Sunday 10 February 2013

စွမ်းဆောင်ရည် မြင့်မားသည့် Archos 97 Titanium HD အမျိုးအစား TABLET

http://pyae-phyo.blogspot.com

Archos 97 Titanium HD Tablet အမျိုးအစားသည် နောက်ဆုံး ထုတ်လုပ်လိုက်သည့် Tablet အမျိုးအစား ဖြစ်သည်။
9.7 လက်မ အရွယ်အစား ရှိသည့် ယင်း Tablet ၏ ကိုယ်ထည်ကို Aluminium သတ္တု အပြောင်စားဖြင့် ပြုလုပ်ထားရှိပြီး OS တွင် window 4.1 ဗားရှင်း အမျိုးအစားကို အသုံးပြုထားသည်။

HD Videos နှင့် ဓာတ်ပုံများ အကောင်းဆုံး ရုပ်သံကြည်လင်မှု ရရှိစေရန် အတွက် (2048 x 1536) Resolution နှင့် IPS Panel ကို အသုံးပေးထားသောကြောင့် iPad ပုံစံမျိုးလည်း ဖြစ်သည်။ RAM တွင်လည်း 1 GB အထိ တပ်ဆင်ပေးထားပြီး internal Memory ကို 8 GB အထိ ထည့်သွင်း ပေးထားကာ Card Slot တွင် Micro SD ကို 64 GB အထိ တိုးမြင့်နိုင်မည် ဖြစ်သည်။ ယင်း Tablet တွင်ပါရှိသော Camera တွင်လည်း Rear Camera မှာ 5 Migapixel နှင့် Front Camera တွင် 2 Migapixel တပ်ဆင်ပေးထားသည်။ အဆိုပါ Archos 97 Titanium HD Tablet အမျိုးအစားကို အမေရိကန် ဒေါ်လာ ၂၄၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

Sources; CNET

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။