Friday 8 February 2013

Mozilla ကုမ္ပဏီက ၂၀၁၂ အယုံအကြည်ရဆုံးကုမ္ပဏီတစ်ခုဖြစ်ခဲ့

http://pyae-phyo.blogspot.com
Mozilla ကုမ္ပဏီက ၂၀၁၂ အယုံအကြည်ရဆုံးကုမ္ပဏီတစ်ခုဖြစ်ခဲ့တာဆိုပဲ။ ကျွန်တော်တို့ ခုကိုင်တဲ့ စိတ်အချရဆုံး၊ အယုံအကြည်ရဆုံးဆိုတဲ့ Mozilla ဟာ ယမန်နှစ်တုန်းကမှ Trusted Company အဖြစ်ရာထူးအတိုးခံရပါတယ်။ Mozilla ကကျွန်တော်တို့ကိုင်နေတဲ့ Firefox(လူအသုံးများ) ၊ Thunderbirds(လူအသုံးနည်း) တဲ့အရာလေးတွေပါ။

US(အမေရိကန်) မှာ Mozilla သုံးဆွဲသူတစ်သိန်း ကိုမေးမြန်းခဲ့ပါတယ် ရလဒ်ကတော့ Mozilla ကကောင်းတယ်ဆိုပဲဗျာ။ သုံးဆွဲသူများတဲ့ Mozilla ဟာ နာမည်အကြီးဆုံးစရင်းထဲမှာဝင်နေပါတယ်။ အကျော်အကြားဆုံးကုမ္ပဏီ အခု၂၀အနက် Mozilla ဟာပါဝင်နေပါတယ်။ အင်တာနက်၊ ဆိုရှယ်နက်ဝေါ့ကင်းတို့မှာ နာမည်ထိပ်တန်းဖြစ်နေဆဲပါ။

Mozilla ဟာလုံခြုံရေး၊ ဒီဇိုင်း၊ စီစဉ်ရာမှာ တော်နေကြတာဖြစ်ပါတယ်။ အောင်မြင်ရတဲ့အကြောင်းအရင်းကတော့ လူကိုင်များတာနဲ့၊ အကူအညီတွေများများပြားပြားရနေတာဖြစ်ပါတယ်။ ဆန်းကျယ်တဲ့လျို့ဝှက်ချက်ကတော့ Security မြင့်မားရေးနဲ့ သုံးလို့ကောင်းတာဖြစ်ပါတယ်။

အွန်လိုင်းဆားဗစ်မှာလည်း Mozilla ဟာကောင်းတယ်လို့ဆိုထားပါတယ်။ "ကျွန်တော်တို့ Mozilla ကိုတိုးတက်အောင်လုပ်နေသလို၊ လူတွေစိတ်ချယုံကြည့်စွာသုံးရတဲ့ Mozilla products ဖြစ်အောင်လုပ်နေအုံးမှာပါ" လို့ Mozilla ကို လုပ်ကိုင်နေသူတစ်ဦးကဆိုပါတယ်။ Mozilla က သုံးစွဲသူယုံကြည်ပြီး အဆင်ပြေပြီးတော့ သုံးစွဲသူအကြိုက်ဖြစ်နေပါတယ်။

ref : blog.mozilla.org
Pyae Phyo (Bar Nyar Kwi Kwa)

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။