ပိုစ့်မရေးတာ ၂ပတ်နီးနီးရှိနေပါပြီ။ ခုတော့ Windows 8 ရဲ့ဆန်းကြယ်တဲ့ လျို့ဝှက်ချက်တွေ ကိုပြောပြမှာဖြစ်ပါတယ်။ ကဲ။ Windows 7 က Menu တွေရဲ့ပုံစံကို Windows 8 မှာပုံစံကူးမယ်။ လုပ်နည်းကတော့ Registry သုံးရုံပဲ။
ပုံစံအသစ်ကတော့ လှပေမယ့် တချို့ကိုင်လို့ နေသားမကျသေးတဲ့သူတွေရှိပါသေးတယ်။ Windows 7 ပုံစံကို ထားချင်ရင် အလွယ်နည်းကတော့---
Start ကို ကလစ်ပါ။ ပြီးတော့ Search ကိုကလစ်ပါ။
ပြီးတော့ regedit icon လေးကို ကလစ်ပါ။
ခဏစောင့်ပါ။ ပြီးတော့ ဒီလိုပုံပေါ်လာပါလိမ့်မယ်။ စိတ်မပူပါနဲ့။ Yes လို့ပေးလိုက်ပါ။
Registry Editor ပွင့်လာပါပြီ။ မမြင်ဖူးလို့ဆိုပြီး တရေးမော့ကြည့်မနေနဲ့။ အောက်က ပြတဲ့အတိုင်း လုပ်ဆောင်ပါ။ အနီရောင်နဲ့ပြထားတယ်နော်။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပါစေ။
အပေRPEnabled ကို ကလစ်နှစ်ချက်ပေးပါ။
Edit DWORD (32-bit) Value ကြီးပွင့်လာပါလိမ့်မယ်။ Value Data : ရဲ့အောက်မှာ 1 တွေ့မယ်။ မတွေ့လည်း အောက်ပုံတွေကို ကလစ်လိုက်။
1 ကိုဖျက်ပြီးတော့ 0 လို့ပြောင်းလိုက်ပါ။ OK ကိုကလစ်ပြီး Registry Editor ကို ပိတ်လိုက်ပါ။
အဆင်ပြေပြီထင်နေတာ။ အမှန်တော့ အောက်ကပုံကိုကြည့်လိုက်။ ကိုးရို့ကားယားကြီးပဲ။ မပူပါနဲ့။ အဲ့ဒါကို ဖြေရှင်းလို့ရတဲ့နည်းပြောမယ်။
လူပြိန်းနည်းပါပဲ။ Restart ချလိုက်ပါ။ ပြီးတာနဲ့ အောက်ကပုံကိုကြည့်ပါ။ Windows 7 start menu နဲ့ လုံးဝတူသွားပါပြီ။
Windows 7 ကဟာလို အကောင်းပတိတိုင်း ရပါလိမ့်မယ်။
အဆင်ပြေပါစေ။ ကျွန်တော်က တတ်လို့ ၊ တော်လို့မဟုတ်ပါ။ လေ့လာနေဆဲဖြစ်ပါတယ်။
YGNBlogger
0 comments:
Post a Comment
ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။