MPT က ၂၀၁၃ ခုနှစ်မှစပြီး မိုဘိုင်း Internet ကြေးကို အင်တာနက် Data
သုံးစွဲနှုန်းနဲ့ ကောက်ခံတော့မှာဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ မှာ
အဲဒီစနစ်သစ်နဲ့ စတင် ကောက်ခံဖို့လုပ်ခဲ့ပေမယ့် 100 KB ကို ၁
ကျပ်နဲ့ကောက်ခံမည်ဟု ကြေညာလိုက်ရာ ဈေးနှုန်းကြီးမြင့်ခြင်း အများပြည်သူက
လက်မခံ သောကြောင့် အချိန်တစ်လ ရွှေ့ဆိုင်းခဲ့ရပါသည်။
ထိုစဉ်ကြ
မန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြည်သူများ ယခင်ထက် ပိုမို သက်သာသော အင်တာနက်
ဈေးနှုန်း လုပ်ပေးလို၍ဖြစ်သည် ဟုဆိုထားခြင်းကြောင့် အများပြည်သူများ
တောင်းဆိုသင့်သော မိုဘိုင်း အင်တာနက်ကြေးမှာ 1 MB လျှင် ၁ ကျပ် ဖြစ်ပါသည်။
1 MB လျှင် ၁ ကျပ်နှုန်းဖြင့်သာကောက်ခံမည်ဆိုပါက ပြည်သူရော
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရော နှစ်ဦးနှစ်ဘက်မျှတ မည်ဟု ထင်ပါသည်။
မြန်မာ့ ဆက်သွယ်ရေးမှ ကောက်ခံ သင့်သောနှုန်းထား
1 MB - ၁ ကျပ်
10 MB - ၁၀ကျပ်
1 GB -၁၀၂၄ ကျပ်
အထက်ပါ ဈေးနှုန်းမှာ လူနေမှုအလွှာ ပေါင်းစုံမှ မြန်မာပြည်သူများ
သုံးစွဲနိုင်ရန်အတွက် အသင့်တော်ဆုံး ကောက်ခံသင့်သော
ဈေးနှုန်းဖြစ်ပါ၍ Data သုံးစွဲနှုန်း 1 MB လျှင် ၁ကျပ်နှုန်းဖြင့် ကောက်ခံသင့်ပါသည်။
မြန်မာပြည်သူများမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ 1MB လျှင်
၁ကျပ်နှုန်းဖြင့် ကောက်ခံရန်ဝိုင်းဝန်း တောင်းဆိုကြဖို့
တိုက်တွန်းလိုက်ရပါတယ်။
(မိုဘိုင်းအင်တာနက် ဈေးနှုန်းများ သက်သက်သာသာနှင့်သုံးစွဲကြဖို့ ၀ိုင်းဝန်း
တောင်းဆိုရန် ယခုပို့စ်ကို share ပေးကြရန် လိုအပ်ပါသည်)
0 comments:
Post a Comment
ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။