Saturday 2 February 2013

စကားထပ်ခါပြန်ပြောတဲ့စက် [HTML Codes-1]

http://pyae-phyo.blogspot.com
ကဲဗျာ။ ကျွန်တော် ကစားတဲ့ html code လေးအကြောင်းပြောပါမယ်။ ဒီနေ့ပဲကစားတာပါ။ တခြားနေ့တွေက လုံးပန်းတယ်ဆိုတော့ ပိုစ့်တောင်မရေးဖြစ်ဘူးပေါ့။ လွယ်လွယ်လေးပဲ။ ထမင်းစားရေသောက်ပေါ့။ ကျွန်တော်က HTML ကိုနားလည်တဲ့ဆရာကြီးမဟုတ်ပါဘူး။ ဆော့ရုံလေးတင်ပါပဲ။

ခင်ဗျားတို့အတွက် ဆော့စရာလေးပါ။ Notepad ကိုဖွင့်လိုက်ပါ။ မဖွင့်တတ်ရင် Start >> Programs >> Accessories >> Notepad ဆိုတဲ့ အပြာရောင်စာအုပ်လေးပေါ့(Windows XP ကိုင်တဲ့သူတွေဖွင့်ဖို့)။ ဒါပေမယ့် ကျွန်တော် Windows 7 အကြောင်းကို သိပ်နားမလည်ပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာ ကိုယ်ရှာကြည့်ပါ။ Notepad မှာ အောက်ပါ ကျွန်တော်ပေးတဲ့ HTML Code ကိုကူးပြီးတော့ yourownprompt.html လို့ပေးပြီး save လိုက်ပါ။ ပြီးရင် Mozilla Firefox မှာဖွင့်ကြည့်ပါ။ ဖွင့်ပြီးတော့ Box လေးထဲမှာ ခင်ဗျားရေးချင်တာရေး ပြီးရင် Say it! ကို click လိုက်။ Alert box လေးပေါ်လာမယ်။

<CENTER><FORM>
<TEXTAREA NAME="text" ROWS="3" COLS="30"></TEXTAREA><p>
<INPUT Type="button" VALUE="Say it!" onClick="alert(this.form.text.value)"> <INPUT Type="reset" NAME="cancel" VALUE="Clear Prompt"></FORM></CENTER><P>

အစိမ်းရောင်လေးနဲ့ရေးထားတဲ့ code လေးကိုကူးပြီး ကျွန်တော်ပြောတဲ့အတိုင်းဆောင်ရွက်ပါ။

အဆင်ပြေပါစေ။ အဆင်မပြေက အောက်ပါ comment box မှာမေးမြန်းပါ။ တွေ့ရင်ဖြေပေးမယ်။ Pyae Phyo ဘာညာကွိကွ

0 comments:

Post a Comment

ဒီပိုစ့်ကိုနားမလည်လို့မေးမြန်းမလား? စမ်းကြည့်တာအဆင်မပြေလို့ မေးမြန်းမလား? ဒီပိုစ့်နဲကမဆက်စပ်တဲ့ တခြားနည်းပညာတွေကိုမေးမြန်းမလား? [Click Here] ကို သွားရန်မေးမြန်းပါ။