Saturday 26 January 2013

မိမိ၏ Gtalk အကောင့် Hack မခံရအောင် ကာကွယ်နည်း

http://pyae-phyo.blogspot.com

ခုတော့ ကျွန်တော့်အကောင့်ဟက်ခံရတာနဲ့ပတ်သက်ပြီးပြောစေချင်ပါတယ် ။ ကျွန်တော့်အကောင့် ဟက်ခံရတဲ့အကြောင်းအရင်းကတော့ Security အလွန်အားနည်းလို့ပါ။ ဘယ်နေ့ဘယ်အခါက Hack သွားမှန်းမသိပေမယ့် မနေ့ကတော့ ပြန်ယူလိုက်ပါတယ်။ ကျွန်တော်သိသလောက် ကာကွယ်နည်းပြောပြပါမယ်။ ပြီးတော့ ဖြစ်ရပ်မှန်တွေကိုလည်းပြောမယ်ဗျာ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ် ဆိုတာရဲ့ အဓိပ္ပါယ်ပါပဲ။


Keylogger ကိုအထူးသတိထားပါ


Keylogger ဆိုတာကလည်း ကောင်းတာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အတိုင်း Keylogger ကမှတ်ပေးတာပါ။ Keylogger အများဆုံးရှိတဲ့နေရာက သူများစက်၊ ရုံးစက် ၊ ဒီထက်များတာက အင်တာနက်ဆိုင်တွေမှာပေါ့ဗျာ။ Keylogger ကိုကာကွယ်ချင်ရင်တော့ [ဒီကိုclick] ပါ။ ပြီးတော့ အလိမ်တစ်ခုတွေ့ထားသေးတယ် Facebook မှာပြောတာပါ။ ကို Kiddo Monstar တို့MHU ကဟက်ကာအချို့တွေ Anti-Keylogger.xpi ဆိုပြီး dropbox.com နဲ့ပေါ်လာတယ်။ Download ဆွဲပြီးတာ Mozilla Firefox ကို Restart ချပြီးတာနဲ့။ အဲ့ dropbox.com မှာဒေါင်းခဲ့ တဲ့ လင့်ပြန်ဖွင့်တော့။ Not Found တဲ့။ ဖိုင်တွေကတော့ ခံလိုက်ရသေးတယ်။ ဒီလိုမျိုး အီစကလီ အလိမ်တွေကို အထူးသတိထားပါ။


Remember Password ကို အမှန်ခြစ်ထားလား??



Remember Password အမှန်ခြစ်တာဟာ တကယ်မကောင်းပါဘူး။ ကိုယ့်စက်မှာ ခြစ်ရင်တောင် သတိထားရသေးတယ်။ စစဦးဆုံး Gtalk download ဆွဲပြီး ပါလာရင် Remember your password ဆိုပြီး အမှန်ခြစ် ခြစ်ပေးထားလိမ့်မယ်။ အကောင့်မ၀င်မီ အဲ့ဒါကို ဖြုတ်ထားပါ။ ဘယ်တော့မှ မခြစ်ပေးပါနဲ့။ See Password နဲ့ သူတို့က Password ရှာလွယ်ပါလိမ့်မယ်။ Password Looker Software တွေနဲ့ သူတို့ အနံ့ခံတတ်ပါတယ်။ ဘယ်နေရာမဆို သင်သတိကြီးကြီးထားပါ။ Recovery Software နဲ့လည်း ချနေတဲ့သူတွေလည်းရှိပါ့ဗျာ။


သင်သူများစက်မှာ Gtalk အကောင့်ကြီးပိတ်ဖို့မေ့နေသူများအတွက်...



တချို့တချို့လူတွေက ဖွင့်ပြီးတော့ မေ့သွားတတ်ကြပါတယ်။ ကွန်နက်ရှင်မကျတဲ့နေရာမှာ ဖွင့်သွားခဲ့ရင် ကျအောင်လုပ်ပြီး Password ယူသွားလေ့ရှိပါတယ်။ Sign out မလိုပါဘူး။ ဥာဏ်ရှိရင် ဒီလိုလုပ်တဲံလူတွေရှိပါတယ်။ Network ကို disable လုပ်ပြီး Gtalk account တွေကျတဲ့ အခါကျရင် username နဲ့ Password ပေါ်လာတယ်။ အဲ့ဒီအခါ မသိတဲ့သူကတော့ ဘာလုပ်မလဲ။ သိတဲ့လူကတော့ Password Looker နဲ့ကြည့်ပြီး စော်ပလော်တီးပြီး ဖောက်လိုက်မယ်။ အဲ့ဒီတော့ ပညာသေးသေးကွေးကွေးနဲ့ ကြီးကြီးမားမားအလိမ်ခံရပြီ။


သင့် account နဲ့ Password သူများကိုပေးသင့်လား?



Security အရဆိုရင် လုံးဝမပေးသင့်ပါ(Don't)။ ဆိုဒ်တိုင်းမှာရေးတာတွေ့ပါတယ်။ ဘယ်တော့မှ မပေးပါနဲ့။ ကိုယ့်မိသားစုတောင် နည်းနည်းယုံရခက်ပါတယ်။ တခြားလူဆိုရင် ဝေးပါ့ဗျာ။ အထူးသဖြင့် information ရှိရင်လူတွေက မက်မောကြပါတယ်။ ငွေရှိရင် မက်တယ်သဘောမျိုးပါ။ တစ်ချို့ဆိုရင် သူငယ်ချင်းကို ယုံလို့ပေးတယ်။ ရန်လည်းဖြစ်ကော ။ Password ကပါသွားရော။ ချစ်သူကိုလည်း မပေးမိပါစေနဲ့။ အကယ်လိုကွဲရင် သူက ကိုယ့်ရဲ့ Password ကိုပြောင်းပြီးသားဖြစ်နေမယ်ကွယ်။


Password ကိုရှည်ပြီး အလွယ်တကူခိုးလို့မရအောင်ပေးပါ!



အရင်တုန်းက Google က ၆အထိအများဆုံးပေးပါတယ်။ ခုတော့ ၈လုံးမှ ၁၆လုံးအကြားထားရင်ပိုကောင်းတာပေါ့။ ရှည်လေကောင်းလေပဲ။ နံပါတ်တို့၊ အင်္ဂလိပ်စာလုံးအကြီး အသေး ရောထည့်ပြီး !@#$%^&*()~|+_=?/., လေးတွေ ထဲမှ အဲ့ဒါတွေထည့်ပေးရင်ပိုကောင်းမယ်။ ရှုပ်ထွေးလွန်းတာမပေးနဲ့ ခင်ဗျားတို့မေ့သွားလိမ့်မယ်။ အလွန်ရှည်တာလည်းမပေးနဲ့။ တော်ရုံလောက်ပဲကောင်းမယ်ဗျာ။

Password တူအောင်ပေးသင့်၊ မသင့်



Password က Gtalk ပထမအကောင့်မှာ $@u7YuZ!\*& လို့ပေးရင် နောက်အကောင့်မှာ ဒီလိုမျိုးထပ်မပေးပါနဲ့။ Facebook မှာ အဲ့လိုတူတာပေးရင် ဟက်ရတော်တော်လွယ်လွန်းလှလို့ပါ။ တခြားဆိုဒ်မှာလည်း တူတူမပေးပါနဲ့။ မတူအောင်ပေးပါ။ လွယ်လွန်းတာကို အထူးမပေးရ။


Password ကိုလွယ်လွယ်မပေးပါနဲ့။



မိမိ၏နာမည်မထည့်နဲ့။ ဘယ်ခုနှစ်မွေးလဲဆိုတာမထည့်နဲ့။ ဒါတွေထည့်ရင် ပိုပြီး Dictionary တို့ Brute တို့နဲ့ အချိန်ပေးပြီး တိုက်စစ်ရတာလွယ်ပါတယ်။ ဖုန်းနံပါတ်တွေလည်းမထည့်ပါနဲ့။ ပစ်စလက်ခတ်မလုပ်နဲ့။ အိမ်နံပါတ်ကတော့ နည်းနည်းတော်ပါသေးတယ်။


Security Questions ကိုလွယ်လွယ်ထားသင့်/မသင့်



Security Questions တောင် နံပါတ် ၁လုံးပဲမထားပါနဲ့။ ဟက်ရတဲ့သူလွယ်နေမှာပေါ့။ တချို့ဆိုရင် What is your name? ဆိုပြီး အကောင့်ဖွင့်ပေးတဲ့သူက အဲ့လိုတပ်ပေးထားပါတယ်။ နာမည်သိနေတဲ့ သူကတော့ ထည့်ချလိုက်ပြီး Password ပေးရင် ဂန့်သွားပါမယ်။ Security Question မထားတဲ့သူတွေလည်း ရှိပါတယ်။ ထားတာကောင်းတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။


Phone number ထားသင့်/မထားသင့်



တကယ်တော့ ထားသင့်ပါတယ်။ အလိမ်မပေးသင့်ပါဘူး။ ကျွန်တော်တို့ မြန်မာ ကိုယ်ပိုင် Mobile Phone မရှိတဲ့သူကတော့ ရှုပ်မှာပဲဟာ။ ဒါကြောင့် နိုင်ငံခြားက မိတ်ဆွေရဲ့ အကူအညီနဲ့လုပ်တာကိုတွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ ရေရှည်မခံပါဘူး။ မြန်မာမှာ Google က SMS မရပေမယ့် ၊ ဖုန်းcallရမယ်။ Lock ကျသွားရင် အဲ့ဖုန်းကလိုကိုလိုပါတယ်။ ပြီးတော့ Password အခိုးခံရရင် ခြေရာအလွယ်ဆုံးပြန်ခံတဲ့နည်းပါ။ ဖုန်းနံပါတ်ရှိရင် Security Question တောင်သိပ်မလို တော့ဘူး။ ရိုးရိုးသားသားပဲလုပ်ပါ။

Security Question မေ့နေတယ်ဗျာ။ ဖုန်းနံပါတ်လည်းမထည့်ထားဘူး။ ဘယ်လိုပြန်ရတော့မလဲ???



တချို့ Secondary E-mail ရှိပါတယ်။ မရှိတဲ့သူတွေကတော့ Identify your account ကို click ပြီး မေးခွန်းတွေဖြေပါ။ ၈၂% မှန်ရင်ပြန်ရတတ်လေ့ရှိပါတယ်။ ကျွန်တော်မေ့တုန်းကလည်း ဒီနည်းပဲသုံးခဲ့တာ့ပါ။ အဲ့ထက်အောက်ရင် ပြန်ရဖို့နည်းနည်းခက်ပြီ။ ကိုယ်သိဖို့လိုတာက ကိုယ့်အကောင့် ဘယ်တုန်းကလုပ်တယ်။ ကိုယ့်အကောင့်နဲ့ပတ်သက်တာသိရမယ်။ နောက်ဆုံး Password ၃လုံးကို သေချာပြန်စဉ်းစားပါ။


စာအုပ်ထဲမှာ Password မှတ်သူများအတွက် အထူးသတိပြု!



တချို့မှတ်ဥာဏ် သိပ်မကောင်းတဲ့သူတွေ၊ ကွန်ပျူတာစကိုင်တဲ့သူတွေ၊ မှတ်ရမှာ ပျင်းတဲ့သူတွေအတွက် အထူးရှုပ်လှစရာပါ။ ကိုယ်ထွင်တဲ့အကောင့်နဲ့ password ကိုမှတ်မိဖို့လိုပါတယ်။ အကယ်လို့ တစ်စုံတစ်ခုဖြစ်ပြီး စာအုပ်ပျောက်ရင် ရင်ပူစရာပဲ။ တကယ်လည်း အဖြစ်အပျက်ရှိဖူးတယ်။ ကျွန်တော့်ဆရာမ သူ့ account နဲ့ password ကို အမြဲ စာအုပ်ထဲမှာမှတ်ထားပါတယ်။ အဲ့စာအုပ်က လက်ကမြင်းတဲ့ ကျောင်းသားတစ်ယောက်ဆီရောက်တော့ သူကလူလည်ကျပြီး အကောင့်ကို ကလော်သွားတယ်ဆိုပဲ။ တကယ်မလွယ်ပါလား။။။။။ ပြီးတော့ Password သတိရပြီး အကောင့်လည်းမမေ့ကြနဲ့ဦးနော်။


Spammers တွေကို သတိထားပါ!



၂၀၀၄တုန်းက အဖြစ်အပျက်တစ်ခုကို ကိုးကားပြီးပဲတင်ပေးမယ်ဗျာ။ အရင်တုန်းက Security ဆိုတာ အားနည်းသလောက်ပါပဲ။ မေးလ်တစ်ခုဝင်လာပါတယ်။ 
ခင်ဗျားဟက်တတ်ချင်ရင် အကောင့်နဲ့Password ပေးပါ။ ပြီးတော့ victim e-mail address ပေးပါတဲ့။ ရက်ပေါင်း ၁၅၀ ကြာမည်။ အရင်တောင်းဆိုသူကို Password အရင်ပေးမည်။ ခုပဲလုပ်လိုက်ပါတဲ့။
ဒါကိုပဲကျွန်တော် ဘာသာပြန်ထားတာပါ။ လောဘနဲ့ယုံတဲ့သူကတော့ ခံကြရတာပေါ့။ ကိုယ့်အကောင့်ပဲ အဖတ်တင်တာ။ စောင့်ရတာလည်း အဖတ်တင်တယ်။ victim ကိုလည်းမရတဲ့အပြင် လောဘက ကိုယ့်ကိုလိုက်ဖျက်နေတာပဲ။ ဟာသလေးပဲတဲ့။ ဟီး။ တကယ်ရယ်ရတာဗျာ။


Hacking Software ကိုလည်းရောင်းတယ်တဲ့၊ ကိုယ်တော်ရေ။



Hacking Software တဲ့။ လူတိုင်းကြားရင် ဟက်ချင်ကြမှာပဲ။ ၀ယ်လည်းဝယ်ချင်မှာပဲ ငွေပေါတဲ့ သူဌေးနလပိန်းတုန်းနဲ့တော့ အံကိုက်ပါပဲ။ ကျွန်တော်လည်းအပါအ၀င် အရင်တုန်းက လုပ်ဖူးချင်တာပဲဗျ။ victim အကောင့်မှာ ရန်သူ့အကောင့်ဆော်ပြီး Loading လေးစောင့်နေတာ။ ဟာ့ဗျာ။ အဲ့ဒါ အဖတ်ပဲတင်တာ၊ ဘာမှမကောင်းဘူး။ စက်တွေဟမ်းပြီး၊ Trojan၊ Virus တွေ။ တခြားစက်ကနေ ထိန်းချုပ်တာ ခံရပြီပေါ့။ ရောင်းတာလည်း အလိမ်ပါပဲ။ ငွေအတွက်နဲ့ လူကိုမလေးစားပါဘူးဗျာ။


Secondary E-mail address???



ကဲကဲ။ Secondary E-mail address ကတော့ ကိုယ့် အီးမေးလ်တောင်မလုံခြုံရပါဘူး။ အင်တာနက်ဆိုင်က အရင်က ၅၀၀ကျပ်ပေးပြီးလုပ်ပေးတယ်ဆိုပဲ။ Google ပိုင်ရှင်ကတော့ free ပေးသေးတာ။ ဒါပေမယ့် အဲ့လိုလုပ်တာ ရေရှည်မကောင်းဘူး။ ဘာလို့လဲဆိုတော့ Recovery နည်းနဲ့ Password အသစ်တွေ၊ အချက်အလက်တွေအပြောင်းခံရမှာ စိုးရိမ်လို့ပဲ။


Gmail ဖွင့်ရင်ဘယ်လိုသိထားသင့်လဲ?



သင် gmail အကောင့်နဲ့ password ထည့်ပြီး Sign in ကို click တယ်ဆိုပါတော့ ထုံစံပြတာက Do you want to remember your password? ဆိုရင် Never လုပ်ပါလို့အကြံပေးချင်ပါတယ်။ Not now! ဆိုလည်းရပါတယ်။


သုံးသင့်သော Browser...


မိမိသုံးသင့်တဲ့ Browser က Security မြင့်မားပြီး နောက်ဆုံးပေါ်တဲ့ browser သုံးပါ။ gmail ဖွင့်ဖို့အတွက်ပေါ့။ Mozilla Firefox , Opera , Google Chrome တို့ပေါ့။ အမြဲတမ်း update လုပ်နေတဲ့ browser လေးတွေပါ။ Internet Explorer ကတောင် အမြင့်ဆုံး version ရပြီးတောင် security မခြုံပါဘူး။ Flock လည်းမသုံးပါနဲ့(Discontinued) ဖြစ်ထားလို့ပါ။


Protect လုပ်မလား? Recovery လုပ်မလား? သေချာစဉ်းစား..

 

မိမိအကောင့်ကို Protect လုပ်တာကပိုကောင်းပါတယ်။ Recovery ကပြန်ရဖို့ခက်မယ်ဗျာ။ ဒါကြောင့် ဟက်ကာတွေ လက်ထဲကိုမပါစေနဲ့။ ပါရင် ပြန်ရဖို့ မလွယ်ဘူးတာမှတ်။ လည်တယ်ကောင်ကတော့ အကုန်မွှေမှာပဲ။ သိပ်မကျွမ်းတဲ့ဟက်ကာကနဲ့တွေ့ရင်တော့ ပြန်ရနိုင်မယ်။ ဒါကြောင့်ကံပေါ်မှာ မူတည်တယ်။ ပြီးတော့ ကိုယ့်အကောင့်အကြောင်းနည်းနည်းသိဖို့လိုပါမယ်(အကြမ်းဖျင်း)။


ကိုယ်ရံတော်ကောင်းကြီးဖြစ်ပါစေခင်ဗျားးး။

P.S.: ကျွန်တော်က ဟက်ကာမဟုတ်ပါ။ ခင်ဗျားတို့ဟက်ကာလာဟက်ရင်လည်း ဘုမသိဘမသိတော့တကယ်ခံရမှာပဲလေ။ ဒီလို ခန့်မှန်းမှုလေးနဲ့ပါ။ ဆရာဟက်ကာကြီးတွေကို မထိခိုက်စေချင်ပါဘူး။



ကျွန်တော်အားမှဆက်ရေးမယ်။ ဒီမှာရပ်လိုက်မယ်။ Pyae Phyo ဘာညာကွိကွ (MM Tech News)

Friday 25 January 2013

ဧပြီလ ၂၀၁၃ ကျရင် Samsung Galaxy S4 ထွက်မည်

http://pyae-phyo.blogspot.com
Samsung Galaxy ရဲ့ မျိုးဆက်အသစ် ဒီနှစ်ထဲမှာလာတော့မယ်ဆိုတာက သတင်းကောင်းတစ်ရပ်ပါပဲ။ Samsung Galaxy S4 ဟာ ဧပြီလ ၁၅ရက်နေ့မှာ တရားဝင်ထုတ်လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာမှာကတော့ သင်္ကြန်ဖြစ်နေပြီးတော့ မြန်မာ့နှစ်သစ်ကူးတော့မှာပါ။ မြန်မာ့နှစ်သစ်ကူးမှာ Samsung Galaxy S4 တစ်လုံးဝယ်နိုင်ပါစေ။

အရင်ထုတ်လုပ်ခဲ့တဲ့ S3 ဟာ မကြာမီ ထုတ်လုပ်တော့မယ် S4 ကိုမမှီသေးပါဘူး။ Samsung Galaxy S4 က တခြားဖုန်းတွေနဲ့အပြိုင်အဆိုင်ဖြစ်နေပါတယ်။ အရင် Samsung ဖုန်းတွေက ဖုန်းဖွင့်တော့မယ်ဆိုရင် စောင့်နေရပါတယ်။ Samsung Galaxy S4 လည်း မကြာမီ Samsung Galaxy S3 လိုအရောင်းများမယ်လို့ ယူဆထားပါတယ်။

Nokia Lumia 920 (သို့မဟုတ်) Droid DNA သုံးနေသောကိုကိုကြီး မမကြီးတို့ကတော့ Wireless Charging Station နဲ့ အဖုံး ကိုယ့်ဘာသာကိုယ် ငွေထပ်အကုန်ခံပြီးဝယ်ရမှာဖြစ်ပါတယ်။ Samsung Galaxy S4 ၀ယ်တဲ့သူကတော့ အထက်ပါအတိုင်း အလကားနေရင်ဝယ်နေစရာမလိုတာပါပဲ။

ထူးခြားတာကတော့ ၂,၆၀၀ mAhဘက်ထရီရရှိမှာဖြစ်ပါတယ်။ S3 ဟာ ၂,၁၀၀ mAhဘက်ထီရီသာရှိတဲ့အတွက် နောက်ဆုံးထွက်ပေါ်မယ့်ဖုန်းဟာရေရှည်ပိုခံပါတယ်။

ဧပြီလ ၁၅ရက်မှာ ထွက်မယ်ဆိုပေမယ့် U.S မှာပဲအရင်ဦးဆုံးစပေါ်မှာပါ။ ဖုန်းထုတ်လုပ်ချိန်ကတော့ မတူပါဘူး။ အဲ့ဒီဖုန်းကတော့ အပတ်ပိုင်းလေးအတွင်း တခြားနိုင်ငံမှာ ထုတ်လုပ်မယ်ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာကတော့ ရ မရမသိပါဘူး။

ဒီသတင်းဟာ ကောလဟာလ မဟုတ်ပါဘူးလို့ SamMobile ကတင်ပြထားပါတယ်။

ref : news.cnet.com
---
Pyae Phyo ဘာညာကွိကွ[MM Tech News]

Wednesday 23 January 2013

NiB Master[Blogger Template]

NiB Master[Blogger Template]
http://pyae-phyo.blogspot.com
ခုတော့ netinfozblog မှတင်ထားတဲ့ လှလှပပ Blogger Template ကို share မယ်ဗျာ။ လုပ်တဲ့သူက Levis ဆိုတဲ့ India က ၁၅နှစ်ဆိုသူပါဗျာ။ ကျွန်တော်ကတော့ ကြိုက်လို့ ပြန် share ပါတယ်။ သူ့ဟာက Pro လည်းဆန်သလို လူတိုင်းလိုချင်တဲ့ template တစ်ခုဖြစ်ပါတယ်။ လူတိုင်းကြိုက်သလိုလှလည်းလှတယ်ဗျာ။ အောက်မှာ details လေးတွေတစ်ချက်လောက်ကြည်လိုက်ပါဦး။


Platform Type Blogger / Blogspot
Template NameNiB Master [Net Infoz Blog Master]
Designer http://www.netinfozblog.in
Template DesignerLevis Raju / http://www.netinfozblog.in
Description This was Levis 's previous template. He published before on 25th Dec 2012. His friends request his template because it seems like pro. It's not converted from Wordpress. This template has 3 columns on this template. :)
Categories 3 Columns | 1 Right Sidebar | Black | White | Simple | Professional | Yellow | Blue | Grey | Author Card | Share
Shared byhttp://pyae-phyo.blogspot.com

အောက်မှာ Screenshot ရိုက်ပေးထားပါတယ်။ စေတနာနဲ့ပေါ့လေ။ ဖိုင်ကတော့ Password မပေးတော့ပါဘူး။ Direct ယူပေးထားမယ်။


http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com


http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
ဒီ Templates လေးကလှပါတယ်ဗျာ။ share ပေးချင်လိုက်တာ။ အလွယ်တကူ ရအောင်ပဲ ပေးလိုက်မယ်။ အဆင်ပြေပါစေ။ Live Demo ဆိုရင် အစမ်းကြည့်လို့ရမယ်။ Download ဆိုရင် ဒီဖိုင်လေးရပြီးဖြစ်ပါတယ်။ extract လုပ်ပြီး xml ဖိုင်လေးကို blogspot မှာတင်လိုက်ပါ။



ကျွန်တော်မအားသေးလို့ အများကြီး မရှင်းပြနိုင်တော့တာပါ။ ကဲကဲ။ သောကြာနေ့မှာ တွေ့ကြရတာပေါ့။ သူငယ်ချင်းတို့တစ်စုံတစ်ခုရရင်ကျေနပ်ပါပြီဗျာ။

အဆင်ပြေပါစေ။
---
Pyae Phyo (Myanmar Tech News)

Monday 21 January 2013

ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့ အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။

ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့ ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့ နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။

ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့် စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့် ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။

ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref:realitypod
credit: blog.teamspace.com.mm

http://pyae-phyo.blogspot.com

Sunday 20 January 2013

ShowPassword v2.6

ShowPassword v2.6
http://pyae-phyo.blogspot.com

ကျွန်တော်အခု Show Password ကိုပြောပြမယ်ဗျာ။ အဲ့ကောင်က mail လုပ်တဲ့အချိန်တွေမှာ Password ကို CTRL+C နဲ့လုပ်ပြီး Set a password! ရဲ့ ဘယ်ဘက်က box မှာထည့်ပြီး click လိုက်ရင် ထွက်လာတဲ့ Password ပါ။ Gtalk တို့ Gmail မှာမရပါဘူး။ အဲ့ဒါက ဟောင်းနေပါပြီ။ အသုံးလိုမယ်လို့ထင်တဲ့ သူတွေ အတွက် တင်ပေးထားတာပါ။ ခင်ဗျားတို့ အဆင်ပြေပါစေ။ Hacking Tool တစ်ခုပါပဲ။

http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com

ကဲ။ အောက်ပါအတိုင်းကြည့်လိုက်။ ခင်ဗျားတို့သုံးလို့ရမယ့်စက်တွေလည်းရှိမှာပေါ့။ သေချာကြည့်ပါ။

Windows 95
Windows 98
Windows ME
Windows NT (v3/v4)
Windows 2000
Windows XP
Windows 2003
Windows Vista
Windows 7

Password မပါဘူး။ ဒါကြောင့် အလွယ်တကူ ဆွဲလို့ရပါတယ်။ အောက်က Download button ကို click ပေးပါ။ လင့်သေရင်ပြောပါ။ ကျွန်တော်အားရင် တင်ပေးမယ်ဗျာ။
Download! [Grab it free]

ညစ်ချင်သလောက်ညစ်။

အဆင်ပြေပါစေ။ Pyae Phyo

Saturday 19 January 2013

NextGen AntiKeylogger Free 3.3.0.1

NextGen AntiKeylogger Free 3.3.0.1
http://pyae-phyo.blogspot.com

ခုတော့ KeyLogger ကိုဖျက်တောက်မယ့် ကိုယ်ရံတော်ကြီးလာပါပြီဗျာ။ ဘယ်လို ကာကွယ်ပေးမလဲဆိုတာကို ကြည့်ကြရပါစို့။ ခင်ဗျားတို့ ရည်းစားနဲ့ပဲဖြစ်ဖြစ်၊ Password ထည့်နေတာပဲဖြစ်ဖြစ်၊ ဆွေမျိုးနဲ့စကားပြောနေတာတွေကို Keylogger ကခြေရာမခံအောင်လုပ်ပြမယ်လေ။ အင်တာနက်ဆိုင်မှာ၊ သူများစက်မှာ ဒီလိုမျိုးမဖြစ်အောင် လုပ်တဲ့နည်းပေါ့။ ကိုယ်လုပ်တဲ့အတိုင်းမမှတ်အောင် ပြီးတော့ မမြင်ရအောင် ကာပေးမယ့် NextGen AntiKeylogger Free 3.3.0.1 ပါတဲ့။ သုံးကြည့်ပါဗျာ။ ဆော့ဝ်လ်က Install တော့လုပ်ပေးရမယ်ဗျာ။


http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com

အောက်ပါ Download ပုံအတိုင်း Download ဆွဲပါ။ အဆင်ပြေပါစေ။ Password လည်းအောက်မှာပေးထားမှာပါ။


Download now [*Free]

Password ကတော့

အဆင်ပြေပါစေ။ Pyae Phyo

မျက်မမြင်တွေအတွက် Smart Phone

မျက်မမြင်တွေအတွက် Smart Phone
http://pyae-phyo.blogspot.com

မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့် ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။


ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို Smart ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း

ဂျော်ဂျီ အသင့်ထည့်ပြီးသား Android Smart တစ်လုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျော်ဂျီ ဆော့ဖ်ဝဲ ပဲ သီးသန့် ဝယ်ယူချင်ရင်တော့ ၁၄၉ ပေါင်နဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်တွေလို တခြား အသုံးပြုနိုင်တဲ့ ပရိုဂရမ်တွေ အတွက် တစ်ခုကို ၂၄.၉၉ ပေါင် ပေးရမှာ ဖြစ်ပါတယ်။


မျက်မမြင်အနေနဲ့ အသံနဲ့ ဖုန်းနံပါတ်ကို ပြောထည့်ပြီး ဖုန်းဆက်လို့ ရမှာ ဖြစ်သလို၊ text ပို့ချင်ရင်လည်း အသံနဲ့ ပြောထည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Smart Phone ကိုဘယ်သူတီထွင်ခဲ့သလဲ??

ဒီဖုန်းကို အင်္ဂလန်က ပီတာဘရာ မြို့မှာ ရှိတဲ့ မျက်မမြင် Wilson-Hinds ဇနီးမောင်နှံ ကနေ တီထွင် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ဖုန်းနာမည်ကို မစ္စစ် Wilson-Hinds ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လမ်းပြခွေးရဲ့ နာမည် Georgie ဂျော်ဂျီ ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။


http://pyae-phyo.blogspot.com
မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်
credit : bbc.co.uk/burmese/

Friday 18 January 2013

Lock ကျသွားသာ Facebook အကောင့်ကို ပြန်လည် ရယူနည်း

Lock ကျသွားသာ Facebook အကောင့်ကို ပြန်လည် ရယူနည်း
ကျွန်တော့်သူငယ်ချင်းတွေမေးနေခဲ့တာပါ။ ကျွန်တော်လည်း Facebook မကိုင်တော့ အတွေ့အကြုံက သိပ်မရှိပါဘူး။ ခုတော့ အနာရှိရင် ဆေးရှိတယ်လေ။ ကိုမင်းစိုးရာဇာဆီက ကူးတာပါ။ သိစေချင်လို့ ဝေမျှလိုက်ပါတယ်ဗျာ။ အောက်ပါအတိုင်းသေချာဖတ်ကြည့်ပါ။ ကျွန်တော် ခေါင်းစဉ်လေးပဲပြင်ထားပါတယ်။
http://pyae-phyo.blogspot.com

ဘာကြောင့် မိမိ၏ Facebook အကောင့် Lock ကျသွားပါသလဲ?


လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ 

မိမိ၏ Facebook အကောင့် Lock ကျနေစဉ် မလုပ်သင့်သော အရာများ (Don't!)

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

Facebook Account Lock ကျရင် ဘယ်လိုမျိုးဖြေရှင်းမလဲ? ဘယ်လိုမျိုးများ သတိထားသင့်သလဲ?

 ဒါကြောင့် အကောင့်လော့ကျတဲ့အခါ  အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။


ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။


ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။


ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။

အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List  ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။



Facebook Account ပြန်လည်ရပြီးရင် သတိထားဖို့...!?


ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းအမျိုးမျိုးကြောင့် Facebook Account Lock ကျသလဲ?


လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈၀ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ Spam အကောင့်အတွက် Facebook account အသစ်လုပ်နေတဲ့သူရှိပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အထက်ပါ အချက်များကို သိစေလိုပါတယ်ဗျာ။

အဆင်ပြေပါစေ။

Credit : minsoeyarsar.com
Edited : pyae-phyo.blogspot.com

Sunday 13 January 2013

Windows XP စက်တွေမှာလည်း Windows Vista style သုံးလို့ရပြီ

Vista Visual Styles Pack , Windows XP မှာ Windows Vista style ရပြီ , Vista Visual Styles Pack 6.0
http://pyae-phyo.blogspot.com
ခုတော့ အားတုန်း Windows XP Theme တစ်ခုတင်ပေးပါဦးမယ်။ တစ်ခုတော့မိုက်တယ်။ Windows Vista နဲ့ခပ်ဆင်ဆင်ပါ။ အဲ့လိုဆင်တူတွေအများကြီးရှိပါတယ်။ သူများကို Windows Vista ဆိုပြီး စချင်သလား? အားရင်တင်ပေးပါဦးမယ်ဗျာ။ အားပေးပါဦး။ ခုတော့ စာလုပ်ရလို့။ နွေရာသီကျရင် တင်ပေးပါဦးမယ်။ ဒါက Installer ပါ။ UXTheme Multi-patcher 5.0 ကိုပါထည့်ပေးထားပါတယ်။ အဲ့ဒါက Windows XP ကို themes ထည့်လို့ရအောင် unlock လုပ်ပေးတာပါ။ အဲ့ဒါကို အရင် install ပေးပါ။ ပြီးမှ Vista Visual Styles Pack 6.0.exe ကို install လုပ်ပါ။ ကျွန်တော်တော့ ကျောင်းပိတ်မှပဲ စမ်းကြည့်တော့မယ်ဗျာ။ အောက်က အပုံလေးတွေကို ကြည့်ပါဦးဗျ။


http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com

စိတ်ဝင်စားရင် Download လုပ်လို့ရပါတယ်။ အောက်ပါအတိုင်း လုပ်ပါဗျာ။Download ကို click ပေးပါ။ Link တွေတစ်ခုမှအလုပ်မလုပ်ရင်C
ပါ။ ပြန်တင်ပေးပါမယ်။


Download [Grab it! It's free!]

Password ကတော့


အဆင်ပြေပါစေ။ Pyae Phyo

Saturday 12 January 2013

Hacking Attacks Revealed [E-book]

Hacking Attacks Revealed
http://pyae-phyo.blogspot.com
ဟက်ကင်းလေ့လာချင်တဲ့ ကိုကိုမမတွေအတွက်ပါ။ Amazon store မှာတော့ ၉၈ပြားနဲ့ရောင်းနေပါတယ်ဗျာ။ ငှဲငှဲ။ ကျွန်တော်လည်း ပိုစ့်မရေးတာ ၁ပတ်လောက်ရှိပါပြီ။ ခုတော့ E-books တွေဘက်တောင်မလှည့်တာဖြစ်တာ ပိုဆိုးခင်ဗျာ။ ကဲကဲ။ ဒီစာအုပ်ရဲ့ စာမျက်နှာ စုစုပေါင်း ၈၂၂ ရွက်ရှိပါတယ်။ E-mail Spoofing(အီးမေးလ်အတုဖြင့် အစစ်ကိုမေးလ်ပို့ခြင်း)၊ IP Flooding (IP ကိုဖျက်ဆီးခြင်း) အမျိုးမျိုးပေါ့။ ကိုယ်စိတ်ရှည်သလိုကျော်ဖတ်ဗျာ။ အများကြီးပဲပိုသိချင်ရင် ကိုယ့်ဟာကိုယ်ဖတ်ကြည့်ပါ။ ကျွန်တော်ဖတ်တာပြီးတော့မယ်။ ဒီလိုပဲ။ မလိုတာတွေကိုကျော်ဖတ်တာပါ။ ဒီစာအုပ်က Free ပါဗျာ။ ဘာနဲ့မှလှဲလို့မရဘူးဗျ။ ကျွန်တော်က ဟက်ကာမဟုတ်ပါဘူး။ ဟက်ကင်းတတ်ချင်တာလည်းမဟုတ်ပါဘူးလို့ပြောပါရစေ။

Mirrors က ၅ခုထားထားပါတယ်။ အဆင်မပြေရင် အောက်မှာ Comment ပေးပါ။ Password ကတော့တူတူပါပဲဗျာ။

Password ကတော့


Click here! [Grab it free!..8MB]

အဆင်ပြေပါစေ။ Pyae Phyo

Friday 11 January 2013

Registry အကြောင်းတစ်စေ့တစ်ဆောင်း

Registry အကြောင်းတစ်စေ့တစ်ဆောင်း , About Registry , Registry ဆိုတာ , Registry
http://pyae-phyo.blogspot.com
ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။

Win.ini တို့ System.ini တို့လို Notepad, Text Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။ ၁။ HKEY-CLASSES-ROOT ၂။ HKEY-CURRENT-USER ၃။ HKEY-LOCAL-MACHINE ၄။ HKEY-USERS ၅။ HKEY-CURRENT-CONFIG ၆။ HKEY-DYN-DATA HKEY-CLASSES-ROOT သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။ HKEY-CURRENT-USER ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။ HKEY-LOCAL-MACHINE သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့ အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။ HKEY-USERS အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values တွေကို သိမ်းထားပါတယ်။ HKEY-CURRENT-CONFIG ဒီကောင်ကplug&playကိုကိုင်တွယ်ထားပြီးကွန်ပြူတာတစ်လုံးရဲ့current configuration တွေအကြောင်းအကုန်ပါဝင်နေပါတယ်။ ဥပမာ -docking station တစ်ခုရဲ့ setting တွေပေါ့။ ဒီ key ဟာHKEY_LOCAL_MACHINE\Config key တွေရဲ့ configuration keyပေါင်းမြောက်များစွာထဲက pointer လေးတစ်ခုပါ။ configuration key (ဥပမာ -0001) ထဲမှာချိတ်ဆက်ထားတဲ့ hardware တွေရဲ့currentconfiguration အကြောင်းတွေပါဝင်ပါတယ်။ HKEY-DYN-DATA သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။ (မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ 

HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။






မှတ်ချက် //   //  ဒီအကြောင်းအရာကိုသိတတ်လို့ရေးတာမဟုတ်ပါ။ တစ်ယောက်ယောက်ရေးတာကိုနှစ်သက်လို့ကူးယူထားတာဖြစ်ပါတယ်။ ကျွန်တော်ဘာရေးရမှန်းမသိလို့ တခြားသူဆီကနေ ဝေမျှတာပါ။

credit : my.opera.com/wunnamg/blog/

Sunday 6 January 2013

Mouse မရှိသည့်အခါ Keyboard ဖြင့်အသုံးပြုနည်း

Mouse မရှိသည့်အခါ Keyboard ဖြင့်အသုံးပြုနည်း
http://pyae-phyo.blogspot.com

မိမိကွန်ပျူတာမှာ Mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် mouseသုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း
လုပ်ကြည့်ပါ။

  1. Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)
  2. Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင်Settings ထဲသို့ဝင်ပါ။
  3. Use Mouse Key မှာ Check box On ပေးရပါမယ်။၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
  4. ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
  5. အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
  6. နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
  7. Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။

credit : pyaephyozawlin.blogspot.com

Windows XP စက်တိုင်းမဆိုမြန်ဆန်အောင်လုပ်နိုင်မယ့် Thoosje Quick XP Optimizer

Windows XP စက်တိုင်းမဆိုမြန်ဆန်အောင်လုပ်နိုင်မယ့် Thoosje Quick XP Optimizer , Thoojse Quick XP Optimizer 2.0 , Thoojse Quick XP Optimizer
http://pyae-phyo.blogspot.com

ကျွန်တော်အခု Windows XP ရဲ့ အထူးပိုပေးတဲ့ ဆရာဝန်ကြီးကိုပေးချင်တယ်ဗျာ။ ကျွန်တော်လည်း Windows XP ကိုင်တဲ့သူမို့လို့ ဒါတွေစမ်းကြည့်တာ အဆင်ပြေနေတာပဲ။ စက်ကော၊ အင်တာနက်လိုင်း၊ Hardware , Software, Windows တက်တဲ့အချိန်မှာ Speed ကိုအမြန်ဆုံးနည်း နဲ့မြှင့်တင်ပေးမယ့် Windows XP အတွက် သီးသန့်ဆော့ဝ်လ်ပါ။ Virus မပါပါဘူး။ တခြား Windows တွေမရပါဘူး။ မယုံရင် စမ်းကြည့်ပါ။ Version က 2.0 ပါ။ နာမည်လေးက Thoojse Quick XP optimizer ပါ။ ဦးဦး Thoojse မှ ၂၀၀၇ တွင်လုပ်ထားတာဖြစ်ပါတယ်။



http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com
http://pyae-phyo.blogspot.com

ပုံလေးတွေကတကယ်လည်းဟုတ်ပါတယ်။ ခင်ဗျားတို့လည်း ကျွန်တော်တို့နဲ့တူတူသုံးကြည့်ပါစို့။ ကျောင်းမဖွင့်မီ ဒီပိုစ့်လေးက နောက်ဆုံးလို့ထင်ပါတယ်ဗျာ။

ဒါနဲ့ Password တောင်းမှပေးပါ။ ဖိုင်အကုန်လုံးကို Password မထည့်ထားပါဘူးလို့ပြောထားချင်ပါတယ်။ တောင်းခဲ့ရင် အောက်ကပြထားတဲ့အတိုင်းပါပဲ။

Password ကတော့


Download! [Grab it free]

အဆင်မပြေရင် အောက်ပါအတိုင်း Comment ပေးခဲ့ပါ။ လင့်အလုပ်မလုပ်လျှင်လည်း ပြောပြနိုင်ပါတယ်။ ကျွန်တော် ကျောင်းတက်နေရင်း ဘလော့ရေးတဲ့တစ်နေ့မှာပြင်ပေးမှာပါ။

အဆင်ပြေပါစေ။ :) Pyae Phyo

Saturday 5 January 2013

Greenius.VS

Greenius.VS , windows xp themes
http://pyae-phyo.blogspot.com

ကျွန်တော်ခု Windows Theme တစ်ခုတင်ပါမယ်။ Windows XP Theme ပါ။ ထည့်နည်းရှိပါတယ်။ ကျွန်တော်လည်း ထည့်မလို့ပါ။ ခုတော့ အစိမ်းရောင်နှစ်သက်တဲ့ ကိုကိုမမကြီးတွေအတွက်ပေါ့။ ကျွန်တော်လည်း အစိမ်းတော့ သိပ်မနှစ်သက်ပါဘူး။ မျက်စိရှင်းလို့ နှစ်သက်မှုလေးပေါ့။ ဒီ Windows XP Theme ကို လူတိုင်းနှစ်သက်ပါတယ်။ ခင်ဗျားတို့ download ဆွဲပေးပါ။ ရိုးရိုးအေးအေးနဲ့ ဒီဇိုင်းဖြစ်တဲ့အတွက် သုံးရတာအဆင်ပြေပါတယ်။ ဖိုင်က ပေါ့ပေါ့ပါးပါးဖြစ်တဲ့အတွက် ကွန်နက်ရှင်လေးနေတဲ့သူတွေ download လုပ်ရတာ အခက်အခဲနည်းတာပေါ့။

အောက်မှာ Download ကို click ပါ။ ဒီဖိုင်က Password မထည့်ပေးထားပါဘူး။ အနှောင့်အယှက်ဖြစ်မှာဆိုးလို့။
download_button
Click here [Grab this theme]

အဆင်ပြေပါစေ။ Pyae Phyo ...

Friday 4 January 2013

Fresh HTTPS Proxy List [4/1/2013]

Fresh Proxy List [4/1/2013] , proxy list , free proxy list , proxy , proxy and port list , free proxy and port list , https proxy list , fresh https proxy list
http://pyae-phyo.blogspot.com
ခုတော့ HTTPS ပါ။ ဘာလိုအသုံးဝင်လည်းတော့မသိပါဘူး။ ဒီနေ့ကလိထားလို့ တွေ့တာတွေတင်ထားတာပါ။ မေးလ်ပို့ရင် ခြေရာဖျောက်လို့ရတယ်ပေါ့။ :D HTTP နဲ့ဘယ်လိုကွာလည်းတော့မတွေ့ဘူး။ ရှားလွန်းလို့လည်း တင်ပေးထားတာပါ။ ၁၀ခုပါပဲ။ နောက်လည်းအားရင်ဆက်ဆက်တင်ပေးပါဦးမယ်။ share ပေးမှာပါ။ ကွန်နက်ရှင်ကျရင်လည်းကျနိုင်တယ်။ အဲ့ထဲမှာ အမြန်ဆုံး၁ခုပဲယူထားတယ်။ အစီအစဉ်ရှိပါတယ်ဆိုပြီး ခဏခဏ ပြောရလို့လည်းအားနာလာပါပြီ။

ခင်ဗျားတို့ proxy မထည့်တတ်ရင်ထည့်နည်းက [ဒီမှာ] ပါ။

မေ့လို့။ လိုချင်ရင် အောက်က Click Here လေးမှာ ကြိုက်တဲ့ တစ်ခုယူပါဗျာ။ ဟဲဟဲ။ နိုင်ငံပါပါတယ်နော်၊ ဒါမှသူများကိုခြောက်လှန့်လို့ရမှာဗျ။ အနည်းဆုံး ၁၀ခုထည့်ထားပါတယ်။



Click here [10 Proxy and Port List] *HTTPS New

ကောင်းကောင်းမွန်မွန်ကလိနိုင်ပါစေဗျာ။ အဆင်ပြေပါစေ။ ကျွန်တော်အားရင်အားသလို proxy list အသစ်လေးတွေထပ်ဖြည့်ပေးပါ့မယ်။

Other free proxy list : Free Proxy List [1/11/2012]
                                 Free Proxy List [3/11/2012]
                                 Free Proxy List [11/11/2012] 
                                 Free Proxy List [13/11/2012] 
                                 Free more proxy list***
အဆင်ပြေပါစေခင်ဗျား။ ပြည့်ဖြိုး..

Wednesday 2 January 2013

Free Proxy List [2/1/2013]

Free Proxy List [2/1/2013] , proxy list , free proxy list , proxy , proxy and port list , free proxy and port list
http://pyae-phyo.blogspot.com
အမှန်တော့ပိုစ့်တင်တာနောက်ကျသွားပါတယ်။ အားလုံးကိုတောင်းပန်ပါတယ်ဗျာ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။
ကျွန်တော်ခု proxy နဲ့port တွေအကုန် share မယ်။ အမြန်ဆုံး ဟာကိုယူထားပါတယ်။ ကျွန်တော်ဝင်မရတဲ့ဆိုဒ်တွေအများကြီး။ ခင်ဗျားတို့လည်း ၀င်မရတာရှိမှာပေါ့။ အဲ့ဒီတော့ နိုင်ငံခြားကလူတွေကို ခိုင်းစရာမလိုတော့ဘူး။ ပြီးတော့ ကိုယ်ယောင်အနည်းငယ်ဖျောက်ဖို့အတွက်အရမ်းကောင်းမှာပေါ့။ အလကားရတာ share မယ်။ password နဲ့ username မလိုပါ။ အရမ်းသုံးလို့ကောင်းမယ်လို့ ခင်ဗျားသတိထားမိမယ်။ ကွန်နက်ရှင်တော့ပုံမှန်ထက်နှေးသွားမယ်နော်။ စက်တော့မနှေးဘူး။ ခုဟာက HTTP ပါ။ Https အတွက်တင်ပေးဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် မသေချာသေးပါဘူး။ ခုက ကျွန်တော်ကျောင်းစာတွေနဲ့ရုန်းကန်နေရတာဆိုတော့ ပိုစ့်တောင်ဖို့အချိန်မရပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ရုန်းကန်နေဆဲပါ။

ခင်ဗျားတို့ proxy မထည့်တတ်ရင်ထည့်နည်းက [ဒီမှာ] ပါ။

မေ့လို့။ လိုချင်ရင် အောက်က Click Here လေးမှာ ကြိုက်တဲ့ တစ်ခုယူပါဗျာ။ ဟဲဟဲ။ နိုင်ငံပါပါတယ်နော်၊ ဒါမှသူများကိုခြောက်လှန့်လို့ရမှာဗျ။ အနည်းဆုံး ၁၀ခုထည့်ထားပါတယ်။


Click here [10 Proxy and Port List]

ကောင်းကောင်းမွန်မွန်ကလိနိုင်ပါစေဗျာ။ အဆင်ပြေပါစေ။ ကျွန်တော်အားရင်အားသလို proxy list အသစ်လေးတွေထပ်ဖြည့်ပေးပါ့မယ်။

Other free proxy list : Free Proxy List [1/11/2012]
                                 Free Proxy List [3/11/2012]
                                 Free Proxy List [11/11/2012] 
                                 Free Proxy List [13/11/2012] 
                                 Free more proxy list***
အဆင်ပြေပါစေခင်ဗျား။ ပြည့်ဖြိုး..