Friday 14 September 2012

မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် အခမဲ့အင်တာနက် အသုံးပြုနိုင်ပြီ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် တွင်နိုင်ငံခြားသား ဧည့်သည် များနှင့် ပြည်တွင်း ဘုရားဖူးပြည်သူများသည် ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာ နက် အခမဲ့အသုံးပြုနိုင်ပြီဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ကပြော ကြားသည်။
အဆိုပါ အခမဲ့အင်တာနက်စနစ်ကို ရန်ကုန်မြို့ရှိ ပုဂ္ဂလိက လုပ်ငန်းရှင် များ ကလာရောက် လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှ စ၍ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ မှ တာဝန် ရှိသူ ဦးစိုးစိုးက ပြောသည်။
"လှူဒါန်းတဲ့အဖွဲ့က အရင်ကလည်း ရွှေတိဂုံစေတီတော်ကြီးမှာ ဒီလို အခမဲ့ အင်တာနက်စနစ်မျိုး လှူဒါန်းထားတာပါ။ မဟာမုနိ ဘုရားကြီး မှာလည်း ဒီလိုမျိုး လှူဒါန်းဖို့ကို မျှော်လင့်နေတာပါ၊ ဒီလိုမျိုး လာလှူတဲ့ အတွက် ၀မ်းသာပါတယ်" ဟု ၎င်းက ပြောသည်။
အင်တာနက်စနစ်ကို အသုံးပြုရာတွင် ကတ်စနစ်ဖြင့် အသုံးပြုနိုင် မည်ဖြစ်ပြီး လတ်တလောတွင် အင်တာနက်အသုံး ပြုနိုင်မည့် ကတ်အရေအတွက်အရ နိုင်ငံခြားသား ဧည့်သည်များအတွက် ပထမ အဆင့်အဖြစ် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး တစ်ကတ်လျှင် မိနစ် ၃၀ အသုံးပြုနိုင်မည်ဖြစ်ကာ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ အသုံးပြုနိုင်မည်ဖြစ် ကြောင်း ဦးစိုးစိုးက ပြောသည်။
"ကတ်မှာပါတဲ့ နံပါတ်တွေကိုမိမိရဲ့ ဖုန်းမှာရိုက်ထည့်ပြီးတော့ သုံးရမှာပါ၊ အသုံးပြုလိုတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ကတ်တွေကိုဂေါပက ရုံးခန်း မှာ လာရောက်ထုတ်ယူဖို့ ကြေညာသွားပါမယ်၊ နောက်ပြီးတော့ ဘုရားဇောင်းတန်း လေးခုမှာ စာတန်း ချိတ်ပြီး ကြေညာမယ်၊ ပြည်ပဧည့်သည်တွေကို ဦးစားပေး မည်ဆိုပေမယ့် ပြည်တွင်းဘုရားဖူးတွေ လိုအပ်လာပြီဆိုရင်လည်း ဆောင်ရွက် ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ public area များတွင် အင်တာနက်အသုံးပြုနိုင်ခြင်း ဖြင့် နိုင်ငံခြားသားဧည့်သည်များ အတွက် ဆက်သွယ် မှု ပိုမိုလွယ်ကူသွားစေနိုင်ပြီး လာမည့် ၂၀၁၃ ဆီးဂိမ်းအတွက်လည်း ရည်ရွယ် လှူဒါန်းခြင်းဖြစ်ကြောင်း အင်တာနက်လှူဒါန်းရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် vakok online game မှ တာဝန်ရှိသူ ကိုထက်နိုင်က၊ပြောသည်။
"ပြည်ပကဧည့်သည်တွေက ဒီနိုင်ငံ လာရင် ဖုန်းတွေကိုင်ဖို့မလွယ်တဲ့အပြင် ဖုန်းမှာ အင်တာနက်လိုင်းရဖို့ကလည်း မလွယ်ဘူး၊ ပြီးတော့ public area တွေ မှာ အင်တာနက်လိုင်းတွေရရင် သူတို့ အတွက် အဆင်ပြေသွားမယ်။ ပြီးတော့ ဆီးဂိမ်းကျရင်လည်း ပြည်ပ ဧည့်သည် တွေ အများကြီးလာကြမှာဆိုတော့ မန္တလေးကသိန်းမေတ္တာ အလှကုန်နဲ့ စာရေးကိရိယာ ရောင်းဝယ်ရေးက ကိုမင်းမင်းနဲ့ ချိတ်ဆက်ပြီးတော့ မန္တလေးမှာ လာလှူဖြစ်တယ၊် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ တတ်စွမ်းတာ လေးနဲ့ကူညီပေးတဲ့ သဘောပါ" ဟု ၎င်းက ပြောသည်။
တပ်ဆင်လှူဒါန်းထားသည့် အင်တာနက် နည်းစနစ်မှာ Myanmar wifi Hotspot နည်းပညာဖြင့် တပ်ဆင် ပေးထားခြင်းဖြစ်ပြီး အမြန်ဆုံးနှင့် အလွယ်ဆုံးအသုံး ပြုနိုင်မည်ဖြစ်ကာ ကုတ် နံပါတ် ပါဝင်သည့် အင်တာနက် အသုံးပြု နိုင်သည့် ကတ်များကို ၀ိုင်ဖိုင်လှူဒါန်း ထားသော နေရာတိုင်း၌ အသုံးပြုနိုင်မည် ဖြစ်ကြောင်း အင်တာနက်လှူဒါန်းသူ တစ်ဦးဖြစ်သည့် Crystal Shine Company မှ တာဝန်ရှိသူ ကိုသန်းညီထွေးက ပြောသည်။
"၀ိုင်ဖိုင်ဆိုရင် အများအားဖြင့်သိကြ တာက ကီးမပါဘဲ ဒီအတိုင်းအသုံးပြု လို့ရသလို ကီးထည့်ပြီးတော့သုံးလို့ရ တယ်လို့ အများအား ဖြင့် သိကြပါတယ်၊ ကျွန်တော်တို့ရဲ့ နည်းပညာကတော့ ၀ိုင်ဖိုင်အကောင့်ထဲကို ၀င်လိုက်တာနဲ့ ကီးမလိုဘူး တိုက်ရိုက်ချိတ်ဆက်လို့ ရတယ် ဒီလိုချိတ်ဆက်ပြီးတော့ ပေါ်လာတဲ့ welcome page ပေါ်မှာဝိုင်ဖိုင် ကတ်ထဲက ကုတ်နံပါတ်တွေကိုခဲခြစ်ပြီး တော့ရိုက်ထည့် အသုံးပြုလို့ရတယ်။
ပြီးတော့ ရွှေတိဂုံစေတီတော်မှာအခမဲ့ ဖြန့် ပေးထားတဲ့ ကတ်တွေကို မန္တလေး မဟာမုနိဘုရားရောက်လို့ အင်တာနက် အသုံးပြု ချင်တယ်ဆိုရင်လည်း သုံးလို့ရ သလို မန္တလေးကကတ်ကိုလည်း ရန်ကုန် ရောက်ရင် သုံးနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ ရှေ့ဆက်ပြီးရန်ကုန်၊ မန္တလေးမြို့ကြီး များအပြင် နိုင်ငံခြားသားအ၀င်အထွက် များသော public area များတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် ဆက်လက်လှူဒါန်းသွားမည့် အစီအစဉ် ရှိကြောင်း ကိုသန်းညီထွေးက ပြောသည်။
"နောက်ထပ်လည်း ရန်ကုန်ကလူ စည်ကားတဲ့နေရာတွေနဲ့ နိုင်ငံခြားသား အ၀င်အထွက်များတဲ့ မန္တလေးဈေးချို တော်ကြီးမှာလည်း လှူဒါန်းသွားမှာပါ၊ နေပြည်တော်နဲ့ ပုဂံမှာလည်း ဆက်လက် လှူဒါန်းသွားဖို့ လုပ်ဆောင် နေပါတယ်။ ဒီလို လှူဒါန်းသွားဖို့ ကျွန်တော် တို့အဖွဲ့ အနေနဲ့က အများကြီးတတ်နိုင်မှာ မဟုတ်ပါဘူး၊ ပါဝင်လှူဒါန်းချင်တဲ့ သူတွေ ရှိရင်လည်း အတူတူလက်တွဲပြီး ဆက်လက် လုပ်ဆောင်သွားမယ်"ဟု ၎င်းက ဆိုသည်။
http://pyae-phyo.blogspot.com/
မဟာမုနီရုပ်ရှင်တော်မြတ်ဘုရားကြီးဝင်းအတွင်း အခမဲ့ ၀ိုင်ဖိုင်သုံးနိုင်သည့် ကတ်ကိုတွေ့ရစဉ်။
ဓာတ်ပုံ - အောင်ရဲသွင်

 credit - myanmar.mmtimes.com

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။