲ့မှာ ၀န်ကြီးတွေများနေတယ်ဆိုရင် ကျွန်တော်တို့ဟာ centralization ဗဟိုချုပ်ကိုင်မှုများတဲ့သဘော ဖြစ်နေပါတယ်။ အခုကျွန်တော်တို့ ခေတ်အခြေအနေဟာ ဗဟိုချုပ်ကိုင်မှုကို လျော့ချရမယ်။ decentralize လုပ်ဖို့အချိန် ဖြစ်နေပါတယ်။ ၀န်ကြီးဌာနတွေဆိုတာဟာ အချုပ်အခြာကို ပြည်သူက ပိုင်တယ်။ ပြည်သူ့ကိုယ်စား ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကိုယ်စား ၀န်ကြီးဌာနတွေက service ကို ပေးရမှာပါ။ ကျွန် တော်တို့က ထိန်းချုပ်တယ်။ ကွန်ထရိုး လုပ်တယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့ ဥပမာအားဖြင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံမှာ စီးပွားကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ဘာအကူအညီပေးရမယ်၊ ဘာဆောင်ရွက်ပေးရမယ်။ အဲလိုဖြစ်ရမှာဖြစ်ပါတယ်။ ထိန်းချုပ်တယ်၊ ကန့်သတ်တယ်ဆိုတာက အမျိုးသားအကျိုးစီး ပွားအတွက် ကာကွယ်စရာတွေလည်း ရှိပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာနတွေဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀ကို တိုးတက်ဖို့၊ ပြည်သူ့စီးပွားကို တိုးတက်ဖို့အတွက် ပံ့ပိုးဆောင်ရွက်ပေးရမယ့်  service ပေးရမယ်လို့ ဆိုတာကိုတင်ပြလိုခြင်း ဖြစ်ပါတယ်။ အဆိုပြုဝန်ကြီးဌာနကို တင်ပြလိုပါတယ်။ ပထမပိုင်းဝန်ကြီးဌာန ၁၆ ခုကတော့ သမ္မတကြီး တင်ပြ လိုက်တဲ့အတိုင်း ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးများအား ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်          ဓာတ်ပုံ - ဇင်ဘိုလွင်
ပူးပေါင်းဖွဲ့စည်းသင့်တဲ့ ၀န်ကြီးဌာနတွေကို တင်ပြချင်ပါတယ်။ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာန စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့် အားကစားဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ သိပံ္ပနည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနဆိုရင်လည်း ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနကို ပူးပေါင်းပြီးတော့ ဖွဲ့စည်းသင့်ကြောင်း တင်ပြလိုပါတယ်။ နောက် ထပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ကတော့ ဒီဝန်ကြီးဌာနကိုဘယ်သူက တာဝန်ယူမှာလဲ၊ ဒီနေရာမှာလည်း တိုင်း ရင်းသား ၁၃၅ မျိုးရှိပါတယ်။ ဗမာ တိုင်းရင်းသားအပြင် ဘယ်တိုင်းရင်း သားက တာဝန်ယူဆောင်ရွက်သည်မဆို ကျန် ၁၃၄ မျိုးက မုဒိတာပွားမှာပါ။ ဒီဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေက နယ်စပ်ရေးရာ ၀န်ကြီးဌာနရဲ့ တာဝန်တွေ၊ ၀န်ကြီးချုပ်ဝန်ကြီးတွေ တာဝန်ယူဆောင်ရွက်ရမယ့် ကိစ္စရပ်တွေမှာ ဖော်ပြထားတဲ့ ငြိမ်းချမ်းရေးဆောင် ရွက်ချက်တွေနဲ့ ကွဲပြားပါတယ်။ ဒါတွေဟာ တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ဆိုင်တဲ့ နောက်ပြီး တိုင်းရင်းသားတွေရဲ့အရေးကို ဆောင်ရွက်မယ်။ နောက်ပြီး ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို နယ်စပ်ဒေသတို့နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်တဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကိုလည်း သတ်သတ်မှတ်မှတ် ဆောင်ရွက်ဖို့ လိုပါတယ်။ နောက်တင်ပြလိုတဲ့ ၀န်ကြီးဌာနကတော့ လွှတ်တော်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဖြစ်ပါတယ်။ တချို့သော နိုင်ငံတွေမှာ ministry of parliamentary affair ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ ဥပဒေကြမ်းတင်ပြတဲ့၊ နောက်ပြီးတဲ့အခါကျတော့ ဥပမာ လွှတ်တော်တွေမှာကျတော့ ကတိခံဝန်ချက် စိစစ်ရေးကော်မတီရှိပါတယ်။ ဒီဘက်က total ministry တစ်ခုရှိ နေမယ်ဆိုရင် ဥပဒေကြမ်းတွေကို အတည်ပြုတဲ့နေရာမှာ မေးခွန်းတွေ၊ အဖြေတွေကို သူတို့ကနေ ဆောင်ရွက်ပေးရင် အင်မတန်မှ သင့်တော်ပါတယ်။ နောက်တစ်ခု တင်ပြလိုတာကတော့ ရှေ့နေချုပ်ရုံးဟာ သီးခြားတာဝန်တွေ ရှိပါတယ်။ ဒီအတွက်ကြောင့် ရှေ့နေ ချုပ်ရုံးရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေဟာ သပ်သပ်၊ တရားစီရင်ရေးကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ လွှတ်တော်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဆိုပြီးတော့ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်သင့်ပါကြောင်းလည်း တင်ပြလိုပါတယ်။ နောက်ဆုံးတင်ပြလိုတာကတော့ သမ္မတရုံးဝန်ကြီးဌာန ဖြစ်ပါတယ်။
အခုသမ္မတရုံးဝန်ကြီး ခြောက်ဦး တင်ပြထားပါတယ်။ ၀န်ကြီးဌာနခြောက်ခု မလိုအပ်ပါဘူး။ ၀န်ကြီးခြောက်ဦး ဖြစ်ပါစေ၊ ဆောင်ရွက်ဖို့အတွက် ရုံးအဖွဲ့ဖွဲ့စည်းရာမှာ တစ်ခုပဲလိုပါတယ်။ အရင်တုန်းကတော့ ဒါကိုဌာနလက်ကိုင် မရှိတဲ့ဝန်ကြီးလို့ ခေါ်ပါတယ်။ ဌာနဖွဲ့စည်းရန် မလိုအပ်တဲ့ဝန်ကြီး ဖြစ်ပါတယ်။ ဒီဝန်ကြီးတွေအတွက် ၀န်ကြီးဌာနတွေ တစ်ခုချင်းစီ ဖွဲ့စည်းရမယ်ဆိုရင် နိုင်ငံတော်ဘတ်ဂျက်အတွက်လည်း အင်မတန်မှ အများကြီး ကြီးလေးသွားမှာဖြစ်ပါတယ်။ ၀န်ကြီး တွေတာဝန်ယူတာတော့ တာဝန်ယူပါ။ ဒါပေမယ့်လည်း ၀န်ကြီးဌာနအနေနဲ့တော့ တစ်ခုပဲ လိုအပ်မယ်လို့ ထင်ပါတယ်။ နောက်အဆင့်အမြင့် ဆုံးဖြစ်တဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော်သမ္မတရုံးမှာ ၀န်ကြီးခြောက်ဦး၊ ၀န်ကြီးဌာနခြောက်ခုနဲ့ ခန့်အပ်ထားတယ်ဆိုတာ ကျွန်တော်တို့ ဗဟိုချုပ်ကိုင်မှုပိုပြီးတော့ မြှင့်တင်ပြီးတော့ ဆောင်ရွက်နေသလိုဖြစ်ပါတယ်။ ပြည်ထောင်စု ၀န်ကြီးဌာနတွေအပေါ်မှာမှ စူပါဝန်ကြီးဌာနတွေ၊ စူပါဝန်ကြီး တွေရှိနေတဲ့အခါကျတော့ ပြန်လည်စဉ်းစားပြီးတော့ သုံးသပ် ဆောင်ရွက်စေလိုပါတယ်။ အဲဒီအထဲမှာမှ ဖွဲ့စည်းမယ့် ၀န်ကြီးဌာနခြောက်ခုနဲ့ ခြောက်ဦးထဲမှာမှ (င) ဖြစ်တဲ့ တာဝန်ထမ်းဆောင်စ ပြည်ထောင်စုဝန်ကြီးများ လုပ် ငန်းလည်ပတ်ကျွမ်းကျင်မှုရှိစေရေးအတွက် ချိတ်ဆက်ကူညီပေးရန်၊ ကျွန်တော်တို့ ၀န်ကြီးတစ်ဦးကို တာဝန်ပေးလိုက်ပြီဆိုကတည်းက  ဒီနေရာမှာ ထိုက်တန်လို့ ကျွန်တော်တို့က တာဝန်ပေးတာပါ။ အဲဒီအတွက်ကြောင့်မို့ ဒီဝန်ကြီးကိုပြန်ပြီးတော့ ထရိန်နင်ပေးနေရမယ့် ၀န်ကြီးမျိုးတော့ မလိုအပ်ပါဘူးလို့ တင်ပြလိုပါတယ်။ အနှစ်ချုပ်ပြီးတင်ပြရမယ်ဆိုရင်တော့ အဆိုပြုထားတဲ့ သမ္မတရုံးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန နှစ်ဆယ့်ခြောက်ခုသာ သတ်မှတ်ပေးဖို့နဲ့ သမ္မတရုံးဝန်ကြီးကိုလည်း ငါးဦးသာ ထားရှိပြီးတော့ ကျန်ဝန်ကြီးဌာန နှစ်ဆယ့်ငါးခု (၀န်ကြီးနှစ်ဆယ့်ငါးဦး)နဲ့ ၀န်ကြီးဦးရေ သုံးဆယ်ဦးသာ ထားရှိသင့်ပါတယ်။ စွမ်းဆောင်နိုင်သူအဖို့ ကြီးလေးသော တာဝန်မရှိဆိုတဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဆောင် ရွက်နေတဲ့ ဆောင်ရွက်ချက်အကုန်လုံးဟာ ပြည်သူတွေက အင်မတန်မှ နှစ်ထောင်းအားရ ကြိုဆိုနေပါတယ်။ သမ္မတကြီးအတွက် ၀န်ကြီးတွေအများကြီးနဲ့ ၀န်ကြီးဌာနတွေအများကြီး တိုးချဲ့ပြီးတော့ ဖွဲ့စည်းသည်ဖြစ်စေ၊ ကျစ်လျစ်စွာ ဖွဲ့စည်းပြီး တာဝန်ထမ်းဆောင်သည်ဖြစ်စေ သမ္မတကြီးရဲ့ ဆောင်ရွက်မှုအားလုံးဟာ အင်မတန်မှ လျော်ကန်သင့်မြတ်ပြီးတော့ ပြည်သူတွေကလည်း လိုလားပါတယ်။ ဒီလိုပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်ပါတယ်လို့ တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်''ဟု အကြံပြုခဲ့သည်။
သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းသန်းက ''သမ္မတရုံးဝန်ကြီးဌာန ခြောက်ခု ပြင်ဆင်ဖွဲ့စည်းရန် ဆောင်ရွက်ခြင်းသည် မူလရှိသော သမ္မတရုံးဝန်ကြီးဌာနနှစ်ခုအပြင် နောက်ထပ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်သဖြင့် ထိုသို့ ထပ်မံတိုးချဲ့ ဖွဲ့စည်းမှုအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အနာဂတ်ဖြစ်တန်ရာ အခြေအနေကို တင်ပြလိုပါတယ်။ နိုင်ငံတော်သမ္မတ၏ ရှင်းလင်းချက်အပိုဒ် ၁၀(က)တွင် 'အောင်မြင်စပြုလာသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် ထိန်းကျောင်းရန် လိုအပ်လာခြင်း'ဟု ဖော်ပြထားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိန်းကျောင်းရန် ပြည်ထောင်စုဝန်ကြီးတစ်ပါး ရှိရမည်ဟု သဘောပေါက်မိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၉(က) နှင့် ပုဒ်မ ၂၀၃တို့အရ (၁) နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်ပြီး နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်ဟု လည်းကောင်း၊(၂) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အထိ တာဝန်ခံရမည့် ဒုတိယသမ္မတနှင့် နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရမည့် ၀န်ကြီးတို့ အချိန် အနည်းငယ်အတွင်း ပွတ်တိုက်မှုဖြစ်စရာ အကြောင်းရှိပါတယ်။ နောက်ထပ်ကိစ္စတစ်ခုမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌမှာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌ သုံးဦးအနက် ထိပ်ဆုံးတစ်ဦးမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေပါတယ်။ အထက်ပါကော်မတီလည်း ဆက်ရှိနေမည်၊ သမ္မတရုံးဝန်ကြီးတစ်ပါးကလည်း ထိန်းကျောင်းနေမည်ဆိုပါက ဒုတိယသမ္မတကိုဝန်ကြီးက ထိန်း ကျောင်းရန် လိုအပ်ဟူသော အဓိပ္ပာယ်သို့ ရောက်ပါသည်။ အကယ်၍ ယင်းငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတအစား သမ္မတရုံးဝန်ကြီးဟု အမိန့် ပြောင်းလဲထုတ်ပြန်သည့်တိုင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထက်တွင် ၀န်ကြီးရှိနေမည် ဖြစ်ပါတယ်။ အထက်ပါ အကြောင်းအရာများသည် နိုင်ငံတော်သမ္မတက ပြောင်းလဲလိုသည့် ဖွဲ့စည်းပုံအပေါ် ကန့်ကွက်နေခြင်း မဟုတ်ပါ။ ၀ိရောဓိဖြစ်လာနိုင်စရာ လူ့သဘောသဘာဝများကိုသာ တင်ပြလိုခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၀(က)အရ ဒုတိယသမ္မတတစ်ဦးသည် ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများကို အဓိက တာဝန်ယူထိန်းကျောင်းရန် ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ၀န်ကြီးဌာနများ၏ အသက်မှာလည်း ဘတ်ဂျက်ပင် ဖြစ်သောကြောင့် သ၀ဏ်လွှာပါ အဆိုပြုချက်အရ သမ္မတရုံးဝန်ကြီးတစ်ပါးမှ ချိတ်ဆက်ကူညီမှု လုပ်ငန်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးထားသော ဒုတိယသမ္မတတစ်ဦးနှင့် ၀ိရောဓိဖြစ်လာစရာအကြောင်း ရှိပါတယ်။ ဒုတိယသမ္မတတစ်ဦးသည် ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ဘတ်ဂျက်ကိုထိန်းကျောင်းရန် တာဝန်ရှိပြီးဖြစ်ပါသည်။ အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုကို ၀န်ကြီးတစ်ပါးထပ်ခံပြီး အရှိန်အဟုန်မြှင့် ခိုင်း မည်ဆိုပါက နောက်ထပ် ၀ိရောဓိတစ်ခု တိုးလာနိုင်စရာ အကြောင်းရှိပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ''အမှတ် (၁)လျှပ်စစ်ဝန်ကြီးဌာနနဲ့ အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနကို လျှပ်စစ်ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများမှာ ကြီးကြီးမား မား မကျန်ရှိတော့ခြင်းဆိုတဲ့ ကျိုးကြောင်းဖော်ပြမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ယူဆပါတယ်။ အဓိကကတော့ နှစ်ခုပေါင်းလိုက်လို့ ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်စွမ်းအားတွေကို နိုင်ငံမှာ ရရှိအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ဖြစ်သင့်ပါတယ်။ အမှတ် (၁)နဲ့(၂)ပေါင်းခြင်းကြောင့် ပိုမိုကောင်းမွန်လာမယ့် အခြေအနေမျိုးကို ဖန်တီးနိုင်မယ်ဆိုရင်တော့ လက်ခံရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနဖျက်သိမ်းခြင်းဆိုတဲ့အချက်မှာ ကျွန်တော်တို့ဟာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိလို့ဆိုတဲ့ ဆင်ခြေမျိုးနဲ့ သွားမှာလား။ အဲဒီဝန်ကြီးဌာနတစ်ခု ဖျက်သိမ်းလိုက်တာသည် ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက်နစ်နာသွားနိုင်သလဲ။ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ ကျွန်တော်တို့ နိုင်ငံအ နေနဲ့ မလုပ်နိုင်တော့ဘူးလား။ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီလား။ ဒါကို သိချင်ပါတယ်။ အမှတ်(၁) စက်မှုဝန်ကြီးဌာနနဲ့ အမှတ်(၂) စက်မှုဝန်ကြီးဌာနတွေကို ပေါင်းပြီး စက်မှုဝန်ကြီးဌာနအဖြစ် ပေါင်းစည်းလိုက်တဲ့အခါမှာ တချို့ဌာနတွေကို ဖျက် သိမ်းလိုက်တဲ့အတွက် နှစ်ပေါင်းများစွာ လုပ်လာတဲ့ အစိုးရ၀န်ထမ်းတွေကို လျော့ချလိုက်သလို ဖြစ်ခဲ့ပါတယ်။ ပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်ရေးကို လက်ခံပါတယ်။ သို့သော် နိုင်ငံတော်ကလည်း တာဝန်ယူဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိပါတယ်။ ပုဂ္ဂလိကထက် နိုင်ငံတော်က ပိုလုပ်နိုင်ပါတယ်။ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သိမ်းတာ လက်မခံပါဘူး။ စက်မှု(၁) နဲ့(၂) ပေါင်းတဲ့ထဲမှာ ဒီကဏ္ဍကို ထည့်ပေးစေချင်ပါတယ်။  အရင်ဝန်ကြီးဌာန ၃၄ ခုမှာ ၀န်ကြီး ၃၀ နဲ့ အခု ၀န်ကြီးဌာန ၃၆ ခုမှာ ၀န်ကြီး ၃၆ ဦးနဲ့ ဖွဲ့စည်းပါတယ်။ ဒုဝန်ကြီး အင်အားတွေလည်း ထပ်ဖြည့်ထားတာ တွေ့ရပါတယ်။ ၀န်ကြီး၊ ဒုဝန်ကြီးတစ်ဦးရဲ့ ကုန်ကျစရိတ်က တစ်နှစ်ကို သိန်း ၆၀၀ လောက်ရှိပါတယ်။ လိုအပ်လို့တိုးရမယ်ဆိုရင်တော့ ထောက်ခံပါတယ်။ မလိုအပ်ဘဲနဲ့ ဖြုန်းတီးမှု ဖြစ်တယ်ဆိုရင်တော့ ကန့်ကွက်ပါတယ်။ ၀န်ကြီးဌာနတွေဟာ ကျစ်လျစ်မှုရှိတယ်ဆိုပေမယ့် ကျွန်တော်ကတော့ ဖွယ်နေတယ်လို့ပဲ မြင်ပါတယ်။ ပုံစံတူ၊ ဆက်စပ်မှုရှိတာတွေကို ပေါင်းပြီး ၀န်ကြီးတစ်ဦးကို တာဝန်ယူစေပြီး ကျန်တဲ့ပုံစံတူတွေကို ဒီအောက်မှာ ထားလိုက်ရင် မဖြစ်နိုင်ဘူးလား။
ဝန်ကြီးဌာနတွေ သမ္မတရုံးမှာ ခြောက်ခုတိုးခြင်းသည် ကုန်ကျစရိတ်တွေ ပိုများလာမယ်ဆိုရင်တော့ မသင့်လျော်ပါဘူး။ ကျွန်တော်တို့လွှတ်တော်မှာ ဆိုင်းငံ့ထားရတဲ့ သမ္မတ သ၀ဏ်လွှာရှိပါတယ်။ ကန့်ကွက်ထားသူရှိလို့ ဆိုင်းငံ့ထားရတာပါ။ အဲဒီဆိုင်းငံ့ထားရတဲ့ နိုင်ငံတော်သမ္မတသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ဘယ်သူတွေလဲ။ ၀န်ကြီးဌာနခြောက်ခုဖြစ်လာခြင်းကြောင့် နောက်ထပ်အဲဒါမျိုးတွေ ထပ်ပေါ်လာနိုင်ဦးမလား။ တာဝန်ရှိတဲ့သူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ယူမှုတွေ လိုအပ်ပါတယ်။ ခြောက်ဦးဖြစ် လာတဲ့အတွက် သမ္မတရုံးရဲ့ လုပ်ဆောင်ချက်တွေ အားကောင်းလာမလား။ ဒီမှာ ကျိုးကြောင်း ဖော်ပြချက်တွေအရဆိုရင် ခန့်ထားတဲ့ ၀န်ကြီးဌာနတွေနဲ့စာရင်နည်းနေပါသေးတယ်။  ဒီထက် ကျိုးကြောင်းဖော်ပြချက်တွေပိုပြီးတော့ လိုအပ်မယ်လို့ ထင်ပါတယ်။ ထပ်တိုးမယ်ဆိုရင်လည်း နောက်ထပ်တစ်ဦးသော်လည်းကောင်း၊ နှစ်ဦးသော်လည်းကောင်း ဒီလောက်ပဲ လိုမယ်လို့ ထင်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက''နိုင်ငံတော်သမ္မတထံကနေ ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့လာတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများအား ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ သ၀ဏ်လွှာ အချက်တွေထဲကနေ အောက်ပါအ တိုင်း ပြင်ဆင်လျှင် ပိုမိုသင့်မြတ်မယ်လို့ ယုံကြည်အကြံပြုလိုပါတယ်။ နံပါတ်(၁)အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများထံ လွှဲပေးခြင်း၊ စာပေနှင့်ပုံနှိပ် ထုတ်ဝေရေးလုပ်ငန်းအား နိုင်ငံတော်သမ္မတရုံးမှ စီမံကြီးကြပ်ခြင်း၊ ရုပ်သံလွှင့်လုပ်ငန်းများအား semi-government  ပြောင်းလဲဖွဲ့စည်းသင့်ပါတယ်။ (၂) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတွေကို စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းသင့်ပါတယ်။ (၃) ရထားပို့ဆောင်ရေးအား ပို့ဆောင်ရေးဝန်ကြီးဌာနသို့ မူလရှိခဲ့တဲ့အတိုင်း ပြန်လည်ပူးပေါင်းဖွဲ့စည်းသင့်ပါတယ်။ (၄)သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနကို ပူးပေါင်းပြီး ပညာရေးဝန်ကြီးဌာနကို အဆင့်မြှင့်ပြီး ထပ်မံဖွဲ့စည်းသင့်ပါတယ်။ (၅)အားကစား ၀န်ကြီးဌာနကို ဖျက်သိမ်းပြီး အားကစားနှင့် ကာယပညာဦးစီးဌာနအား လွတ်လပ်တဲ့ကောင်စီအဖြစ် သီးခြားဖွဲ့စည်း တည်ထောင်သင့်ပါတယ်။ နောက်တစ်ချက်က ပြည်ထောင်စုဝန်ကြီးတိုးခြင်း၊ လျော့ခြင်းကိုလည်း ၀န်ကြီးဌာနအရေအတွက်ပေါ်မှာ မူတည်ပြီးဆောင်ရွက်သင့်ပါတယ်''ဟု ဆွေးနွေးအကြံပြုခဲ့သည်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို ကြီးကြပ်ကွပ်ကဲဖို့ ဆိုရင်လည်း မသင့်တော်ပါဘူး။ သူတို့ကို ဒီထက်ပိုပြီး လုပ်ကိုင်ခွင့် ပေးသင့်ပြီး ရဲရဲတင်းတင်း၊ ရိုးရိုးသားသားလုပ်ဖို့ တွန်းအားပေးသင့်ပါတယ်။ သူတို့ကို good governance, clean government ဖြစ်အောင် လွှတ်တော်နဲ့ မီဒီယာကပဲ လုပ်ရမှာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပါပဲ။ အစိုးရက အဆင့်နောက်တစ်ဆင့် ၀န်ကြီးတွေထားပြီး လုပ်ဖို့ မလိုပါဘူး။ ဗဟိုချုပ်ကိုင်မှုကို ဒီထက်လျော့ရမှာပါ  .  .  .

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယခင်က သမ္မတရုံးဝန်ကြီးဌာနနှစ်ခုမှ ယခုကဲ့သို့ ခြောက်ဌာန ထပ်မံတိုးချဲ့ ဖွဲ့စည်းရခြင်း အကြောင်းရင်းကို ရှင်းလင်းရာတွင် ''လက်ရှိသမ္မတ ရုံးဝန်ကြီးဌာနနှစ်ဌာနအနေဖြင့် သမ္မတရုံး၏ အိမ်တော်ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း၊ good governance and clean government  ကိစ္စရပ်များ၊ တိုင်စာ ပစ်စာကိစ္စရပ်များ စိစစ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အောက်ဖော်ပြပါ ကိစ္စရပ်များကြောင့် သမ္မတရုံးဝန်ကြီးဌာနများ ကို တိုးချဲ့ဖွဲ့စည်းရန် လိုအပ်လာပါတယ်။ အောင်မြင်စပြုလာသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် ထိန်းကျောင်းရန် လိုအပ်လာခြင်း၊ ဖြေလျော့ မှုများနှင့် ဥပဒေရေးရာ ခိုင်မာမှုများကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ရန်နှင့် ထိန်းကျောင်းရန် လိုအပ်လာခြင်း၊ ငွေကြေးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လာခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုမှန်ကန်မှု ရှိစေရန်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်လာခြင်း၊ ၂၀၁၄ ခုနှစ်တွင် စတင်တာဝန်ယူမည့် အာဆီယံဥက္ကဋ္ဌတာဝန်အတွက် သီးခြားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ခြင်း၊ ၂၀၁၃ ခုနှစ် Sea Games အတွက် ကြီးမားကျယ်ပြန့်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် လိုအပ်လာခြင်း၊ တာဝန်ထမ်းဆောင်စ ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းကျွမ်းကျင် လည်ပတ်မှုရှိစေရေးအတွက် ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန် လိုအပ်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင်ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက် မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲဖြင့် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာအတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
''ဒီလို ဝေဖန်ထောက်ပြတာ ကောင်းပါတယ်။ သမ္မတရုံးဟာအခုဆိုရင် သြဇာအာဏာကြီးမားတဲ့ ရပ်ဝန်းတစ်ခုဖြစ်လာပြီ။ အရင်အစိုးရလက်ထက်ကလိုပုံစံမျိုး ဗဟိုကအရာအားလုံးကို ချုပ်ကိုင်ပြီး အာဏာရှင်စနစ် ပုံစံမျိုးသွားမှာ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို ကြီးကြပ်ကွပ်ကဲဖို့ဆိုရင်လည်း မသင့်တော်ပါဘူး။ သူတို့ကို ဒီထက်ပိုပြီး လုပ်ကိုင်ခွင့် ပေးသင့်ပြီး ရဲရဲတင်းတင်း၊ ရိုးရိုးသားသားလုပ်ဖို့ တွန်းအားပေးသင့်ပါတယ်။ သူတို့ကို good governance, clean government ဖြစ်အောင် လွှတ်တော်နဲ့ မီဒီယာကပဲ လုပ်ရမှာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပါပဲ။ အစိုးရကအဆင့် နောက်တစ်ဆင့်ဝန်ကြီးတွေထားပြီး လုပ်ဖို့ မလိုပါဘူး။ ဗဟိုချုပ်ကိုင်မှုကို ဒီထက်လျော့ရမှာပါ။ သမ္မတကိုယ်စား ဆောင်ရွက်နိုင်တဲ့ ဒုတိယသမ္မတနှစ်ဦး ရှိနေပြီပဲ။ ငြိမ်းချမ်းရေး(သို့) တိုင်းရင်းသားအရေးဟာ သမ္မတ(သို့)သမ္မတရုံးတစ်ခုတည်းကပဲ လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ဒီလောက်ဝန်ကြီးထားဖို့လည်း မသင့်တော်ပါဘူး။ ဒီမိုကရေစီကို လေ့ကျင့်ရမှာပါ''ဟု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

credit -news-eleven.com