Saturday 26 January 2013

မိမိ၏ Gtalk အကောင့် Hack မခံရအောင် ကာကွယ်နည်း

http://pyae-phyo.blogspot.com

ခုတော့ ကျွန်တော့်အကောင့်ဟက်ခံရတာနဲ့ပတ်သက်ပြီးပြောစေချင်ပါတယ် ။ ကျွန်တော့်အကောင့် ဟက်ခံရတဲ့အကြောင်းအရင်းကတော့ Security အလွန်အားနည်းလို့ပါ။ ဘယ်နေ့ဘယ်အခါက Hack သွားမှန်းမသိပေမယ့် မနေ့ကတော့ ပြန်ယူလိုက်ပါတယ်။ ကျွန်တော်သိသလောက် ကာကွယ်နည်းပြောပြပါမယ်။ ပြီးတော့ ဖြစ်ရပ်မှန်တွေကိုလည်းပြောမယ်ဗျာ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ် ဆိုတာရဲ့ အဓိပ္ပါယ်ပါပဲ။


Keylogger ကိုအထူးသတိထားပါ


Keylogger ဆိုတာကလည်း ကောင်းတာမဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အတိုင်း Keylogger ကမှတ်ပေးတာပါ။ Keylogger အများဆုံးရှိတဲ့နေရာက သူများစက်၊ ရုံးစက် ၊ ဒီထက်များတာက အင်တာနက်ဆိုင်တွေမှာပေါ့ဗျာ။ Keylogger ကိုကာကွယ်ချင်ရင်တော့ [ဒီကိုclick] ပါ။ ပြီးတော့ အလိမ်တစ်ခုတွေ့ထားသေးတယ် Facebook မှာပြောတာပါ။ ကို Kiddo Monstar တို့MHU ကဟက်ကာအချို့တွေ Anti-Keylogger.xpi ဆိုပြီး dropbox.com နဲ့ပေါ်လာတယ်။ Download ဆွဲပြီးတာ Mozilla Firefox ကို Restart ချပြီးတာနဲ့။ အဲ့ dropbox.com မှာဒေါင်းခဲ့ တဲ့ လင့်ပြန်ဖွင့်တော့။ Not Found တဲ့။ ဖိုင်တွေကတော့ ခံလိုက်ရသေးတယ်။ ဒီလိုမျိုး အီစကလီ အလိမ်တွေကို အထူးသတိထားပါ။


Remember Password ကို အမှန်ခြစ်ထားလား??



Remember Password အမှန်ခြစ်တာဟာ တကယ်မကောင်းပါဘူး။ ကိုယ့်စက်မှာ ခြစ်ရင်တောင် သတိထားရသေးတယ်။ စစဦးဆုံး Gtalk download ဆွဲပြီး ပါလာရင် Remember your password ဆိုပြီး အမှန်ခြစ် ခြစ်ပေးထားလိမ့်မယ်။ အကောင့်မ၀င်မီ အဲ့ဒါကို ဖြုတ်ထားပါ။ ဘယ်တော့မှ မခြစ်ပေးပါနဲ့။ See Password နဲ့ သူတို့က Password ရှာလွယ်ပါလိမ့်မယ်။ Password Looker Software တွေနဲ့ သူတို့ အနံ့ခံတတ်ပါတယ်။ ဘယ်နေရာမဆို သင်သတိကြီးကြီးထားပါ။ Recovery Software နဲ့လည်း ချနေတဲ့သူတွေလည်းရှိပါ့ဗျာ။


သင်သူများစက်မှာ Gtalk အကောင့်ကြီးပိတ်ဖို့မေ့နေသူများအတွက်...



တချို့တချို့လူတွေက ဖွင့်ပြီးတော့ မေ့သွားတတ်ကြပါတယ်။ ကွန်နက်ရှင်မကျတဲ့နေရာမှာ ဖွင့်သွားခဲ့ရင် ကျအောင်လုပ်ပြီး Password ယူသွားလေ့ရှိပါတယ်။ Sign out မလိုပါဘူး။ ဥာဏ်ရှိရင် ဒီလိုလုပ်တဲံလူတွေရှိပါတယ်။ Network ကို disable လုပ်ပြီး Gtalk account တွေကျတဲ့ အခါကျရင် username နဲ့ Password ပေါ်လာတယ်။ အဲ့ဒီအခါ မသိတဲ့သူကတော့ ဘာလုပ်မလဲ။ သိတဲ့လူကတော့ Password Looker နဲ့ကြည့်ပြီး စော်ပလော်တီးပြီး ဖောက်လိုက်မယ်။ အဲ့ဒီတော့ ပညာသေးသေးကွေးကွေးနဲ့ ကြီးကြီးမားမားအလိမ်ခံရပြီ။


သင့် account နဲ့ Password သူများကိုပေးသင့်လား?



Security အရဆိုရင် လုံးဝမပေးသင့်ပါ(Don't)။ ဆိုဒ်တိုင်းမှာရေးတာတွေ့ပါတယ်။ ဘယ်တော့မှ မပေးပါနဲ့။ ကိုယ့်မိသားစုတောင် နည်းနည်းယုံရခက်ပါတယ်။ တခြားလူဆိုရင် ဝေးပါ့ဗျာ။ အထူးသဖြင့် information ရှိရင်လူတွေက မက်မောကြပါတယ်။ ငွေရှိရင် မက်တယ်သဘောမျိုးပါ။ တစ်ချို့ဆိုရင် သူငယ်ချင်းကို ယုံလို့ပေးတယ်။ ရန်လည်းဖြစ်ကော ။ Password ကပါသွားရော။ ချစ်သူကိုလည်း မပေးမိပါစေနဲ့။ အကယ်လိုကွဲရင် သူက ကိုယ့်ရဲ့ Password ကိုပြောင်းပြီးသားဖြစ်နေမယ်ကွယ်။


Password ကိုရှည်ပြီး အလွယ်တကူခိုးလို့မရအောင်ပေးပါ!



အရင်တုန်းက Google က ၆အထိအများဆုံးပေးပါတယ်။ ခုတော့ ၈လုံးမှ ၁၆လုံးအကြားထားရင်ပိုကောင်းတာပေါ့။ ရှည်လေကောင်းလေပဲ။ နံပါတ်တို့၊ အင်္ဂလိပ်စာလုံးအကြီး အသေး ရောထည့်ပြီး !@#$%^&*()~|+_=?/., လေးတွေ ထဲမှ အဲ့ဒါတွေထည့်ပေးရင်ပိုကောင်းမယ်။ ရှုပ်ထွေးလွန်းတာမပေးနဲ့ ခင်ဗျားတို့မေ့သွားလိမ့်မယ်။ အလွန်ရှည်တာလည်းမပေးနဲ့။ တော်ရုံလောက်ပဲကောင်းမယ်ဗျာ။

Password တူအောင်ပေးသင့်၊ မသင့်



Password က Gtalk ပထမအကောင့်မှာ $@u7YuZ!\*& လို့ပေးရင် နောက်အကောင့်မှာ ဒီလိုမျိုးထပ်မပေးပါနဲ့။ Facebook မှာ အဲ့လိုတူတာပေးရင် ဟက်ရတော်တော်လွယ်လွန်းလှလို့ပါ။ တခြားဆိုဒ်မှာလည်း တူတူမပေးပါနဲ့။ မတူအောင်ပေးပါ။ လွယ်လွန်းတာကို အထူးမပေးရ။


Password ကိုလွယ်လွယ်မပေးပါနဲ့။



မိမိ၏နာမည်မထည့်နဲ့။ ဘယ်ခုနှစ်မွေးလဲဆိုတာမထည့်နဲ့။ ဒါတွေထည့်ရင် ပိုပြီး Dictionary တို့ Brute တို့နဲ့ အချိန်ပေးပြီး တိုက်စစ်ရတာလွယ်ပါတယ်။ ဖုန်းနံပါတ်တွေလည်းမထည့်ပါနဲ့။ ပစ်စလက်ခတ်မလုပ်နဲ့။ အိမ်နံပါတ်ကတော့ နည်းနည်းတော်ပါသေးတယ်။


Security Questions ကိုလွယ်လွယ်ထားသင့်/မသင့်



Security Questions တောင် နံပါတ် ၁လုံးပဲမထားပါနဲ့။ ဟက်ရတဲ့သူလွယ်နေမှာပေါ့။ တချို့ဆိုရင် What is your name? ဆိုပြီး အကောင့်ဖွင့်ပေးတဲ့သူက အဲ့လိုတပ်ပေးထားပါတယ်။ နာမည်သိနေတဲ့ သူကတော့ ထည့်ချလိုက်ပြီး Password ပေးရင် ဂန့်သွားပါမယ်။ Security Question မထားတဲ့သူတွေလည်း ရှိပါတယ်။ ထားတာကောင်းတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။


Phone number ထားသင့်/မထားသင့်



တကယ်တော့ ထားသင့်ပါတယ်။ အလိမ်မပေးသင့်ပါဘူး။ ကျွန်တော်တို့ မြန်မာ ကိုယ်ပိုင် Mobile Phone မရှိတဲ့သူကတော့ ရှုပ်မှာပဲဟာ။ ဒါကြောင့် နိုင်ငံခြားက မိတ်ဆွေရဲ့ အကူအညီနဲ့လုပ်တာကိုတွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ ရေရှည်မခံပါဘူး။ မြန်မာမှာ Google က SMS မရပေမယ့် ၊ ဖုန်းcallရမယ်။ Lock ကျသွားရင် အဲ့ဖုန်းကလိုကိုလိုပါတယ်။ ပြီးတော့ Password အခိုးခံရရင် ခြေရာအလွယ်ဆုံးပြန်ခံတဲ့နည်းပါ။ ဖုန်းနံပါတ်ရှိရင် Security Question တောင်သိပ်မလို တော့ဘူး။ ရိုးရိုးသားသားပဲလုပ်ပါ။

Security Question မေ့နေတယ်ဗျာ။ ဖုန်းနံပါတ်လည်းမထည့်ထားဘူး။ ဘယ်လိုပြန်ရတော့မလဲ???



တချို့ Secondary E-mail ရှိပါတယ်။ မရှိတဲ့သူတွေကတော့ Identify your account ကို click ပြီး မေးခွန်းတွေဖြေပါ။ ၈၂% မှန်ရင်ပြန်ရတတ်လေ့ရှိပါတယ်။ ကျွန်တော်မေ့တုန်းကလည်း ဒီနည်းပဲသုံးခဲ့တာ့ပါ။ အဲ့ထက်အောက်ရင် ပြန်ရဖို့နည်းနည်းခက်ပြီ။ ကိုယ်သိဖို့လိုတာက ကိုယ့်အကောင့် ဘယ်တုန်းကလုပ်တယ်။ ကိုယ့်အကောင့်နဲ့ပတ်သက်တာသိရမယ်။ နောက်ဆုံး Password ၃လုံးကို သေချာပြန်စဉ်းစားပါ။


စာအုပ်ထဲမှာ Password မှတ်သူများအတွက် အထူးသတိပြု!



တချို့မှတ်ဥာဏ် သိပ်မကောင်းတဲ့သူတွေ၊ ကွန်ပျူတာစကိုင်တဲ့သူတွေ၊ မှတ်ရမှာ ပျင်းတဲ့သူတွေအတွက် အထူးရှုပ်လှစရာပါ။ ကိုယ်ထွင်တဲ့အကောင့်နဲ့ password ကိုမှတ်မိဖို့လိုပါတယ်။ အကယ်လို့ တစ်စုံတစ်ခုဖြစ်ပြီး စာအုပ်ပျောက်ရင် ရင်ပူစရာပဲ။ တကယ်လည်း အဖြစ်အပျက်ရှိဖူးတယ်။ ကျွန်တော့်ဆရာမ သူ့ account နဲ့ password ကို အမြဲ စာအုပ်ထဲမှာမှတ်ထားပါတယ်။ အဲ့စာအုပ်က လက်ကမြင်းတဲ့ ကျောင်းသားတစ်ယောက်ဆီရောက်တော့ သူကလူလည်ကျပြီး အကောင့်ကို ကလော်သွားတယ်ဆိုပဲ။ တကယ်မလွယ်ပါလား။။။။။ ပြီးတော့ Password သတိရပြီး အကောင့်လည်းမမေ့ကြနဲ့ဦးနော်။


Spammers တွေကို သတိထားပါ!



၂၀၀၄တုန်းက အဖြစ်အပျက်တစ်ခုကို ကိုးကားပြီးပဲတင်ပေးမယ်ဗျာ။ အရင်တုန်းက Security ဆိုတာ အားနည်းသလောက်ပါပဲ။ မေးလ်တစ်ခုဝင်လာပါတယ်။ 
ခင်ဗျားဟက်တတ်ချင်ရင် အကောင့်နဲ့Password ပေးပါ။ ပြီးတော့ victim e-mail address ပေးပါတဲ့။ ရက်ပေါင်း ၁၅၀ ကြာမည်။ အရင်တောင်းဆိုသူကို Password အရင်ပေးမည်။ ခုပဲလုပ်လိုက်ပါတဲ့။
ဒါကိုပဲကျွန်တော် ဘာသာပြန်ထားတာပါ။ လောဘနဲ့ယုံတဲ့သူကတော့ ခံကြရတာပေါ့။ ကိုယ့်အကောင့်ပဲ အဖတ်တင်တာ။ စောင့်ရတာလည်း အဖတ်တင်တယ်။ victim ကိုလည်းမရတဲ့အပြင် လောဘက ကိုယ့်ကိုလိုက်ဖျက်နေတာပဲ။ ဟာသလေးပဲတဲ့။ ဟီး။ တကယ်ရယ်ရတာဗျာ။


Hacking Software ကိုလည်းရောင်းတယ်တဲ့၊ ကိုယ်တော်ရေ။



Hacking Software တဲ့။ လူတိုင်းကြားရင် ဟက်ချင်ကြမှာပဲ။ ၀ယ်လည်းဝယ်ချင်မှာပဲ ငွေပေါတဲ့ သူဌေးနလပိန်းတုန်းနဲ့တော့ အံကိုက်ပါပဲ။ ကျွန်တော်လည်းအပါအ၀င် အရင်တုန်းက လုပ်ဖူးချင်တာပဲဗျ။ victim အကောင့်မှာ ရန်သူ့အကောင့်ဆော်ပြီး Loading လေးစောင့်နေတာ။ ဟာ့ဗျာ။ အဲ့ဒါ အဖတ်ပဲတင်တာ၊ ဘာမှမကောင်းဘူး။ စက်တွေဟမ်းပြီး၊ Trojan၊ Virus တွေ။ တခြားစက်ကနေ ထိန်းချုပ်တာ ခံရပြီပေါ့။ ရောင်းတာလည်း အလိမ်ပါပဲ။ ငွေအတွက်နဲ့ လူကိုမလေးစားပါဘူးဗျာ။


Secondary E-mail address???



ကဲကဲ။ Secondary E-mail address ကတော့ ကိုယ့် အီးမေးလ်တောင်မလုံခြုံရပါဘူး။ အင်တာနက်ဆိုင်က အရင်က ၅၀၀ကျပ်ပေးပြီးလုပ်ပေးတယ်ဆိုပဲ။ Google ပိုင်ရှင်ကတော့ free ပေးသေးတာ။ ဒါပေမယ့် အဲ့လိုလုပ်တာ ရေရှည်မကောင်းဘူး။ ဘာလို့လဲဆိုတော့ Recovery နည်းနဲ့ Password အသစ်တွေ၊ အချက်အလက်တွေအပြောင်းခံရမှာ စိုးရိမ်လို့ပဲ။


Gmail ဖွင့်ရင်ဘယ်လိုသိထားသင့်လဲ?



သင် gmail အကောင့်နဲ့ password ထည့်ပြီး Sign in ကို click တယ်ဆိုပါတော့ ထုံစံပြတာက Do you want to remember your password? ဆိုရင် Never လုပ်ပါလို့အကြံပေးချင်ပါတယ်။ Not now! ဆိုလည်းရပါတယ်။


သုံးသင့်သော Browser...


မိမိသုံးသင့်တဲ့ Browser က Security မြင့်မားပြီး နောက်ဆုံးပေါ်တဲ့ browser သုံးပါ။ gmail ဖွင့်ဖို့အတွက်ပေါ့။ Mozilla Firefox , Opera , Google Chrome တို့ပေါ့။ အမြဲတမ်း update လုပ်နေတဲ့ browser လေးတွေပါ။ Internet Explorer ကတောင် အမြင့်ဆုံး version ရပြီးတောင် security မခြုံပါဘူး။ Flock လည်းမသုံးပါနဲ့(Discontinued) ဖြစ်ထားလို့ပါ။


Protect လုပ်မလား? Recovery လုပ်မလား? သေချာစဉ်းစား..

 

မိမိအကောင့်ကို Protect လုပ်တာကပိုကောင်းပါတယ်။ Recovery ကပြန်ရဖို့ခက်မယ်ဗျာ။ ဒါကြောင့် ဟက်ကာတွေ လက်ထဲကိုမပါစေနဲ့။ ပါရင် ပြန်ရဖို့ မလွယ်ဘူးတာမှတ်။ လည်တယ်ကောင်ကတော့ အကုန်မွှေမှာပဲ။ သိပ်မကျွမ်းတဲ့ဟက်ကာကနဲ့တွေ့ရင်တော့ ပြန်ရနိုင်မယ်။ ဒါကြောင့်ကံပေါ်မှာ မူတည်တယ်။ ပြီးတော့ ကိုယ့်အကောင့်အကြောင်းနည်းနည်းသိဖို့လိုပါမယ်(အကြမ်းဖျင်း)။


ကိုယ်ရံတော်ကောင်းကြီးဖြစ်ပါစေခင်ဗျားးး။

P.S.: ကျွန်တော်က ဟက်ကာမဟုတ်ပါ။ ခင်ဗျားတို့ဟက်ကာလာဟက်ရင်လည်း ဘုမသိဘမသိတော့တကယ်ခံရမှာပဲလေ။ ဒီလို ခန့်မှန်းမှုလေးနဲ့ပါ။ ဆရာဟက်ကာကြီးတွေကို မထိခိုက်စေချင်ပါဘူး။



ကျွန်တော်အားမှဆက်ရေးမယ်။ ဒီမှာရပ်လိုက်မယ်။ Pyae Phyo ဘာညာကွိကွ (MM Tech News)

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။